Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15239

အမေရိကန်တွင် ထရမ့်ဆန့်ကျင်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ရှိလာ

$
0
0

နိုဝင်ဘာ ၁၃၊ ၂၀၁၆
M-Media

us

– အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြသူများအား ပစ်မှတ်ထားတိုက်ခိုက်မှု ရှိလာသည်ဟု သိရသည်။

ဆန္ဒပြမှုများမှာ ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲရလဒ်ထွက်ပြီးကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး စနေနေ့ကမူ နယူးယောက်နှင့် ချီကာဂိုမြို့ကြီးများတွင် လူရာပေါင်းများစွာ ဆန္ဒပြခဲ့ကာ ‘အမုန်းမရှိရင်၊ ကြောက်ရွံ့မှုလည်းမရှိ။ ပြောင်းရွှေ့အခြေချသူတွေကို ကြိုဆိုသည်’ စသည့် ကျွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

တိုက်ခိုက်မှုမှာ ပေါ့တ်လန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တံတားတွင် ထရမ့်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် တွေ့ဆုံစဉ် လူတစ်ဦးက ကားအတွင်းမှထွက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်ခံရသူကို ဆေးရုံသို့ တင်ပို့ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရချေ။

သေနတ်ဖြင့် ပစ်ခတ်သူကို ရဲတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်နေသည်။

သောကြာနေ့ကလည်း မိုင်ယာမီ၊ အတ္တလန်တာ၊ ဖီလာဒဲလ်ဖီးယား၊ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ ပေါ့တ်လန်းမြို့များတွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ထရမ့်၏ မက္ကဆီကန်များ၊ လူမည်းများ၊ အမျိုးသမီးများ၊ မွတ်စလင်များကို လူမျိုးရေးခွဲခြားစော်ကားမှုများကို ရှုတ်ခဲ့ကြသည်။

အခြားသော မြို့များတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အချို့က အမေရိကန်အလံကိုဝှေ့ယမ်းကာ၊ အချို့ကာ ‘ငါတို့သမ္မတမဟုတ်’ ဆိုသည့် ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။

Ref: Aljazeera



The post အမေရိကန်တွင် ထရမ့်ဆန့်ကျင်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ရှိလာ appeared first on News @ M-Media.


Viewing all articles
Browse latest Browse all 15239

Trending Articles