Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

သက်ကြီးတန်း စက်ဘီး အားကစားတွင် အသက် ၁၀၂ နှစ် အရွယ် ပြင်သစ်အဘိုးအို စံချိန်သစ်တင်

$
0
0

ဖေဖော်ဝါရီ ၃၊ ၂၀၁၄
M-Media

- အသက် ၁၀၂ နှစ်အရွယ် ပြင်သစ် စက်ဘီးစီးသမား အဘိုးအိုတစ်ဦးမှာ ၂၆.၉၂၇ ကီလိုမီတာ( ၁၆.၇ မိုင်) ခရီးအား တစ်နာရီအတွင်း စီးပြခဲ့ပြီး အသက် ၁၀၀ အထက် သက်ကြီးတန်း စက်ဘီးအားကစားနယ်ပယ်တွင် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့သည်ဟု သိရသည်။

ရော်ဘတ် မားချန့်ဟု အမည်ရသည့် အဆိုပါ အဘိုးအိုမှာလွန်ခဲ့သည့် ၂ နှစ်က ၎င်းကိုယ်တိုင်တင်ထားသည့် စံချိန်အား ၂.၅ ကီလိုမီတာအသာဖြင့် ချိုးဖျက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ မီးသတ်သမားဟောင်းတစ်ဦးဖြစ်သည့် မားချန့်မှာ အသက် ၁၀၀ အရွယ် ၂၀၁၂ ခုနှစ်ကလည်း ကီလိုမီတာ ၁၀၀ (၆၂ မိုင်) ခရီးအား ၄ နာရီ ၁၇ မိနစ် ၂၇ စက္ကန့်ဖြင့် အရောက်စီးပြနိုင်ခဲ့သည်။

ပြင်သစ် စက်ဘီးစီးစင်တာ National Velodrome အတွင်း စီးပြခဲ့ခြင်းဖြစ်ပြီး၊ ပန်းဝန်လာသည့် မားချန့်အား ဓာတ်ပုံဆရာများ၊ ကင်မရာမန်းများအပါအ၀င် လူပေါင်းများစွာက ကြိုဆိုခဲ့ကြသည်။

၎င်းအား အားပေးသူများကို လက်ပြနှုတ်ဆက်ခဲ့သည့် မားချန့်က

“သိပ်ကိုကောင်းပါတယ်။ ဒါပေမယ့် ပန်းဝင်တဲ့အချိန်မှာ နည်းနည်းတော့ ခက်ခဲခဲ့ပါတယ်။ ကျွန်တော့်ကို အားပေးဖို့ ကီလို မီတာ ၆၀၀ လောက်ဝေးတဲ့နေရာကနေ လာရတဲ့သူတွေရှိပါတယ်။ သိပ်ကို အံ့သြစရာပါပဲ။ ကျွန်တော် ပြောနိုင်တာကတော့ ဒီလောက်ပါပဲ” ဟု မားချန့်က ပရိတ်သတ်များအား ပြောကြားခဲ့သည်။

ထို့ပြင်ပရိတ်သတ်များ၏ အားပေးမှုမရှိဘဲနှင့် ယခုကဲ့သို့ ဆောင်ရွက်နိုင်မည်မဟုတ်ဟု မားချန့်က ထည့်သွင်းပြောကြားခဲ့သည်။

Ref : English Alarabiya


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...