Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15239

အာဆီယံ အကြမ်းဖက်ဝါဒကာကွယ်ရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင် တက်ရောက် စာတမ်းဖတ်ကြား

$
0
0

နိုဝင်ဘာ ၁၄၊ ၂၀၁၆
M-Media

asean

– အာဆီယံဒေသအတွင်း အကြမ်းဖက် အစွန်းရောက်ဝါဒနှင့် ပဋိပက္ခ ကာကွယ်တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင် တက်ရောက် စာတမ်းဖတ်ကြားခဲ့သည်ဟု သိရသည်။

‘အဆီယံ-ကုလ အလုပ်ရုံဆွေးနွေးပွဲ : နိုင်ငံရေး-လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒေသတွင်း တွေ့ဆုံဆွေးနွေးမှု (AURED III)’ ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၇ ရက်နေ့မှ ၉ ၇က်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစိုးရအကြီးတန်းအရာရှိများ၊ အတွင်းဝန်များ၊ အဆီယံရှိ သုတေသနအသင်းများနှင့် အရက်ဖက်အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ၊ ကုလသမ္ဂမှ အကြီးတန်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင်ကို အင်ဒိုနီးရှား နိုင်ငံခြားရေး ဒုတိယ၀န်ကြီး အေ အမ် ဖာဟီရ်က အစွန်းရောက် အကြမ်းဖက်ဝါဒ တားဆီးရေးတွင် အမျိုးသမီးများ၊ လူငယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အရေးပါမှုကို အဓိကထား ထောက်ပြသည့် ဆွေးနွေးမှုကို ကုသလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး မစ္စတာ မီရိုစလက်ဗ် ဂျန်ကာ၊ အာဆီယံအဖွဲ့၏ ဒုတိယအထွေထွေအတွင်းရေမှး ဟီရူဘာလန်တို့နှင့် ပြုလုပ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

asean-2

အစ္စလာမ့်ဓမ္မဗိမာန်မှ ဦးဆောင်ဆော်သြရေးမှူးဖြစ်ပြီး မြန်မာနိုင်ငံ၏ ဘာသာပေါင်းစုံချစ်ကြည်ရေး တက်ကြွစွာ ဆောင်ရွက်နေသူ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင်ကမူ “တွေ့ဆုံဆွေးနွေးခြင်းနှင့် ပဋိပက္ခကာကွယ်ခြင်း” (Dialogue and Conflict Prevention) ခေါင်းစဉ်အောက်တွင် ပါဝင်ဆွေးနွေးခဲ့ပြီး ‘အစွန်းရောက် အကြမ်းဖက်မှု ကာကွယ်ရေးတွင် ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့အစည်းများ ပါဝင်ရမည့် အခန်းကဏ္ဍ’ ခေါင်းစဉ်ဖြင့် စာတမ်းတစ်ခုကိုလည်း ဖတ်ကြားခဲ့သည်။

အဆိုပါ AUED III ဆွေးနွေးပွဲကို ကုလသမဂ္ဂ၏ နိုင်ငံရေးဌာန၊ ကုလသမဂ္ဂ အကြမ်းဖက်ဝါဒ တိုက်ဖျက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန၊ မဟာဗျူဟာနှင့် နိုင်ငံကာရေးရာ လေ့လာမှုစင်တာ (CSIS)၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံဖောင်ဒေးရှင်းတို့က ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ အင်ဒိုနီးရှားနိုင်ငံတွင် အာဆီယံခေါင်းဆော်များနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးတို့က အတည်ပြုခဲ့သည့် ‘အာဆီယံ-ကုလ ပြည့်ဝသော မိတ်ဖက်ဖြစ်ရေး’ သဘောတူညီမှုနောက်ပိုင်း နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်း နိုင်ငံရေး-လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲလည်းဖြစ်သည်။

asean-3

Ref: unicjakarta.org

The post အာဆီယံ အကြမ်းဖက်ဝါဒကာကွယ်ရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ အလ်ဟာဂ်ျ ခလီဖွာ ဦးအေးလွင် တက်ရောက် စာတမ်းဖတ်ကြား appeared first on News @ M-Media.


Viewing all articles
Browse latest Browse all 15239

Trending Articles