Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

အမေရိကန် ကျူးကျော်စစ်ကြောင့် ပျက်ဆီးခဲ့သည် အီရတ် အမျိုးသားပြတိုက် ပြန်လည် ဖွင့်လှစ်တော့မည်

$
0
0

ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄
M-Media
800px-national-museum-iraq
- ၂၀၀၃ ခုနှစ်က အမေရိကန်တို့ ကျူးကျော်တိုက်ခိုက်မှုအတွင်းအဆောက်အဦး အစိတ်အပိုင်းအချို့ ပျက်ဆီးသွားခဲ့ပြီးနောက် ပိတ်ထားခဲ့ရသည့် အီရတ်အမျိုးသားပြတိုက်အား လာမည့်ဧပြီလတွင် ပြန်လည် ဖွင်လှစ်တော့မည်ဟု အဆိုပါ ပြတိုက်၏ ဒါရိုက်တာဖြစ်သူက ဖေဖော်ဝါရီ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ဒီပြတိုက် ပြန်လည်ပြင်ဆင်မှုကို အီတလီကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်” ဟု ဒါရိုက်တာ ကွာအစ် ရရှစ်ဒ်က တူရကီ သတင်းဌာန Anadolu Agency သို့ ပြောကြားခဲ့သည်။ ထို့ပြင် စီစဉ်ထားသော ပြင်ဆင်မှုများ၏ နောက်ဆုံး အဆင့်မှာ ပြတိုက်၏ ၀င်ပေါက် အသစ်ဖြစ်ကြောင်း၊ လာမည့် ဧပြီလတွင် အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

စစ်ပွဲအတွင်း ပြတိုက်ရှိပစ္စည်းအချို့မှာလည်း ခိုးယူခြင်းခံခဲ့ရပြီး ထိုပြတိုက် ပြန်လည်ဖွင့်လှစ်မည်ဆိုသော သတင်းနှင့် ပတ်သက်၍ ရှေးဟောင်း သုသေသနပညာရှင် အဒီလ် အလ်-အက်ဇာဝီက  “၂၀၀၃ ခုနှစ်က ဖောက်ထွင်းဖျက်ဆီးခံခဲ့ရတဲ့ ဒီပြတိုက်ကြီး ပြန်ဖွင့်တော့မယ် ဆိုတာဟာ အီရတ်ရဲ့ယဉ်ကျေးမှု စာမျက်နှာ အတွက် သတင်းကောင်းပါပဲ” ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ထိုပြတိုက်တွင် နိုင်ငံ၏ ရှေးဟောင်း ပစ္စည်းများအားလုံး ပါဝင်တော့မည် မဟုတ်ဟု ထောက်ပြခဲ့ပြီး၊ အီရတ်နိုင်ငံ တစ်ဝှမ်းရှိ ပြည်နယ်များတွင် ထိုကဲ့သို့ ပြတိုက်များ တည်ဆောက်ရန် တိုက်တွန်းပြောဆိုခဲ့သည်။

ဘဂ္ဂဒတ်မြို့အရှေ့ဘက် Al-Salihiya ဒေသတွင် တည်ရှိသည့် အဆိုပါ အီရတ် အမျိုးသားပြတိုက်အား ၁၉၂၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အသေးစိတ် စနစ်တကျ တည်ဆောက်ခဲ့သည့် အဆိုပါပြတိုက်တွင် သမိုင်းခေတ် အလိုက်ပြသသည့် ပြခန်းပေါင်း ၁၈ ခုပါဝင်ပြီး၊ သမိုင်း မတိုင်မီက ပစ္စည်းများ အပါအ၀င် ရှေးဟောင်း အနုပညာ လက်ရာပေါင်း ၂ သိန်းခန့် ပြသထားခဲ့သည်။

Ref : World Bulletin


Viewing all articles
Browse latest Browse all 15237

Trending Articles