Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အမေရိကန်စစ်သား အင်အားလျှော့ချရန် ပင်တဂွန်စီစဉ်၊ ဒုတိယကမ္ဘာစစ် မတိုင်မီက အင်အားခန့်သာ ရှိတော့မည်

$
0
0

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
M-Media

- ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများက အချိန်အတော်ကြာ ကြိုတင်ဟောကိန်းထုတ်ထားသည့် စစ်အသုံးစားရိတ် ချွေတာရေးအတွက် အာဖဂန်မှ တပ်သားများပြန်ခေါ်ရေး ဆောင်ရွက်နေချိန်တွင်၊ အမေရိကန်၏ စစ်အင်အားကို လျော့ချမည့် အစီအစဉ် တစ်ခုအား အမေရိကန်အစိုးရမှ ချပြခဲ့သည်။

၂၀၁၅ နောက်ပိုင်း အမေရိကန်၏ စစ်အင်အားကို ၄၄၀၀၀၀နှင့် ၄၅၀၀၀၀ အကြား ပမာဏအထိ လျှော့ချရန် ပင်တဂွန်ကစီစဉ်နေသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ယမန်နေ့တွင် ပြောကြားခဲ့ပြီး ခေတ်သစ်အတွက် စစ်အင်အားကို ပြန်လည်ပြင်ဆင်ရန် အချိန်ကျပြီဟု ၎င်းက ဆိုသည်။

ထိုသတ်မှတ်ချက်ပြည့်မှီရန် အမေရိကန်အနေဖြင့် လက်ရှိစစ်အင်အားမှ တပ်သား ၅၀၀၀၀ ခန့် လျှော့ချရမည်ဖြစ်ကာ ဒုတိယကမ္ဘာစစ်စချိန် ၁၉၄၀ ခုနှစ်ကတည်းကစ၍ စစ်အင်အား အနည်းဆုံး ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် တင့်ဖျက်တိုက်လေယာဉ် A-10 အရေအတွက်ကိုလည်း လျှော့ချမည်ဖြစ်ပြီး ၂၀၁၅ တွင် သတ်မှတ်ထားသည့် စစ်အသုံးစားရိတ်နှင့် ကာမိစေရန် စစ်တပ်၏ စွမ်းအားကို လျှော့ချမည်ဟု ပင်တဂွန်က ဆိုသည်။

ဟေဂယ်ကမူ လေတပ်အနေဖြင့် A-10 တိုက်လေယာဉ်များကို လျှော့ချခြင်းမှာ F-35 တိုက်လေယာဉ်အတွက် စားရိတ်ရရန်နှင့် လေတပ်၏ အရေးကြီးသော အခြားလိုအပ်ချက်များ ဖြည့်တင်းရန်အတွက်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ် စစ်အသုံးစားရိတ်အတွက် ကန်ဒေါ်လာ ၆၈၂ ဘီလီယံ သုံးစွဲခဲ့ပြီး စစ်အသုံးစားရိတ် ကမ္ဘာ့ထိပ်ဆုံး ၁၀ နိုင်ငံပေါင်း ပမာဏထက်ပင် များပြားနေသည်။

Ref: Al Jazeera and agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...