Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

ဂျာဗားကျွန်း အန္တရာယ်အရှိဆုံးမီးတောင် လှုပ်ခတ်မှုကြောင့် ဒေသခံ သိန်းနှင့်ချီ ပြောင်းရွှေ့ပေးခဲ့ရ

$
0
0

ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
M-Media

-   အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် မီးတောင်လှုပ်ရှားမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ချော်ရည်များ၊ ပြာများ မှုတ်ထုတ်ခဲ့သောကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာကို အစိုးရမှ ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

အဆိုပါကျွန်းရှိ အန္တရာယ်အရှိဆုံး မီးတောင်ဖြစ်သည့် Kelud မီးတောင်မှာ ယမန်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး နာရီအနည်းငယ်အကြာတွင် ပြာများ၊ ချော်ရည်များ၊ ကျောက်ခဲများ မှုတ်ထုတ်ခဲ့ကာ အနီးအနားရှိရွာများသို့ အဆက်မပြတ် ကျရောက်ခဲ့သည်။

ဂျာဗားကျွန်းမှာ လူဦးရေ သိပ်သည်းထူထပ်သော ကျွန်းတစ်ကျွန်းဖြစ်ပြီး ကျွန်းအရှေ့ပိုင်း Kediri ခရိုင် မီးတောင် ပတ်ဝန်းကျင် ၁၀ ကီလိုမီတာ အတွင်း ရှိ ရွာပေါင်း ၃၆ ရွာမှ လူပေါင်း ၂ သိန်းခန့်ကို ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး၊ အဓိက လေဆိပ်သုံးခုကိုလည်း ပိတ်ထားခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးတောင် လှုပ်ရှားမှုကြောင့် စောစောပိုင်းက အသေအပျောက် မရှိသော်လည်း ယခုနောက်ဆုံးရ သတင်းများ အရ လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

၁၇၃၁ မီတာ အမြင့်ရှိသည့် အဆိုပါ Kelud မီးတောင်မှာ သက္ကရာဇ် ၁၀၀၀ မှ စ၍ ၂၀၁၄ ခုနှစ်အထိ အကြိမ်ပေါင်း ၃၀ ကျော် လှုပ်ခတ်ခဲ့ပြီး ထို မီးတောင်ကြောင့် လူပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရသည်။

Ref : Aljazeera


Viewing all articles
Browse latest Browse all 15237

Trending Articles