Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15246

အာဏာရပါတီကို ဖြုတ်ချရေး အတိုက်အခံများ ညီညွတ်ရန် မဟာသီ တိုက်တွန်း

$
0
0

နိုဝင်ဘာ ၁၃၊ ၂၀၁၆
M-Media

mahar

– ခြစားမှုများရှိသည်ဟု နာမည်ထွက်နေသည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်၏ Barisan Nasional အစိုးရအား ဖြုတ်ချရန်အတွက် ‘အတိုက်အခံများအနေဖြင့် ပါတီတစ်ခု၊ အမှတ်သင်္ကေတတစ်ခုနှင့် သဘောထားတစ်ခုတည်းအောက်တွင် ညီညွှတ်စွာ ပေါင်းစည်းရမည်’ ဟု ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ပြောကြားလိုက်သည်။

ယမန်နေ့က ကျင်းပသည့် အတိုက်အခံညွှန့်ပေါင်းအဖွဲ့ Pakatan Harapan ညီလာခံတွင် အသက် ၉၁ နှစ်အရွယ် ရှိပြီဖြစ်သည့် မဟာသီက ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း မူဟ်ယစ်ဒင် ယာစင်တို့ ပူးပေါင်းတည်ထောင်ထားသည့် ပြည်ထောင်စု တိုင်းရင်းသားများပါတီ BERSATU ကလည်း အတိုက်အခံ ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန် အဆင်သင့်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်က PAS ပါတီမှာ အငြင်းပွားဖွယ် ကိစ္စတစ်ချို့နှင့်ပတ်သက်၍ ညွန့်ပေါင်းပါတီများအကြား အခြေအတင် ဖြစ်ခဲ့ပြီးနောက် မလေးရှားအတိုက်အခံများမှာ ရုန်းကန်နေရသည်။

“အချိန်က စကားပြောသွားပါလိမ့်မယ်၊ ကျွန်တော်တို့အနေနဲ့ PAS ကို အချိန်အနည်းငယ်တော့ ပေးဖို့လိုပါတယ်။ တကယ်လို့ PAS သာ တစ်ကိုယ်တော် ၀င်ပြိုင်မယ်ဆိုရင်တော့ ရှုံးမှာပါပဲ” ဟု ဒေါက်တာမဟာသီက အဆိုပါညီလာခံ၌ ပြောကြားခဲ့သည်။

လက်ရှိတွင် မဟာသီ၏ BERSATU ပါတီနှင့် PAS တို့မှာ ဆွေးနွေးမှုများပြုလုပ်နေပြီး၊ အခြားအတိုက်အခံပါတီတစ်ခုဖြစ်သည့် ပြည်သူ့တရားရေးပါတီကလည်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စအတွက် မကြာမီ ဆုံးဖြတ်ရန် ရှိနေသည်။

မလေးရှား၏ နောက်ထပ်ရွေးကောက်ပွဲမှာ ၂၀၁၈ ခုနှစ် နှစ်လယ်တွင် ဖြစ်သော်လည်း ၀န်ကြီးချုပ် နာဂျစ်ကမူ လာမည့်နှစ် အလယ်ပိုင်းတွင် ရွေးကောက်ပွဲလုပ်ရန် ဆောင်ရွက်မည်ဟု မျှော်လင့်ရသည်။

Ref : CNA



The post အာဏာရပါတီကို ဖြုတ်ချရေး အတိုက်အခံများ ညီညွတ်ရန် မဟာသီ တိုက်တွန်း appeared first on News @ M-Media.


Viewing all articles
Browse latest Browse all 15246

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


TTA Oreo Gapp Installer


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း