Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ပျောက်နေတဲ့ ယူကရိန်း သမ္မတဟောင်းအား ပြည်ထဲရေးဝန်ကြီးမှ ဖမ်းဝရမ်းထုတ်၊ လက်ရှိ အာဏာပိုင်များအား ရုရှား သတိပေး

$
0
0

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
M-Media

Vladimir_Putin_in_Ukraine_April_2011-1
- ယူကရိန်းနိုင်ငံ၏ သမ္မတဟောင်း ဗစ်တာယာနူကိုဗစ်ခ်ျအား ငြိမ်းချမ်းစွာ ဆန္ဒပြသော သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြင့် ဖမ်းဆီးရန် ခေတ္တပြည်ထဲရေး ၀န်ကြီးမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

လပေါင်းများစွာ နိုင်ငံရေး မငြိမ်မသက်ဖြစ်ပွားခဲ့မှုမှ လူများသေဆုံးသည်အထိ အရှိန်မြင့်လာခဲ့ပြီးနောက် ကိဗ်မြို့အား စွန့်ခွာသွားခဲ့သည့် သမ္မတဟောင်း ယာနူကိုဗစ်ခ်ျအတွက် ၀ရမ်းအား ထုတ်ပြန်ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး အာဆင် အေဗာကော့ဗ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် ရာဇ၀တ်မှုဆိုင်ရာ အမှုတစ်ခုဖွင့်ခဲ့ပြီး ယာနူကိုဗစ်ခ်ျနဲ့ အခြားသော တာဝန်ရှိသူတွေကို အလိုရှိသူ စာရင်းထဲ ထည့်ထားပါတယ်” ဟု အေဗာကော့ဗ်က ၎င်း၏ Facebook စာမျက်နှာတွင် လွှင့်တင်ထားသော ကြေညာချက် တွင် ရေးသား ဖော်ပြထားသည်။ သို့သော်လည်း ထိုဝရမ်းအား နိုင်ငံတော် တရားသူကြီးချုပ်က အတည်မပြုသေးပေ။

ပြီးခဲ့သည့် စနေနေ့တွင် ပါလီမန်၏ ဆုံးဖြတ်ချက်ဖြင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသော ယူနူကိုဗစ်ခ်ျအား ခရိုင်းမီးယားဒေသရှိ ၎င်း၏ ကိုယ်ပိုင်အိမ်တွင် နောက်ဆုံးတွေ့ခဲ့ရသည်ဟု Reuters သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။ ထို့ပြင် မည်သည့်နေရာတွင် ရောက်နေမှန်းမသိသည့် ယူနူကိုဗစ်ခ်ျအား ဖမ်းဆီးရန် ၀ရမ်းထုတ်မှုအပေါ် ရှုပ်ထွေးမှုများရှိနေသည်ဟု အလ်ဂျာဇီးရား သတင်းဌာနကဆိုသည်။

ယူကရိန်းနိုင်ငံ၏ လက်ရှိအစိုးရသစ်မှာ လက်နက်ကိုင် ပုန်ကန်မှုမှ တစ်ဆင့် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ရုရှား ၀န်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်က ပြောဆိုထားပြီး၊ ရုရှား၏ စီးပွားရေးဝန်ကြီးကလည်း ယူကရိန်းအနေဖြင့် ဥရောပသမဂ္ဂ၏ သဘော တူညီချက်ကို လက်မှတ်ထိုးပါက ရုရှား၏ သွင်းကုန် အခွန်များကို တိုးမြှင့်မည်ဟု သတိပေးထားသည်။

သမ္မတ တာဝန်ကို ယာယီယူထားသည့် အိုလက်ဆန်ဒါ တာချီနော့ဗ်က သမ္မတသစ် ရွေးကောက်ပွဲအတွက် သမ္မတ အမည်လောင်းများကို ဖေဖော်ဝါရီ ၂၅ ရက် (ယနေ့) မှ စ၍ အမည်စာရင်းတင်သွင်နိုင်မည်ဟု ယမန်နေ့ နေ့လည်ပိုင်းက ကြေညာခဲ့သည်။

ဓါတ်ပုံအညွှန်း – ဖြုတ်ချခံလိုက်ရတဲ့ ယူကရိန်း သမ္မတဟောင်းနှင့် ၄င်းကို ထောက်ခံအားပေးသူ ရုရှသမ္မတ ပူတင်

Ref: Al Jazeera and agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...