Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

နှစ်ပေါင်း ၃၀ အဲဗာတန်ကို အားပေးသည့် မလေးနိင်ငံသား ပထမဆုံး ကွင်းတွင် လာကြည့်ချိန် ပွဲရွှေဆိုင်းမှုနှင့် ကြုံခဲ့ရ

$
0
0

ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
M-Media
article-0-1B6EE2B000000578-300_634x636
- အဲဗာတန်အသင်း၏ အိမ်ကွင်းပွဲစဉ်ကို မလေရှားမှ လာရောက်ကြည့်ရှုသည့် အဲဗာတန်အမာခံပရိတ်သတ်တစ်ဦးမှာ ပွဲစဉ်ရွှေ့ဆိုင်းခြင်းနှင့် ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။

မလေးရှားနိုင်ငံသား ရစ်ဝီဆိုသူမှာ အဲဗာတန်အသင်းအား နှစ်ပေါင်း ၃၀ ကျော် အားပေးလာခဲ့သူဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် အဲဗာတန်အသင်းအိမ်ကွင်း ဂွဒ်ဒီဆင်ပါ့ခ်တွင် ကစားမည့် အဲဗာတန်နှင့် ခရစ္စတယ်ပဲလေ့စ်တို့ ယမန်နေ့ပွဲအား ကြည့်ရှုရန် မလေးရှားမှ အခြား အဲဗာတန် ပရိတ်သတ်တစ်ဦးနှင့် တကူးတက လာရောက်ခဲ့ခြင်းဖြစ်သည်။

ရစ်ကီမှာ ဂွဒ်ဒီဆင်ပါ့ခ်ကွင်းထဲသို့ရောက်ရှိခဲ့ပြီး ကွင်းအားနောက်ခံထား၍ ရိုက်ထားသော ၎င်း၏ ဓာတ်ပုံကိုလည်း Twitter စာမျက်နှာတွင် တင်ခဲ့သည်။ သို့သော်လည်း အင်္ဂလန်တွင်ရာသီဥတု ဆိုးရွားနေခြင်းကြောင့် ပြိုင်ပွဲအား ရွှေ့ဆိုင်းခဲ့ရကာ ရစ်ကီ၏ အိပ်မက်မှာ ပျက်ပြယ်ခဲ့ရသည်။  ထိုပွဲစဉ်ကြည့်ရှုခွင့်အား လက်လွှတ်ခဲ့ရသော်လည်း အနာဂတ်တွင် ထပ်မံကြည့်ရှုခွင့်ရရန် ကြိုစားသွားမည်ဟု ၎င်းက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

ရစ်ဝီနှင့်အတူ အခြားမလေးရှားနိုင်ငံသား ရစ်ဝန်ရာဇက် နှစ်ဦးတို့အားအသင်း၏ အ၀တ်လဲခန်းအား ကြည့်ရှုနိုင်ရန် အသင်းမှ စီစဉ်ပေးခဲ့ပြီး၊ အသင်း၏ နောက်ခံလူ လေတန်ဘိန်း လက်မှတ်ထိုးထားသော အသင်းဂျာစီတစ်ထည်ကိုလည်း  ပေးအပ်ခဲ့သည်။ ထို့ပြင် သောကြာနေ့တွင် မလေးရှားသို့ ပြန်လည်ထွက်ခွာရန် ရှိနေသည့် ရစ်ဝီတို့နှစ်ဦးအား ကြာသာပတေးနေ့(ယနေ့)တွင် ကွင်းတစ်ကွင်းလုံးကို လိုက်လံပြသရန် စီစဉ်ထားသည်ဟု အဲဗာတန်အသင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။


Viewing all articles
Browse latest Browse all 15237

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်