Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15237

အဆင့်မြင့် နည်းပညာ အသုံးပြုသည့် (Smart Mosque) ဗလီ တစ်လုံး ဒူဘိုင်းတွင် ဖွင့်လှစ်

$
0
0

ဖေဖော်ဝါရီ ၁၈ ၊ ၂၀၁၄
M-Media
uae-59970
- ဗလီဝတ်ကျောင်းတော်များတွင် အဆင့်မြင့် နည်းပညာများ အသုံးပြု၍ ပြည်သူများအား ၀န်ဆောင်မှုပေးနိုင်ရန်အတွက် Smart Mosque ပရောဂျက်ကို ဆောင်ရွက်နေသည့် ယူအေအီးနိုင်ငံတွင် QR ကုဒ်စနစ်သုံး ဗလီဝတ်ကျောင်းတော် တစ်လုံးကို ဒူဘိုင်းမြို့၌ ဖေဖော်ဝါရီ ၉ ရက်နေ့ တနင်္ဂနွေနေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ဒူဘိုင်းကမ်းခြေရှိ Sheikh Mohammed bin Rashid Al Maktoum အမည်ရသည့် ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး၊ QR ကုဒ် စနစ်သုံး ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်ကာ ယခုနှစ်အတွင်း အခြားသော ဗလီဝတ်ကျောင်းတော် ၉ လုံးကိုလည်း QR ကုဒ် စနစ် တပ်ဆင်သွားမည်ဖြစ်သည်။

QR ကုဒ်စနစ်မှ တစ်ဆင့် ပြည်သူများမှာ ဗလီဝတ်ကျောင်းတော်၏ သမိုင်း၊ ၀တ်ပြုနိုင်သည့် လူဦးရေ ပမာဏ၊ ဗလီဝတ်ကျောင်းတော်၏ သဘာဝ၊ ဧရိယာ၊ ၀တ်ပြုချိန်များ၊ ထိုဗလီဝတ်ကျောင်းတော်မှ ဟောကြားသည့် တရားဒေသနာများနှင့် အစ္စလာမ် သာသာရေးသင်ခန်းစာများ၊ ထို့ပြင် သောကြာနေ့ တရားဒေသနာများ စသည်တို့ကို ဖုန်းများ၊ Tablet များအသုံးပြု၍ အလွယ်တကူ ရယူနိုင်မည်ဖြစ်သည်။

ထိုအစီအစဉ်မှာ ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတ ဒူဘိုင်းဘုရင် မိုဟာမ်ဘင် ရရှစ် အလ်-မက်တွမ်မှ ၂၀၁၃ ခုနှစ်က  ကြေညာခဲ့သည့် နည်းပညာသုံး အစိုးရ ဖြစ်ပေါ်ရေး လှုပ်ရှားမှုအောက်တွင် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နည်းပညာအသုံးပြု ဗလီဝတ်ကျောင်းတော် ပေါ်ပေါက်လာရေး အစီအစဉ်၏ စိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

အစ္စလာမ့်ရေးရာနှင့် အလှူဒါနလှုပ်ရှားမှုဌာန DIACA မှ အထွေထွေဒါရိုက်တာ ဟာမဒ်အလ်-ရှိုင်ဘာနီကမူ ဗလီဝတ်ကျောင်းတော်များ တိုးတက်ရေးနှင့် ပြည်သူများအနေဖြင့် ဗလီဝတ်ကျောင်းတော်နှင့် ပိုကောင်းသော ဆက်သွယ်မှုများရရှိရန် ရည်ရွယ်၍ Smart Mosque ပရောဂျက်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

QR ကုဒ်စနစ်အရ ဗလီဝတ်ကျောင်းတော်များ၏ အချက်အလက်များကို ရယူနိုမည့်အပြင် ပြည်သူများမှာ ဗလီဝတ်ကျောင်းတော်အတွက် အကြံဥာဏ်များ၊ မှတ်ချက်များ၊ တုံ့ပြန်မှုများ၊ ဝေဖန်မှုများနှင့် အဆင်မပြေမှုများအတွက် သတင်းများ ပေးပို့နိုင်မည်ဖြစ်သည်။ ထို့ပြင် ဗလီဝတ်ကျောင်းတော်များ၌ အီလက်ထရောနစ် ဆက်သွယ်ရေးနှင့် ပတ်သက်၍ အနာဂတ်တွင် ပိုကောင်းသော ၀န်ဆောင်မှုများကိုလည်း ပြုလုပ် သွားမည်ဟု သိရသည်။

Ref: IINA


Viewing all articles
Browse latest Browse all 15237

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


နာမည်ကျော်နေတဲ့ နန်းရတီရဲ့ Booty Shake


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး