Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရာသီဥတုဆိုင်ရာ ရေဒါစခန်းများ ဖွင့်လှစ်ရန် မြန်မာအား ဒေါ်လာ သန်း ၄၀ ဂျပန်ကူညီမည်

$
0
0

ဖေဖော်ဝါရီ ၆၊ ၂၀၁၄
M-Media

- မြန်မာနိုင်ငံတွင် မိုးလေ၀သရေဒါစခန်း ၃ ခုနှင့် ရာသီဥတု စောင့်ကြည့် လေ့လာရေးစခန်း ၃၀ ဆောက်လုပ်ရန် အတွက် ဂျပန်နိုင်ငံက ကန်ဒေါ်လာ သန်း ၄၀ ကူညီထောက်ပံ့မည်ဟု နိုင်ငံပိုင် မီဒီယာများက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံရှိ ရာသီဥတု ကြိုတင် သတိပေးချက်စနစ်ကို ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံက ထိုကဲ့သို့ ကူညီထောက်ပံ့ခြင်းဖြစ်ပြီး ၄ နှစ် သတ်မှတ်ထားသည့် ထိုပရောဂျက်အား ၂၀၁၄ ခုနှစ်တွင်စတင်ကာ ၂၀၁၇ ခုနှစ်တွင် အပြီးသတ်မည်ဖြစ်သည်ဟု နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် မိုးလေ၀သ စောင့်ကြည့်ရေးနှင့် သတင်း အချက်အလက် ရယူရေး စနစ် အဆင့်မြှင့်တင်ရေး ပရောဂျက် အလုပ်ရုံဆွေးနွေးပွဲတွင် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့မှုများအပြင် ဒေါ်လာ ၃၅ သန်း တန်ဖိုးရှိပြီး ခေတ်မီကိရိယာများနှင့် နည်းစနစ်များ တပ်ဆင်ထားသည့် မိုးလေ၀သ စောင့်ကြည့်ရေး စင်တာ တစ်ခု တည်ဆောက်ရန်အတွက် ပဏာမ လုပ်ဆောင်မှုများကိုလည်း ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့ပေးလျက်ရှိနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ယခင်ကလည်း ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA က မြန်မာနိုင်ငံ၏ မိုးလေ၀သ ခန့်မှန်းရေး ဆောင်ရွက်မှုအား အဆင့်မြှင့်တင်ရန် အတွက် ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူမြို့များတွင် ရေဒါစနစ်များ တပ်ဆင်ပေးခဲ့ဖူးသည်။

Ref: ဆင်ဟွာ


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...