Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အေစီမီလန်အသင်း တိုးတက်လာခဲ့ပြီဟု ဆီးဒေါ့ဖ်ဆို

$
0
0

ဖေဖော်ရီ ၃၊ ၂၀၁၄
M-Media

362054_heroa

- ယမန်နေ့က တိုရီနိုအသင်းနှင့် ကစားခဲ့သည့် ပွဲတွင် ၁ ဂိုးစီ သရေကျခဲ့သော်လည်း မိမိအသင်းအနေဖြင့် တိုးတက်မှုများ ရှိနေသည်ဟု အေစီမီလန် နည်းပြသစ် ဆီးဒေါ့ဖ်က ပြောကြားလိုက်သည်။

ဆန်စီရိုတွင်ကစားခဲ့သည့် ထိုပွဲတွင် တိုရီနိုအသင်းက ဂိုးအရင်သွင်းကာ ဦးဆောင်ခဲ့သော်လည်း အသစ်ရောက်ရှိလာသည့် ကစားသမား အဒီလ် ရာမီကချေပဂိုးသွင်းယူပေးခဲ့သည်။

ထိုပွဲတွင်ကစားခဲ့သည့်အသင်း၏ခြေစွမ်း၊ ၎င်းအသုံးပြုသည့် နည်းစနစ်အား ပြောင်းလဲကစားနိုင်သည့် ကစားသမားများ၏ စွမ်းဆောင်ရည်နှင့်ပက်သက်၍ ဆီးဒေါ့ဖ်က

“တိုးတက်မှုတွေကို ကျွန်တော်မြင်တွေ့ခဲ့ရပြီး၊ အကောင်းဘက်ကို အာရုံစူးစိုက်ဖို့ ပိုအရေးကြီးပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့ပြင် တိုရီနိုအသင်းကိုလည်း ချီးကျူးခဲ့ပြီး ပထမပိုင်းတွင် ကစားပုံ အလွန်ကောင်းခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ဒုတိယပိုင်းတွင် ကစားပုံ ပိုကောင်းခဲ့ပြီး လိုအပ်သော ချေပဂိုးကို ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆီးဒေါ့ဖ်မှာ ကစားသမားဘ၀တွင် အေစီမီလန်အသင်းနှင့် ထူးခြားသော အောင်မြင်မှုများကို ရရှိခဲ့သူဖြစ်ပြီး၊ အေစီမီန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရစဉ်က ၎င်း၏ နည်းပြ အတွေ့အကြုံမရှိမှုကြောင့် ဝေဖန်ခံခဲ့ရသေးသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...