Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဒေါက်တာထွန်းအောင် ကို စစ်တွေထောင်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့

$
0
0

ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
M-Media
လင်းမာန်သီ

Dr Tun Aung

၂၀၁၂ ခုနှစ် ဇွန်လတွင် စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးအခင်းတွင် စွဲချက်တင်ခံပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေ ရသူများထဲမှာ တစ်ဦးဖြစ်သူ ဒေါက်တာထွန်းအောင်ကို ဒီကနေ့ ဖေဖေါ်ဝါရီလ (၆) ရက်နေ့မှာ ရန်ကုန် အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွေ့လာကြောင်း ၄င်း၏ မိသားစုဝင် တစ်ဦးထံမှ သိရှိရပါသည်။

သမ္မတ ဦးသိန်းစိန်မှ ၂၀၁၃-ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သော်လည်း နှစ်ရှည် ထောင်ကျခံရသူ ဒေါက်တာ ထွန်းအောင် နှင့် စွဲချက်တင် ခံထားရသူ ဦးကျော်လှအောင် တို့ကို လွှတ်ပေးခြင်း မရှိခဲ့သည် အပေါ် နိုင်ငံတကာမှ ၄င်းတို့အားလွှတ်ပေးရန် ဆက်လက် တောင်းဆိုလျှက် ရှိသည်။

သို့သော် ဒေါက်တာထွန်းအောင် အတွက် နိုင်ငံတကာမှတောင်းဆို ဖိအားပေးမှုများကြောင့် ၄င်း၏ ကျန်းမာရေး အခြေအနေ အရ ရန်ကုန် အင်းစိန်ထောင်သို့ ပြောင်းခဲ့ပါကြောင်း ၄င်း၏ မိသားစုဝင်တစ်ဦးထံမှ မေးမြန်း သိရှိရပါသည်။ ဒေါက်တာထွန်းအောင်သည် ၂၀၁၂-ခုနှစ် ရခိုင်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ နောက်ပိုင်းတွင် ဖမ်းဆီးခံရပြီး ထောင်ဒါဏ် ၁၇ နှစ် ကျခံရသူ တစ်ဦးဖြစ်ပါသည်။ ၄င်း၏ မိသားစုဝင် တစ်ဦး၏ ပြောပြချက် အရ ဒေါက်တာထွန်းအောင်မှာ ဦးနှောက်အကြိတ်ကြောင့် ခွဲစိတ်ကုသမှု နှစ်ခါ လုပ်ဆောင်ခဲ့ရကြောင်း သိရှိရသည်။

အသက် ၇၅ နှစ်ရှိပြီး ဖြစ်တဲ့ ရှေ့နေ ဦးကျော်လှအောင်သည် ယခုအချိန်မှာ ပုဒ်မ (၇) ခုဖြင့် စွဲချက်တင်ခံထားရပြီး ၊ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပေးခဲ့သည့် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်တွင် (၅၀၅/ ခ) တစ်ခု အကျုံးဝင်သော်လည်း နောက်ထပ် ပုဒ်မ (၆) ခုဖြင့် စွဲချက်တင်ထားပြီး၊ စစ်တွေ ခရိုင် တရားရုံးတွင် ၄င်း၏အမှုအား ဆက်လက် စစ်ဆေးရန် နေပြည်တော်မှ ယခင်က ၄င်း၏အမှုအား စစ်ဆေးပြီး စစ်တွေခရိုင်ရုံးတွင် ကြားနာရန် ချပေးခဲ့ကြောင်း သိရှိရပါသည်။  ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် ရုံးတင် စစ်ဆေးရန်ရှိကြောင်းကို သိရှိရသည်။

ဒေါက်တာထွန်းအောင်ကို ဖေဖေါ်ဝါရီလ (၄)ရက် က စစ်တွေမှ လေယာဉ်ဖြင့်ရန်ကုန်မြို့သို ယူဆောင်လာခဲ့သည်ဟု ကောလဟာလ သတင်းများ ထွက်နေသော်လည်း ၊ ဒီကနေ့ ဖေဖေါ်ဝါရီလ (၆) ရက်နေ့ နေ့လည်တွင် စစ်တွေအကျဉ်းထောင်မှ ထောင်မှုး ဦးသိန်းလွင်နှင့် ရဲဝန်ထမ်း (၃) ဦးတို့မှ ၄င်းအား အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွေ့ပေးလာပါကြောင်း သတင်းရရှိပြီး၊၂၀၁၄-ခုနှစ်၊ ဖေဖေါ်ဝါရီလ ဒုတိယအပတ်တွင် လာရောက်မည့် ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာသောမစ် ကင်တားနားမှ ၄င်းနှင့်တွေ့ဆုံမည်ဟု သိရှိရပါသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...