Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

လူငယ်ကစားသမားအား ရိုက်ပုတ်ခဲ့သည့် နယူးကာဆယ် အရန်အသင်း နည်းပြ ရာထူးမှနှုတ်ထွက်

$
0
0

ဖေဖော်ဝါရီ ၇၊ ၂၀၁၄
M-Media

- အသင်းရှိ လူငယ်ကစားသမားတစ်ဦးအား ရိုက်နှက်ခဲ့သည် ဟူသော စွပ်စွဲချက် ထွက်ပေါ်လာခဲ့ပြီးနောက် နယူးကာဆယ် အရန်အသင်း၏ နည်းပြစ်သူ ၀ီလီ ဒိုနာချီမှာ ယမန်နေ့တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

မန်ချက်စတာစီးတီးအသင်း၏ စကော့တလန် နောက်ခံလူဟောင်းဖြစ်ပြီး နယူးကာယ်ဆယ် အကယ်ဒမီသို့ လွန်ခဲ့သည့် ၃ နှစ်ကတည်းရောက်ရှိနေသူ ဒိုနာချီမှာ ပြီးခဲ့သည့် တနင်္လာနေ့က ဆန်းဒါးလန်းအသင်းအား ၂ ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော အရန်အသင်းပွဲစဉ်တွင် ပင်နယ်တီပေးခဲ့ရခြင်းနှင့် ပတ်သက်၍ အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ရီမီစထရီတီအား ရိုက်ပုတ်ခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပက်သက်၍ ၀ုဖ်အသင်းတွင်ကစားနေသည့် စထရီတီ၏ ဖခင်ဖြစ်သူက နယူးကာဆယ်အသင်းကြီး၏ နည်းပြ အလန်ပါဂျူးနှင့် ဆွေးနွေးခဲ့ သေးသည်။ ဒိုနာချီနှုတ်ထွက်သွားကြောင်းကို နယူးကာဆယ်အသင်းကလည်း အတည်ပြုပြောကြားခဲ့ပြီး၊ မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။

Ref : Dailymail


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...