Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မြန်မာနိုင်ငံမှ အိမ်အကူ လုပ်ကိုင်မည့်သူများ ပထမအသုတ် ဟောင်ကောင်သို့ရောက်ရှိ

$
0
0

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
M-Media
nora0727
မြန်မာနိုင်ငံမှ ပထမဆုံး တရားဝင်အိမ်အကူ အလုပ်လုပ်ကိုင်မည့် အုပ်စုသည် ယမန်နေ့က ဟောင်ကောင်သို့ ရောက်လာသည်။ ထိုအုပ်စုတွင် အမျိုးသမီး ၁၉ ဦးပါဝင်ပြီး လာမည့်သုံးလအတွင်း နောက်ထပ်ဦးရေ ၂၀၀ ခန့် ထပ်မံရောက်ရှိဦးမည်ဟု ခန့်မှန်းထားသည်ဟု ၎င်းတို့၏ အလုပ်အကိုင် စီစဉ်ပေးသော အေဂျင်စီမှ ဆိုသည်။

အင်ဒိုနီးရှားနှ င့်ဖိလစ်ပိုင်မှ အိမ်အကူ လုပ်သားပေါင်း သုံးသိန်းခန့်မှာ ဟောင်ကောင်၌ ရှိနှင့်ပြီးဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဌာန၏ စာရင်းဇယားအရ မြန်မာနိုင်ငံသား ၄၇ ဦးမှာ ဟောင်ကောင်တွင် အလုပ်လုပ်လျက်ရှိသော်လည်း ၎င်းတို့မှာ ဟောင်ကောင်ဒေသခံတို့မှ တစ်ဦးချင်းခေါ်ယူသည့် အစီအစဉ်ဖြင့်ရောက်လာကြောင်း သိရသည်။

ဟောင်ကောင်မှ အိမ်ကူလုပ်သားများ အရေးလှုပ်ရှားသူများက မြန်မာအမျိုးသမီးများသည် စော်ကားခံရမှုတို့မှ မကာကွယ်နိုင်ဆုံးအုပ်စုဝင်များဖြစ်သည်ဟုဆိုသည်။

“ သူတို့ဟာ ကန်တုံ(ကွမ်းတုံ)နဲ့ အင်္ဂလိပ်ဘာသာ စကားမှာ အားနည်းကြတယ်။ အင်တာနက် ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးမပြုတတ်ဘူးဆိုတော့ အရှေ့တောင်အာရှဒေသအတွင်း အထိခိုက်နိုင်ဆုံး (အိမ်ဖော်) အုပ်စု ဖြစ်လာနိုင်ချေရှိတယ် ” ဟု Tom Grundy မှ ပြောကြားလိုက်သည်။

၎င်းတို့အားခေါ်ဆောင်လာသည့် Golden Mind အေဂျင်စီ၏အဆိုအရ လာမည့်နှစ်အတွင်း အိမ်အကူ လုပ်သားပေါင်း ၁၀၀၀ မှ ၂၀၀၀ အကြား ထပ်မံရောက်လာရန်ရှိကြောင်း သိရသည်။

Ref: AFP
Photo-South China Morning Post


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...