Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

နောက်ဆုံး မိနစ်သွင်းဂိုးနဲ့ မန်ယူဆီက တမှတ် လုယူသွားတဲ့ ဖူဟမ်၊ အိမ်ကွင်းမှာ အဲဗာတန်ကိုနိုင်ပြီး အဆင့်(၅) ကိုတက်လာတဲ့ စပါး

$
0
0

ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄
M-Media

နောက်ဆုံး မိနစ်သွင်းဂိုးနဲ့ မန်ယူဆီက တမှတ် လုယူသွားတဲ့ ဖူဟမ်၊ အိမ်ကွင်းမှာ အဲဗာတန်ကိုနိုင်ပြီး အဆင့်(၅) ကိုတက်လာတဲ့ စပါးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ဆူပါဆန်းဒေး ပွဲများ

MUN-FUL-1314-ps34

- ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးထားတဲ့ မန်ယူတို့ ဒီတစ်ပတ်မှာလည်း အိမ်ကွင်းမှာ ကစားရပေမယ့် ဇယားအောက်ခြေက ဖူလ်ဟမ်ကို သရေသာရခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဂိုးကန်သွင်းခွင့် တော်တော်များများ ရခဲ့ပေမယ့် မန်ယူတိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ညံ့ဖျင်းမှုက ပြောစရာဖြစ်ခဲ့ပြီး ဦးဆောင်ဂိုးကိုတောင် ၁၉ မိနစ်မှာ ဆစ်ဒ်ဝဲလ်ရဲ့ သွင်းဂိုးနဲ့ ဖူလ်ဟမ်က ရခဲ့တာပါ။ ချေပဂိုးရဖို့အတွက် ရုန်းကန်ခဲ့ရတဲ့ အိမ်ရှင်မန်ယူအတွက် ၇၈ မိနစ်မှာ ဗန်ပါစီက ချေပဂိုးသွင်းယူပေးခဲ့ပြီး ၂ မိနစ် အကြာမှာပဲ ကွင်းလယ်လူ မိုက်ကယ်ကာရစ်ရဲ့ ဧရိယာအပြင်က ကန်သွင်းချက် လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တဲ့အတွက် မန်ယူတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးကာနီး နာကျင်အချိန်ပို ၄ မိနစ်မှာတော့ လူစားဝင်ကစားသမား ဒါရင်းဘန့်က အနီးကပ်ခေါင်းတိုက်ပြီး ဖူလ်ဟမ်အသင်းအတွက် သရေတစ်မှတ်ရစေမယ့် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့တာပါ။ ပြီးခဲ့သည့် ၁၁ ကြိမ်စလုံးမှာ အိုးထရက်ဖို့ဒ်ကိုလာတိုင်း အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတဲ့ ဖူလ်ဟမ်တို့ အဖိုးတန် အသရေတစ်မှတ်ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

စပါးနဲ့ အဲဗာတန်တို့ ပွဲမှာတော့ တိုက်စစ်မှူးတွေ မပါဝင်နိုင်တဲ့ အဲဗာတန်အသင်း ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး အခွင့်အရေးကောင်းတစ်ချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် လိုအပ်တဲ့ အနိုင်ဂိုးတွေကိုတော့ မရခဲ့ပါဘူး။ ဒီရာသီ အိမ်ကွင်းပွဲမှာ ရလဒ်ညံ့ဖျင်းလေ့ရှိတဲ့ စပါး ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ် အဆင့် ၅ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ စပါးအတွက် ၁ လုံးတည်းသော အနိုင်ဂိုးကိုတော့ ကီလီဝေါကာရဲ့ ဖန်တီးမှုကတစ်ဆင့် တိုဂိုတိုက်စစ်မှူး အဒီဘာယောက အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာပါ။ ဒီဂိုးဟာ ပရီးမီးယားလိဂ် ၉ ပွဲမှာ သူ့ရဲ့ ၆ ဂိုးမြောက်လည်း ဖြစ်ပါတယ်။

ပွဲစဉ် ၂၅ အပြီးမှာတော့ ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပြီး ချယ်ဆီးက ဇယားထိပ်ရောက်လာခဲ့ကာ၊ အာဆင်နယ်နဲ့ မန်စီးတီးတို့က အဆင့် ၂ နဲ့ ၃ မှာ အသီးသီးရှိနေပါတယ်။ တန်းဆင်းဇုန်က ၀က်စ်ဟမ်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကတော့ ဒီတစ်ပတ်မှာ နိုင်ပွဲရခဲ့တာကြောင့် အဆင့် ၁၄ နဲ့ ၁၅ နေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး မန်ယူနဲ့ နယူးကာဆယ်တို့ကတော့ အရင်တစ်ပတ်ကအတိုင်း အဆင့် ၇ နဲ့ ၈ နေရာမှာ ရှိနေပါတယ်။

ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

စပါး ၁-၀ အဲဗာတန်
မန်ယူ ၂-၂ ဖူလ်ဟမ်
လီဗာပူးလ် ၅-၁ အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ် ၃-၁ ၀က်စ်ဘရွန်း
အက်စတွန်ဗီလာ ၀-၂ ၀က်စ်ဟမ်း
ချယ်ဆီး ၃-၀ နယူးကာဆယ်
နော်ဝစ်ခ်ျ ၀-၀ မန်စီးတီး
ဆောက်သက်တမ် ၂-၂ စတုတ်စီးတီး
ဆန်းဒါးလန်း ၀-၂ ဟားလ်စီးတီး
ဆွမ်ဆီး ၃-၀ ကာဒစ်ဖ်


Viewing all articles
Browse latest Browse all 15237

Trending Articles