Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

ပါကစ္စတန်နှင့် တာလီဘန်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်၊ တိုးတက်မှုများရှိနေ

$
0
0

ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
M-Media

Pakistani government and Taliban hold talks

- ပါကစ္စတန်အစိုးရနှင့် တာလီဘန်တို့အကြား ဆွေးနွေးပွဲ အောင်မြင်နိုင်မည့် အခွင့်အလမ်းအပေါ် နှစ်ဦးနှစ်ဘက် သံသယရှိနေသောကြောင့် ကာလကြာရှည် မသေမချာဖြစ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပထမအဆင့်အား ယမန်နေ့က အစ္စလာမ်မာဘတ်တွင် စတင်ခဲ့သည်ဟု သိရသည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှု မူဝါဒလမ်းစဉ်များ ချမှတ်ရန်အတွက် ရည်ရွယ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲသို့ ပါကစ္စတန်အစိုးရဘက်မှ ကိုယ်စားလှယ် ၄ ဦးနှင့် တာလီဘန်တို့ဘက်မှ ကိုယ်စားလှယ် ၃ ဦးတို့ တက်ရောက်ခဲ့ကြပြီး ၃ နာရီကျော်ကြာ ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ရာတွင် နှစ်ဘက်စလုံးက အကြမ်းဖက် လုပ်ရပ်များကို ရှုတ်ချကြောင်းနှင့် ဆွေးနွေးပွဲအား ပျက်ပြားစေနိုင်သည့် လုပ်ရပ်များကို နှစ်ဖက်စလုံးမှ ရှောင်ကျဉ်ကြမည့်အကြောင်း စသည့် အချက်များပါဝင်သော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုဆွေးနွေးပွဲမှာ တိုးတက်မှုများရှိနေပြီး ယနေ့တွင် အသေးစိတ် ဆက်လက် ဆွေးနွေးရန်လည်း ရှိနေသည်။

တာလီဘန်တို့မှာ ပါကစ္စတန်အတွင်း ဆယ်စုနှစ်တစ်ခုအကြာ အစိုးရဆန့်ကျင်ရေး တိုက်ခိုက်မှုများပြုလုပ်ခဲ့သော အဖွဲ့ဖြစ်သည်။ သို့သော်လည်း တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် ပြဿနာရပ်များအား ဖြေရှင်းရေးတို့ဆောင်ရွက်ရန်အတွက် အားထုတ်မှုများမှာ အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်ဖ်က ပြောကြားခဲ့သည်။
Ref: aljazeera


Viewing all articles
Browse latest Browse all 15237

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း