Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

RFA: မစ္စတာကင်တားနား မြန်မာနိုင်ငံ နောက်ဆုံးခရီးစဉ် ရက်ပိုင်းအတွင်း စတင်မည်

$
0
0

ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
RFA (မြန်မာပိုင်း)

Tomas_Ojea_Quintana_AP

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားဟာ သူ့ရဲ့ရာထူးသက်တမ်း ၆ နှစ်ကုန်ဆုံးခါနီး၊ တရားဝင်နောက်ဆုံးခရီးစဉ်အဖြစ် လာမယ့်သောကြာနေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။

မစ္စတာကင်တားနားဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၆ ရက်ကြာမြင့်မယ့် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း မုံရွာလက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ရန်ကုန်မြို့အနီး သံလျင်သီလ၀ါ ရေနက်ဆိပ်ကမ်းစီမံကိန်းတွေကို သွားရောက်မှာဖြစ်ပြီး၊ ကရင်ပြည်နယ်ကိုပါ သွားရောက်ခွင့် တောင်းဆိုထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း မောင်တောဒေသအပါအ၀င် အဲဒီဒေသမှာ လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုတိုးတက်ကောင်းမွန်လာအောင် အစိုးရအနေနဲ့ တိုးမြှင့်လုပ်ဆောင်သင့်တဲ့အချက်တွေကို စူးစမ်းလေ့လာသွားမယ်လို့ မစ္စတာကင်တားနားက ပြောပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာမှာဖြစ်တဲ့ အပြင် အရင်ခရီးစဉ်တွေအတွင်း အကြံပြုထားချက်တွေကို ဖြည့်ဆည်း အကောင်အထည်ဖော်မှုရှိ၊ မရှိကိုပါ ဆန်းစစ်လေ့လာ သွားမယ်လို့ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရုံးက သတင်းထုတ်ပြန်ပါတယ်။

မစ္စတာ ကင်တားနားဟာ ခရီးစဉ်အတွင်း နေပြည်တော်ကိုပါ သွားရောက်ပြီး၊ လွှတ်တော်နဲ့အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ တရားသူကြီးတွေနဲ့လည်း တွေ့ဆုံမယ့် အပြင် ခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ ဖေဖော်ဝါ ရီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။ သူ့ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ နောက်ဆုံးအစီရင်ခံစာ အပြည့်အစုံကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မတ်လ ၁၇ ၇က်နေ့ တင်သွင်းမယ်လို့လည်း သိရပါတယ်။

အာဂျင်တီးနားနိုင်ငံသားဖြစ်သူ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ် မေလက စတင်တာဝန်ထမ်းဆောင်လာခဲ့တာ ဖြစ်ပါတယ်။

Photo-AP

Link =>https://www.facebook.com/photo.php?fbid=10152285680703128&set=a.10150522560153128.405723.39218993127&type=1


Viewing all articles
Browse latest Browse all 15237

Trending Articles