Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

နိုဝင်ဘာ ၂၉၊ အားကစားသတင်း စုစည်းမှု

$
0
0

နိုဝင်ဘာ ၂၉၊ ၂၀၁၃
M-Media

344929_heroa

- စပိန်အသင်းနည်းပြဖြစ်သူ ဒဲလ်ဘော့စကေးက အသင်း၏ လက်ရှိစွမ်းရည်ကို ယုံကြည်မှုရှိနေသော်လည်း အသင်းရှိ ကစားသမားများမှာ စိတ်ကြီးဝင်မှုမရှိဘဲ မိမိကိုယ်ကို နှိမ့်ချရမည်ဟု သတိပေးပြောဆိုလိုက်သည်။ စပိန်အသင်းမှာ နောက်ဆုံးကစားခဲ့သည့် တောင်အာဖရိကနှင် ခြေစမ်းပွဲတွင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒဲလ်ဘော့စကေးက ထိုခြေစွမ်းကို ရောင့်ရဲ့ကျေနပ်နေ၍မဖြစ်ဘဲ လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ချန်ပီယံဘွဲ့ကို ကာကွယ်ရန် ပြင်ဆင်ရမည်ဟု အသင်းသားများအား ဆက်လက်တိုက်တွန်းခဲ့သည်။

- တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် ဘာစီလိုနာအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီမှာ ၎င်း၏ဒဏ်ရာအားကုသရန် အာဂျင်တီးနားသို့ သွားရောက်မည်ဟု သိရသည်။ မက်ဆီမှာ နိုဝင်ဘာ ၁၀ ရက်နေ့က ကစားခဲ့သည့် ဘက်တစ်နှင့်ပွဲတွင် ထိုဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၆ ပတ်မှ ၈ ပတ်အထိ အနားယူရမည်ဖြစ်သည်။

- အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ အာဆင်ဝင်းဂါးက အသင်းရှိ ဂိုးသမား ရှက်ဇက်နီမှာ အသင်း၏ အနာဂတ်အတွင် အရေးပါသော ကစားသမားဖြစ်လာကာ အသင်းဂန္တ၀င်ကစားသမား ဖြစ်လာနိုင်သည်ဟု ပြောကြားလိုက်သည်။ ပိုလန်လက်ရွေးစင် ကစားသမားဖြစ်သူ ရှက်ဇက်နီမှာ ယမန်နှစ်က ကြမ်းတမ်းသောအချိန်များကို ဖြတ်သန်းခဲ့ရပြီး ပထမဦးစားပေးကစားသမားအဖြစ်မှပင် အနားပေးခြင်းခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် အသင်းအတွက် ပုံမှန်လက်စွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပွဲ ၅၀ မြောက် ဂိုးမပေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် အသက် ၂၃ နှစ်သာ ရှိသေးသည့် ရှက်ဇက်နီထံမှ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များကို ရရှိရန် ၀င်းဂါးက မျှော်လင့်နေသည်။

- ၂၀၁၁ ခုနှစ်က ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန် အသင်းမှထွက်ခွာသွားသည့် ဖာဘရီဂတ်ကို မြင်ရချိန်၌ ၀မ်းနည်းမိသည်ဟု အာဆင်နယ်အသင်း၏ အင်္ဂလန်ကွင်းလယ်ကစာသမား ဂျက်ဝီလ်ရှိုင်းယားက Google Hangout မှတစ်ဆင့် ပရိတ်သတ်များအား ပြောကြားခဲ့သည်။

- ရိုမားအသင်းတွင် ပုံမှန်ပါဝင်ခွင့်မရသောကြောင့် အာဂျင်တီးနားအသင်းနှင့် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ပါဝင်ကစားခွင့်ရရန် အသင်းမှ ထွက်ခွာနိုင်သည်ဟု ရိုမားအသင်း၏ နောက်ခံလူ နီကိုလက်စ် ဘာဒစ်ဆိုက ပြောကြားခဲ့သည်။ ယခင်အင်တာကစားသမားဟောင်းဖြစ်သူ ဘာဒစ်ဆိုမှာ ယခုနှစ်တွင် ရိုးမားအသင်းနှင့် ၃ ပွဲသာ ပွဲထွက် ကစားခွင့် ရထားပြီး၊ နိုင်ငံအသင်းတွင် ပါဝင်မကစားရသည်မှာ ၂ နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။

- ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် အသင်းကြီးများဖြစ်ကြသည့် ဘာစီလိုနာနှင့် ရီယဲလ်မက်ဒရစ်အသင်းများက မိမိအသင်းအား ရှောင်ရှားချင်လိမ့်မည်ဟု မန်စီတီးအသင်း နည်းပြဖြစ်သူ ပယ်လီဂရီနီက ပြောကြားခဲ့သည်။ မန်စီးအသင်းမှာ အုပ်စုတွင် ဘိုင်ယမန်မြူးနစ်နောက် အုပ်စုဒုတိယနေရာသာ ရရှိရန် အခြေအနေရှိနေသောကြောင့် နောက်တစ်ဆင့်တွင် အသင်းကြီးများနှင့် တွေ့ဆုံရဖွယ်ရှိနေသည်။ သို့သော်လည်း မိမိတို့အနေဖြင့် တောင့်တင်းသော လူစာရင်းရှိသည့်အတွက် မည်သည့်အသင်းကိုမျှ ကြောက်ရွံ့နေမည်မဟုတ်ဟု ပယ်လီဂရီနီက ထပ်လောင်းပြောကြားခဲ့သည်။

- ဘိုင်ယန်မြူးနစ်အသင်းက မိမိအားခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း မိမိအနေဖြင့် အသင်းတွင်ဆက်ရှိနေကာ အသင်းအတွက် ဆုဖလားများရရှိရန် တိုင်ပွဲဝင် ပေးချင်သည်ဟု ဖီအိုရင်တီးနားအသင်း၏ အလယ်တန်းလူ ဂျူအန် ကော်ဒရာဒိုက ထုတ်ဖော်ပြောဆိုလိုက်သည်။ အသက် ၂၅ နှစ်အရွယ်ရှိသည့် ကိုလံဘီယာ ကစားသမား ကော်ဒရာဒိုက ဖီအိုရင်တီးနားအသင်းတွင်ဆက်နေကာ စွမ်းဆောင်ရည်များ မိုမိုတိုးတက်အောင် ဆက်လက်ကြိုးစားသွားမည်ဟု ထပ်လောင်းပြောကြား ခဲ့သည်။

- ကမ္ဘာပေါ်ရှိမည်သည့်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းနှင့် အဆင့်တူခြင်းမရှိဘဲ၊ ယခုနှစ်တွင် အသင်းနှင့် ဆုတံဆိပ်မျာကို ရယူရန် ဆုံးဖြတ်ထားသည်ဟု ရီးယဲလ် အသင်း၏ ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ်ကပြောဆိုလိုက်သည်။ ဂါရက်ဘေးလ်မှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်အသင်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ရာသီအစတွင် ခြေစွမ်းမပြနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အသင်းအတွက် ဂိုးများသွင်းယူလာနိုင်သူဖြစ်သည်။


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...