Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

သမ္မတသစ်အား ယူကရိန်း ပါလီမန်ခန့်အပ်၊ ဥရောပနှင့် ပူးပေါင်းရေးမှာ ဦးစားပေးဟု သမ္မတသစ်ဆို

$
0
0

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၄
M-Media
344774-b19df900-9c80-11e3-8857-926a2cf5fac5
- နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်နေသည့် ယူကရိန်းနိုင်ငံ၏ လစ်လပ်နေသော သမ္မတရာထူးအတွက် ပါလီမန်ဥက္ကဌ အိုလက်ဆန်ဒါ တာချီနော့ဗ်အား ကြားဖြတ် သမ္မတအဖြစ် ပါလီမန်က အတည်ပြုခဲ့သည်ဟု သိရသည်။

တိုင်းပြည်အတွင်း ငြိမ်းချမ်းရေး ရစေရန်အတွက် ပြီးခဲ့သည့် သောကြာနေ့က အတိုက်အခံနှင့် သမ္မတတို့ လက်မှတ်ရေးထိုးခဲ့ပြီးနောက် စနေနေ့တွင် ပါလီမန်က သမ္မတအား မဲခွဲဆုံးဖြတ်၍ ထုတ်ပယ်ခဲ့ကာ၊ ရွေးကောက်ပွဲကိုလည်း လာမည့်မေလတွင် ပြုလုပ်ရန် သတ်မှတ်ပေးခဲ့သည်။

သမ္မတအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီးနောက် ပြောကြားသည့်ပါလီမန် မိန့်ခွန်းတွင် နိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ဆိုးရွားနေပြီး၊ နိုင်ငံ၏ ငွေကြေးကဏ္ဍနှင့် ဘဏ်စနစ်တို့မှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း တာချီနော့ဗ်က ၀န်ခံခဲ့သည်။

ထို့ပြင် အစိုးရသစ်ဖွဲ့စည်းရေးအတွက် အလျင်အမြန်ဆောင်ရွက်ကြရန်နှင့် နိုင်ငံ၏ စီးပွားရေးအခြေအနေကိုတိုးတက်အောင် ဆောင်ရွက်ရန် ဥပဒေပြုအမတ်များကို အမိန့်ပေးခဲ့သည်။

ရုရှားနှင့် ဆက်ဆံရေးထိခိုက်မည်ကို စိုးသောကြောင့် ဥရောပ၏ ကုန်သွယ်ရေး သဘောတူညီချက်အား လက်မှတ်ထိုးရန် အစိုးရက ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းတွင် နိုင်ငံရေးမငြိမ်သက်မှုဖြစ်လာသည်မှာ ၃ လကျော်ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တိုင်းပြည်၏ စီးပွားရေးအခြေအနေမှာလည်း ပြိုလဲမည့်အနေအထားတွင် ရှိနေသည်။

တာချီနော့ဗ်မှာ ရုရှားနှင့် ဆက်ဆံရေးတိုးတက်အောင် ကြိုစားသွားမည်ဟုဆိုသော်လည်း၊ နိုင်ငံ၏ ဦးစားပေးဆောင်ရွက်ချက်မှာ ဥရောပနှင့် ပူးပေါင်းရေးသာဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။ သမ္မတသစ်အား ခန့်အပ်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ယူကရိန်း၏ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ အကြံဥာဏ်ပေးမှုများ ပြုလုပ်ရန် ရုရှားနိုင်ငံက ၎င်းတို့၏ သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့သည်။

Ref: အေဂျင်ဆီ& ဆင်ဟွာ


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...