Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15239

ဂျပန်လူမျိုးတစ်ဦးကို သတ်ဖြတ်ခဲ့သည့် လူ ခုနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် တရားစွဲ

$
0
0

နိုဝင်ဘာ ၁၆၊ ၂၀၁၆
M-Media

bnag-2

– ယမန်နှစ်က မတရားသင်းကြေညာထားသည့် စစ်သွေးကြွအဖွဲ့မှ အဖွဲ့ဝင်ခုနှစ်ဦးကို ဂျပန်အမျိုးသားတစ်ဦးအား သတ်ဖြစ်မှုအတွက် ဘင်္ဂလားဒေ့ရှ်တရားရုံးက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

အသတ်ခံရသူမှာ အသက် ၆၅ နှစ်အရွယ် ကူနီအို ဟိုရှီဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ရန်ပူးရ်ခရိုင်ရှိ စိုက်ခင်းစီမံကိန်းတစ်ခုသို့ သွားနေစဉ် ဆိုင်ကယ်ပေါ်မှ သေနတ်သမားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထိုအဖြစ်အပျက်မှာ ဒါကာမြို့ သံတမန်ရပ်ကွက်တွင် အီတလီ ပရဟီတသမားတစ်ဦး ထိုနည်းအတိုင်း အသတ်ခံခဲ့ရပြီးနောက် တစ်ပတ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သေနတ်သမားများမှာ ဘင်္ဂလားဒေ့ရှ် ဂျမာအာသွလ်မူဂျာဟစ်ဒင်အဖွဲ့မှဖြစ်ပြီး လူသတ်မှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခံရသူများအနက်ငါးဦးက ၎င်းတို့၌ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပြီး နောက်ထပ်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။

ဂျမာအာသွလ် မူဂျာဟစ်ဒင်အဖွဲ့မှာ IS အကြမ်းဖက်အဖွဲ့အား သစ္စာခံသည့်အဖွဲ့ဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့က ဒါကာရှိ သံတမန်ရပ်ကွက်မှ ကော်ဖီဆိုင်ကို တိုက်ခိုက်မှုကိုလည်း ၎င်းတို့က ပြုလုပ်သည်ဟု ရဲတပ်ဖွဲ့က ယူဆနေသည်။ ထိုတိုက်ခိုက်မှုတွင် နိုင်ငံခြားသား အများစုအပါအ၀င် ၂၂ ဦး သေဆုံးခဲ့ပြီး ၁၂ နာရီကြာ စီးနင်းမှုကို လုံခြုံရးတပ်ဖွဲ့က ဖြိုခွင်းနိုင်ခဲ့ကာ သေနတ်သမား ၅ ဦး သေဆုံးခဲ့သည်။

Ref : CNA



The post ဂျပန်လူမျိုးတစ်ဦးကို သတ်ဖြတ်ခဲ့သည့် လူ ခုနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် တရားစွဲ appeared first on News @ M-Media.


Viewing all articles
Browse latest Browse all 15239

Trending Articles