Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

မြန်မာမွတ်စလင်များအတွက် သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ (ယာယီ) ကြေညာချက်ထုတ်ပြန်

$
0
0

ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
M-Media
လင်းလင်း

တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့် စပ်လျဉ်းသည့် ၂၀၁၄ သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ(ယာယီ)မှ အသိပေးကြေငြာချက် ထုတ်ပြန်

တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့် စပ်လျဉ်းသည့် ၂၀၁၄ သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ (ယာယီ)မှ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နေ့စွဲဖြင့် အသိပေးကြေညာချက် တစ်စောင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ သန်းခေါင်စာရင်း အထောက်အကူပြု ကော်မတီ(ယာယီ)ကို ပြည်ထောင်စုဖွား မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် ဥပဒေနှင့် အညီ လွယ်ကူမှန်ကန်စွာ ဖြေဆိုနိုင်ရေး အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကော်မတီ ကို အဖွဲ့စွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များ၏ အနာဂတ်အရေး ရှေးရှုလျက် အမျိုးသားရေး အသွင်ဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ပြီး၊ မည့်သည့်အဖွဲ့အစည်း လက်အောက်ခံမှ မဟုတ်ကြောင်း ကြေညာချက်မှာဖော်ပြထားသည်။

သန်းခေါင်စာရင်း ပုံစံပါ မေးခွန်း (၄၁) ခု မှန်ကန်စွာဖြေဆိုနိုင်ရေး အသိပေး ရှင်းလင်းတင်ပြခြင်း၊ ထုတ်ပြန်ကြေညာခြင်း၊ လူဦးရေနှင့် အိမ် အကြောင်း သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေကို နားလည်သိရှိ သဘောပေါက်စေရန် ရှင်းလင်း တင်ပြခြင်း၊ အစ္စလာမ် ကိုးကွယ်သူ မြန်မာနိုင်ငံသားများ မေးခွန်း နံပါတ်(၇) ကိုးကွယ်သည့် ဘာသာနှင့် မေးခွန်း(၈) လူမျိုး အမည် မှန်ကန်စွာ ဖြေဆိုနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် သိသင့် သိထိုက်သည်များကို ရှင်းလင်းတင်ပြခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ကြေညာချက် အပြည့်အစုံကို ပူးတွဲဖော်ပြလိုက်ပါသည်။

Cencus Comatee 1 Cencus Comatee 2

Image via- Aung Tin FB


Viewing all articles
Browse latest Browse all 15237

Trending Articles