Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရန် ပြည်သူများ အကြီးအကျယ် ဆန္ဒပြ

$
0
0

နိုဝင်ဘာ ၁၂၊ ၂၀၁၆
M-Media

korea-2

– ပြဿနာများနှင့် ရင်ဆိုင်နေရသည့် သမ္မတပတ်ဂျုံဟေး ချက်ခြင်းနှုတ်ထွက်ပေးရန်အတွက် တောင်ကိုရီးယားပြည်သူ သိန်းပေါင်းများစွာမှာ ယနေ့တွင် လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြပြီး ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုလည်းဖြစ်သည်။

သမ္မတမှာ မိတ်ဆွေ ချိုဆွန်ဆီလ်အား နိုင်ငံ့ရေးရာများတွင် ၀င်ရောက်စွက်ဖက်ခွင့်ပေးကာ၊ ထိုအမျိုးသမီးကလည်း ၎င်းနှင့် နီးစပ်မှုကို အလွဲသုံးစားလုပ်ခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားပြည်သူများက ပတ်ဂျုံဟေးအပေါ် မကျေမနပ်ဖြစ်လာခဲ့သည်။

ပတ်နှင့် ချိုတို့ နှစ်ဦးစလုံးမှာ ၎င်းတို့၏ လုပ်ရပ်များအတွက် တောင်းပန်ခဲ့သော်လည်း ပြည်သူများက မကျေနပ်ဘဲ ယနေ့ဆန္ဒပြမှုမှာ တစ်ပတ်အတွင်း တတိယမြောက် ဆန္ဒပြမှုလည်းဖြစ်သည်။

ရဲတပ်ဖွဲ့ကမူ ဆန္ဒပြမှုတွင် လူ ၂ သိန်းနီးပါး ပါဝင်ပြီး မိမိတို့တပ်ဖွဲ့ဝင် ၂၅၀၀၀ ကို တပ်ဖြန့်ချထားသည်ဟု ပြောကြားခဲ့သော်လည်း စီစဉ်သူများကမူ ၅ သိန်းမှ တစ်သန်းကြားရှိသည်ဟု ဆိုသည်။

ဆိုးလ်မြို့တွင်ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြပွဲသို့ အနယ်နယ်အရပ်မှ ဘတ်စ်ကားများ၊ ရထားများနှင့် လာရောက်ပါဝင်ခဲ့ကြပြီး ဆန္ဒပြသူ ၁၀၀၀ ပါဝင်သည့် အုပ်စုတစ်ခုမှာမူ နာမည်ကျော် ဂျယ်ဂျူးကျွန်းမှ စင်းလုံးလေယာဉ်ဖြင့် လာရောက်ပါဝင်ခဲ့ကြသည်။

ကျောင်းသားများ၊ ကက်သလစ်သီလရှင်များ၊ အလုပ်သမားများ၊ လယ်ာသမားများ၊ ပင်စင်စားများ၊ လူငယ်များ စသဖြင့် လူတန်းစားပေါင်းစုံ ပါဝင်သည့် အဆိုပါ လူအုပ်ကြီးမှာ သမ္မတနှုတ်ထွက်ပေးရန် တိုက်တွန်းသည့် ဆိုင်းဘုတ်များ ကိုင်ဆောင် နှုတ်မှလည်း သမ္မတ နှုတ်ထွက်ရေး ကျွေးကြော်ခဲ့ကြသည်။

ညနေပိုင်းတွင်မူ အဆိုပါ ဆန္ဒပြလူအုပ်စုကြီးမှာ ဖယောင်းတိုင်မီးများထွန်းကာ သမ္မတအိမ်တော်သို့ ချီတက်ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကမူ လမ်းများကို ပိတ်ဆို့ထားလိုက်ပြီး ဆန္ဒပြသူများကလည်း ရဲတပ်ဖွဲ့ လမ်းကြောင်းကန့်သတ်မှုကို လိုက်နာမည်ဟု ပြောကြားခဲ့သည်။

Ref: Channelnewsasia



The post တောင်ကိုရီးယားသမ္မတ နှုတ်ထွက်ရန် ပြည်သူများ အကြီးအကျယ် ဆန္ဒပြ appeared first on News @ M-Media.


Viewing all articles
Browse latest Browse all 15237

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား