Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

လက်ရှိခြေစွမ်းကို မက်ဆီကျေနပ်၊ နိုင်ငံနှင့် ကလပ် နှစ်ခုစလုံးအတွက် သမိုင်းတွင်မည့် နှစ်ဖြစ်အောင် ကြိုးစားသွားမည်ဟုဆို

$
0
0

ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
M-Media
364476_heroa
- ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ပြသသည့် ၎င်း၏ခြေစွမ်းနှင့် ပတ်သက်၍ ဝေဖန်မှုများရှိနေသော်လည်း မိမိအနေဖြင့် အားရကျေနပ်မှု ရှိသည်ဟု ဘာစီလိုနာ အသင်း၏ ကွင်းလယ်လူ မက်ဆီက ပြေကြားလိုက်သည်။

မက်ဆီမှာ တံကောက်ကြော ဒဏ်ရာကြောင့် ပြီးခဲ့သည့် သီတင်းပတ်များက အနားယူနေခဲ့ရပြီးနောက် ပြန်လည်ကစားနိုင်ခဲ့သည့် ပွဲများတွင် ခြေစွမ်းမပြနိုင်ဟု လူအများက ဝေဖန်နေကြပြီး၊ ဘာစီလိုနာ လက်ထောက်နည်းပြဟောင်း အိန်ဂျယ် ကပ်ပါကလည်း မက်ဆီနေဖြင့် နိုင်လိုစိတ်ပျောက်ဆုံးနေသည်ဟု ယခုသီတင်းပတ် အစောပိုင်းက မှတ်ချက်ပေးခဲ့သည်။

သို့သော်လည်း မက်ဆီက ၎င်းအနေဖြင့် ယခင်ကကဲ့သို့ စိတ်အားထက်သန်မှုရှိနေပြီး ကလပ်နှင့် နိုင်ငံ နှစ်သင်းစလုံးအတွက် ထူးခြားသော ရာသီတစ်ခုအဖြစ် အဆုံးသတ်နိုင်ရန်အတွက် မျှော်လင့်ထားသည်ဟု ပြောဆိုခဲ့သည်။

“ကျွန်တော်အဆင်ပြေပါတယ်။ စွမ်းအားတွေပြည့်ဝနေပြီး၊ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။ ကျနော့်ရဲ့ လက်ရှိပုံစံနဲ့ပက်သက်ပြီး ကျွန်တော်ကျေနပ်ပါတယ်။ နှေးကွေးပေမယ့် ဒီနှစ်မှာ မျှော်လင့်ထားတဲ့ အောင်မြင်မှုဆီကို ကျွန်တော်သွားနေမှာတော့ သေချာပါတယ်” ဟု ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၄ ကြိမ်ရ မက်ဆီက ဘီဘီစီ သတင်းဌာနသို့ပြောကြားခဲ့သည်။

Ref: Goal


Viewing all articles
Browse latest Browse all 15237

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး