Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဘတ်စ်ကားများ စက္ကူလက်မှတ် သို့မဟုတ် I Pay ကတ် စနစ်ပြောင်းလဲရန်ကြိုးစားနေဟု မ.ထ.သ ပြော

$
0
0

ဖေဖော်ဝါရီ ၆၊ ၂၀၁၄
M-Media
လမင်း

DSC01411

ရန်ကုန် ။       ။    မ.ထ.သ. မှ ပြေးဆွဲလျှက်ရှိနေသော ဘတ်စ်ကားများအား ခရီးသည်များမှ ၀န်ဆောင်ခကို စက္ကူလက်မှတ်စနစ် သို့မဟုတ် I Pay ကတ် ဖြင့် ပေးဆောင်ရန် ကြိုးပမ်းနေကြောင်းကို မ.ထ.သ (ဗဟို)မှ ဒုတိယ ဥက္ကဌ ဦးလှသောင်းမြင့်က ပြောကြားခဲ့သည်။

၁၉၉၃ ခုနှစ် ဧပြီလ ၁-ရက်နေ့တွင် အသုံးပြုခြင်းကို ရပ်တန့်ခဲ့သည့် စက္ကူလက်မှတ်စနစ်ကို ပြန်လည် ကျင့်သုံးရန် မ.ထ.သ မှ ကြိုးပမ်းလျက်နေသည်ကို “ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဘတ်စ်ကားစီးရင် လတ်မှတ်စနစ်ကိုပဲ ကျင့်သုံးကြတယ်။ သူတို့လုပ်တာက ကောင်းလို့ လုပ်တာပေါ့။ ကျွန်တော်တို့နိုင်ငံမှာ I Pay ကတ် စနစ်ကို စမ်းသပ်တဲ့အနေနဲ့ ကျင့်သုံးခဲ့တာ ၂ နှစ်ကျော်ရှိခဲ့ပါပြီ မအောင်မြင်သေးပါဘူး၊ စပယ်ယာတွေက စက်ပျက်နေတယ် ပြောတာနဲ့ စက်မရှိတဲ့ ကားတွေနဲ့ ကြုံတွေ့နေရတော့ မအောင်မြင်သေးဘူး။ အခုလည်း လတ်မှတ်စနစ်ကို လုပ်ရင် ကောင်းမလား ကျွန်တော်တို့ စဉ်းစားနေတုန်းပါပဲ။ ဘာလုပ်မယ်ဆိုတာ တာဝန်ရှိသူတွေနဲ့ ကားဒရိုင်ဘာတွေကို ခေါ်ပြီး I Pay ကတ် စနစ်ကို အောင်မြင်အောင်လုပ်မလား ဒါမှမဟုတ် လတ်မှတ်စနစ်ကို လုပ်မလား တိုင်ပင်ပြီး အတည်ပြုချက်ကို အထက်ကိုတင်ပြပြီး အကောင်ထည်ဖော်သွားမှာပါ။ I Pay ကတ် စနစ်အောင်မြင်ရင်တော့ ပိုကောင်းတာပေါ့။ ခရီးသည်တွေအတွက်လည်း အဆင်ပြေသွားမယ် ” ဟု ဒုတိယက ဥက္ကဌ ဦးလှသောင်းမြင့်က ပြောခဲ့သည်။

ယခုလို I Pay ကတ် သို့မဟုတ် စက္ကူလက်မှတ်ပြောင်းလဲ ပြုလုပ်ခြင်းအားဖြင့် ကားပေါ်တွင် ခရီးသည်အား ပိုက်ဆံပိုတောင်းခြင်း၊ ပိုက်ဆံပေးပြီးသားကို ထပ်မံတောင်းခံခြင်း စသည့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ၎င်း၏ပြောကြားချက်အရ သိရှိရပြီး လတ်မှတ်စနစ်ပြုလုပ်ခြင်းဖြင့် တစ်နေ့တာ သွားလာလှုပ်ရှားမှုရှိသည့် ခရီးသည်များ၏ အရေအတွက်ကိုလည်း သိရှိရမည်ဖြစ်သည်။ ခရီးသည် အရေအတွက်ကို သိရှိရမှသာ ယာဉ်ကြောပိတ်ဆို့မှုအတွက် ကားအစီးရေ မည်မျှတိုး၍ သွားလာရမည်ကိုလည်း မ.ထ.သ မှ စီစဉ်ဆုံးဖြတ်ပေးနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...