Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ယူအေအီး၏ တတိယမြောက် ပြည်တွင်းဖြစ် ဂြိုဟ်တုကို အောင်မြင်စွာလွှင်တင်နိုင်ခဲ့

$
0
0

ဇန်န၀ါရီ ၂၇၊ ၂၀၁၈
M-Media

– အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံမှာ ၎င်းတို့၏ ပြည်တွင်းဖြစ် တတိယမြောက်ဆက်သွယ်ရေးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု သိရသည်။

Al Yah 3 ဟု အမည်ပေးထားသည့် အဆိုပါ ဂြိုဟ်တုကို အဘူဒါဘီအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Mubadala က ပိုင်ဆိုင်သည့် Yahsat မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၂၅ ရက်နေ့ ညနေပိုင်းတွင် ပြင်သစ်ပိုင် ဂီနီကျွန်းမှ Ariane 5 ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့သည်။

စောစောပိုင်းတွင် ဒုံးပျံမှာ အဆက်အသွယ် ပြတ်တောက်သည်ဟု သတင်းထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒုံးပျံဖြင့် ပါဝင်သွားသည့် Al Yah 3 ဂြိုဟ်တုနှင့် SES-14 ဂြိုဟ်တုတို့မှာ ထိန်းချုပ်စင်တာနှင့် အသီးသီး ချိတ်ဆက်မိသွားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

Al Yah 3 ဂြိုဟ်တုမှာ အာဖရိကပြည်သူ ၆၀ ရာခိုင်နှုန်းနှင့် ဘရာဇီးလ်လူဦးရေ ၉၅ ရာခိုင်နှုန်းကို အင်တာနက်ဆယ်သွယ်မှု ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။

ဂြိုဟ်တုအား တည်ဆောက်ရာတွင် ယူအေအီး သိပ္ပံပညာရှင်များလည်း ပါဝင်ခဲ့သည်။ Al Yah 3 မှာ Yahsat က ထုတ်လုပ်သည့် တတိယမြောက် ဂြိုဟ်တုဖြစ်ပြီး ၂၀၁၁ ခုနှစ်က Al Yah 1၊ ၂၀၁၂ ခုနှစ်တွင် Al Yah 2 တို့ကို အသီးသီး လွှတ်တင်နိုင်ခဲ့သည်။

Ref: KhaleejTimes



The post ယူအေအီး၏ တတိယမြောက် ပြည်တွင်းဖြစ် ဂြိုဟ်တုကို အောင်မြင်စွာလွှင်တင်နိုင်ခဲ့ appeared first on News @ M-Media.


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...