လားရှိုးအကြမ်းဖက်မှု SNLD သဘောထား ကြေညာချက်ထုတ်ပြန်
လားရှိုး ပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက်ပေါင်းစု (Unity for Peace Networks) ၏ သဘောထား ထုတ်ပြန်ချက်
မေ-၃၁-၂၀၁၃
M-Media
၂၀၁၃ ခုနှစ်၊ မေလ ၂၈၊ မှ စတင်ဖြစ်ပွားခဲ့သော လားရှိုးပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity for Peace) ၏ သဘောထား ထုတ်ပြန်ချက် တရပ်ကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရှိရပါသည်။
ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
Unity for Peace Networks
စာအမှတ် ၁/၂၀၁၃
၃၁-၅-၂၀၁၃
၂၀၁၃ ခုနှစ်၊ မေလ ၂၈၊ မှ စတင်ဖြစ်ပွားခဲ့သော လားရှိုးပဋိပက္ခ နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်ကွန်ရက်ပေါင်းစု (Unity for Peace) ၏ သဘောထား ထုတ်ပြန်ချက်
၁။၂၀၁၃ ခုနှစ်၊မေလ ၂၈ရက်တွင်ဖြစ်ပွားခဲ့သော မူးယစ်ဆေးစွဲစိတ်ဝေဒနာရှင်တ
၂။ အထက်ပါရာဇဝတ်မှုကိုအခွင့်ကော
၃။ လားရှိုးမြို့နေပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရခြင်းနှ
၎။ပဋိပက္ခနှင့်အကြမ်းဖက်မှုမျ
၅။လက်ရှိဖြစ်ပွားနေသောအကြမ်
၆။ လှုံ့ဆော်သူများ၊ အကြမ်းဖက်ကျူးလွန်သူများနှင
၇။ ဘာသာတရားများ၏ မူရင်း အဆုံးအမများဖြစ်ကြသော ငြိမ်းချမ်းရေး၊ မေတ္တာတရားတို့နှင့် ဆန့်ကျင် သွေဖည်သော အမုန်းတရားများကို ဘာသာသာသနာခေါင်းစဉ်တပ်ကာ ရိုးသားဖြူစင်သော အများပြည်သူတို့အား ဟောပြောစည်းရုံးလှုံ့ဆော်ခြင
၈။ လားရှိုးမြို့နေပြည်သူများ အနေဖြင့်လည်း နှစ်ပေါင်းများစွာ ဘိုးစဉ် ဘောင်ဆက် အချင်းချင်း ချစ်ကြည် ရင်းနှီးစွာဖြင့် အတူယှဉ်တွဲနေထိုင်လာကြသည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြပါရန် တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။
၉။ ပဋိပက္ခဖြစ်ပွားစဉ်အတွင်း ဒုက္ခရောက်သူများကို စာနာနားလည်စွာဖြင့် အကူအညီပေးခဲ့သော သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရဟန်းရှင်လူ ပြည်သူများကိုလည်း လှိုက်လှိုက်လှဲလှဲကျေးဇူးတင်
၁၀။ ဒီမိုကရေစီနိုင်ငံတော်သစ်ဖေ
Samsung မှ Galaxy S4 “Mini” ထုတ်မည်။
မေ-၃၀-၂၀၁၃
M-Media
တောင်ကိုရီးယားနိုင်ငံ၏ ဆမ်ဆောင်း ကုမ္ပဏီ မှ အလယ်လတ်တန်း လူတန်းစားများ အတွက် ထုတ်လုပ်ဖြန့်ဖြူးမည့် သူတို့၏ နောက်ဆုံးထုတ် Galaxy S4 smartphone ၏ ဗာရှင်း အသေးစား ကို ထုတ်လုပ်မည်ဖြစ်ကြောင်း ကြာသာပတေးနေ့က ကြေညာခဲ့သည်။
Galaxy S4 Mini တွင် ၄.၃ လက်မ ဖန်သားပြင်နှင့် ၁၀၇ ဂရမ်အလေးချိန်ရှိပြီး၊ သယ်ဆောင်ရ လွယ်ကူကြောင်း၊ လက်တစ်ဖက်ထဲနှင့် အသုံးပြုနိုင်ကြောင်း၊ ကုမ္ပဏီမှပြောပြခဲ့သည်။
ကျနော်တို့ လူတွေကို ရွေးချယ်ခွင့်ပေးချင်ပါတယ်။ S4 mini ကို အသုံးပြုပေမယ့် S4 ကို အသုံးပြုရသလို ခံစားရစေချင်ပါတယ်။ S4 နှင့် ပုံစံတူ အရွယ်အစား သေးငယ်ပေမယ့် လက်တွေ့မျာ အသုံးပြုရလွယ်ကူမှာဖြစ်တယ်လို့ ဆမ်ဆောင်းရဲ့ အိုင်တီနှင့် မိုဘိုင်း ဆက်သွယ်ရေးဌာန အကြီးအကဲ ဂျေကေ ရှင်း(J.K.Shin) ကပြောကြားခဲ့သည်။
S4 Mini ကိုထုတ်လုပ်ရခြင်းမှာ ပိုက်ဆံကိုချွေတာ သုံးစွဲသော အသုံးပြုသူများအတွက် လူကြိုက်များသော ထိပ်တန်းစာရင်းဝင် ဖုန်းများအား ပုံစံတူ ထုတ်လုပ်၍ မတူညီသော ဈေးများဖြင့်ရောင်းချသော ကုမ္ပဏီ၏ စီးပွားရေးဈေးကွက် တစ်ခုဖြစ်ကြောင်း သိရသည်။ Galaxy S4 Mini ၏ တန်ဖိုးနှင့် နှင့် ဈေးကွက် အတွင်းဖြန့်မည့် ရက် မသတ်မှတ်ရ သေးကြောင်း သိရသည်။
Galaxy S4 mini တွင် 1.7GHz dual core processor ပါဝင်ပြီး၊ 8.0-megapixel rear-facing camera နှင့် 1.9-megapixel HD front-facing camera တို့ပါဝင်ကြောင်းသိရသည်။
ဧပြီလ ၂၆ မှ စတင်ဈေးကွက်အတွင်း ရောက်ခဲ့သော အရည်အသွေးမြင့် ရုပ်သံစနစ်ပါသည့် ၅လက်မ ဖန်သားပြင်ပါသော Galaxy S4 သည် Samsung အတွက် ယနေ့အထိ အရောင်းအသွက်ဆုံးသော Smart Phone ဖြစ်ပြီး၊ ယခုလအတွင်း ကမ္ဘာအနှံသို့ ဖုန်းအလုံးပေါင်း ၁၀ သန်းကျော် ရောင်းချခဲ့ ရကြောင်းသိရသည်။
ကမ္ဘာ့ပေါ်တွင် မိုဘိုင်းလ်ဖုန်း အများဆုံး ထုတ်လုပ်သူ စာရင်းဝင်သည့် ဆမ်ဆောင်းဟာ S4 ကို အမေရိကန်နိုင်ငံ နှင့် အခြားနိုင်ငံများတွင်ရှိသော စမတ်ဖုန်း ဈေးကွက်များကို ထိုးဖောက်နိုင်ရန်မျှော်လင့်ကြောင်း၊ အဓိက ပြိုင်ဘက်ဖြစ်သော Apple ၏ ထုတ်ကုန်ဖြစ်သော IPhone အား ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
- AFP/fl
မန္တလေးမြို့တွင် ဘာသာရေးပဋိပက္ခဖြစ်စေမည့် စာအုပ်များဖြန့်ဝေပြီး ၉၆၉ တံဆိပ်များ လိုက်လံကပ်၍ လှုံ့ဆော်နေ
မေလ-၃၁၊ ၂၀၁၃
M-Media
ရဲရင့်သူ
မန္တလေးမြို့။ ။ မန္တလေးမြို့တွင် ဘာသာရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ပဋိပက္ခဖြစ်စေမည့် စာအုပ်များဖြန့်ဝေပြီး ၉၆၉ တံဆိပ်များကို လိုက်လံကပ်နေကြောင်း သတင်းရရှိပါတယ်။
ယင်းပဋိပက္ခဖြစ်စေရန် လှုံ့ဆော်မှုအား ဆက်သွယ်စုံစမ်းရာ မန္တလေးမြို့ ဈေးချိုအနီးအ၀ိုက်၊ ၂၇ လမ်း၊ ၈၃x၈၄ လမ်းကြားအတွင်းရှိ မိဘမေတ္တာ ကွမ်းယာဆိုင်မှ အဆိုပါ ဘာသာရေး ပဋိပက္ခ ဖြစ်စေမည့် စာအုပ်များ ဝေငှနေသည်ကို သိရပါတယ်။
“အစကတော့ မသန်းအေး (မိဘမေတ္တာကွမ်းယာဆိုင်)ရဲ့ ယောက်ျားက ၉၆၉ တံဆိပ်တွေ ဝေတယ်၊ ကျွန်မက မကပ်ချင်ဘူး။ ဆိုင်မှာ ဘုရားစင် ရှိတယ်ပြောတော့ သူက ခင်ဗျားဗုဒ္ဓဘာသာမဟုတ်ဘူးလားဆိုပြီး ပြောပြီး အတင်းကပ်သွားတယ်ဆိုင်မှာ။ နောက်ပြီး ပြောသေးတယ် ဒီတံဆိပ် မကပ်ထားရင် နင်တို့ဆိုင်ကို ကုလားဆိုင်နဲ့ မှားဖျက်ရင် တာဝန်မယူဘူးလို့လည်း ပြောတယ်။ တကယ်ဆိုရင် ကျွန်မတို့က ဒီနားလေးမှာ ဆိုင်လာဖွင့်တာပါ ကိုယ်ပိုင် ဆိုင်ခန်းလည်း မဟုတ်ပါဘူး။ ဒီနားက ဘာသာပေါင်းစုံ ဆိုင်တွေ ရှိပါတယ်၊ ဒီနေ့ကျ ဒီစာအုပ် လာပေးတယ်၊ မလိုချင်ဘူး ပြောတော့ ဇွတ်အတင်းပေးသွားတယ်”လို့ အဆိုပါစာအုပ်လက်ခံရရှိပြီးနှင့် ၉၆၉ တံဆိပ် ကပ်ခံရသူ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးမှ ပြောပြလာပါတယ်။
အဆိုပါ မိဘမေတ္တာ ကွမ်းယာဆိုင်သည် လမ်းဘေးတွင် တည်ခင်းဖွင့်သော ဆိုင်တစ်ဆိုင်ဖြစ်ပြီး စည်ပင်မှ လာဖမ်းလျှင် အမြဲတမ်း ပြေးနေရသော ဆိုင်ဖြစ်ကြောင်း၊ ၄င်းတို့နေထိုင်သည်မှာလည်း မြို့သစ်ထဲတွင် ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်နှင့် ဘာမှ သက်ဆိုင်ခြင်း မရှိကြောင်း ပဋိပက္ခဖြစ်စေရန် နေ့စဉ် သွေးထိုးနေကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။
ပြင်ဦးလွင်မြို့တွင် ပဋိပက္ခမဖြစ်ပွားရန် မြို့မရဲစခန်းက ကြိုတင်ပြင်ဆင်လျက်ရှိ
မေ(၃၁)ရက်၊ ၂၀၁၃ ခုနှစ်။
ကောင်းမြတ်ဖြိုး (မြစ်မခ ) /မြန်မာခရိုနီကယ်
လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပြင်ဦးလွင်မြို့သို့ ကူးစက်မှု မရှိစေရန်လုံခြုံရေးအတွက်ကြိုတင
“ကျွန်တော်တို့ အနေနဲ့တော့ ပြည်သူတွေ လုံခြုံရေးအတွက် တစ်ခုခုဖြစ်ရင် အမြန် ဆောင်ရွက်ပေးနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားပါတယ်”ဟု ပြင်းဦးလွင် မြို့မ ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်က ပြောသည်။
လက်ရှိဖြစ်ပွားနေသောပဋိပက္ခများန
“ကျွန်တော်တို့ ပထမကတော့ စိုးရိမ်မိတယ်၊ မြို့ထဲမှာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ကောလဟာလတွေကြား နေရတော့။ ဒါပေမဲ့ ပြင်ဦးလွင်က စစ်တပ်တွေများတော့ မဖြစ်ဘူးလို့တော့ထင်တာဘဲ။ ” ဟု ရပ်ကွက်ကြီး (၇)နေဒေသခံတစ်ဦးက ပြောသည်။
၂၀၁၃ ခုနှစ် မတ်လမှ မေလပိုင်းအတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ပြီး မတ်လပိုင်း တွင် မိထ္ထီလာမြို့၌ ဖြစ်ပွားခဲ့ပြီး မေလကုန်ပိုင်းတွင် လာရှိုးမြို့ ၌ ဖြစ်ပွား ခဲ့သည်။
လားရှိုးမြို့ပဋိပက္ခတွင် ပါဝင်ပတ်သက်သူ (၃၈)ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားကြောင်း ပုဂ္ဂလိက သတင်းစာများတွင် ဖော်ပြထားသည်။
ပြင်ဦးလွင်မြို့ ဒေသခံများအနေဖြင့် မိထ္ထီလာမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒုက္ခသည် ၂၀၀ ၀န်းကျင် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း NLD ပါတီမှ လယ်သမားအရေးဆောင်ရွက်နေသူ ကိုအောင်ကျော်ဆန်းက ပြောဆိုသည်။
မေ-၃၁၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
မေ-၃၁၊၂၀၁၃
M-Media
တရုတ်နိုင်ငံမှ ဟက်ကာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမည်
အမေရိကန် အဆင့်မြင့် စစ်လက်နက် နည်းပညာများကို တရုတ် ဟက်ကာများ ဖေါက်ထွင်း ရယူသွားမှုကို တရုတ်အစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်ဟု အမေရိကန် ကာကွယ်ရေး အတွင်းရေးမှူး ချက်ဟဂ္ဂလ်က ပြောဆိုသည်။
http://www.voanews.com/
အရှေ့ဂျေရုဆလင် အိမ်ယာနှင့်ပတ်သက်၍ ပါလက်စတိုင်းနှင့် အမေရိကန် စိတ်ပျက်
အစ္စရေး၏ အရှေ့ဂျေရုဆလင်တွင် အိမ်ယာ ဆောက်လုပ်မှုအသစ်များ ခွင့်ပြုခဲ့သောကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ထိခိုက်စေခဲ့သည်။
http://www.jpost.com/
Samsung ၏ ထုတ်ကုန်အသစ် အတွက် Intel ပရိုဆက်ဆာကို သုံးမည်
Galaxy Tab 3 10.1အတွက် ယခင် အသုံးပြုနေကျ ARM ပရိုဆက်ဆာကို မသုံးပဲ Intel ပရိုဆက်ဆာ Clover Trail+ ကို ပြောင်းလဲ အသုံးပြုမည် ဟုဆိုသည်။
http://www.reuters.com/
အမေရိကန် အိုကလာဟိုးမားမြို့သို့ လေဆင်နှာမောင်းတိုက်ခတ်
အိုကလာဟိုးမားမြို့သို့ အင်္ဂါနေ့က အနည်းဆုံး သုံးကြိမ် လေဆင်နှာမောင်း တိုက်ခတ်ခဲ့ ပြီး အာကန်းဆတ်တွင်လည်း နှစ်ကြိမ် တိုက်ခတ်ခဲ့သည်။ အနည်းဆုံး လူကိုးဦးခန့် ဒါဏ်ရာရရှိခဲ့သည်။
http://www.guardian.co.uk/
လာအိုနိုင်ငံမှ မြောက်ကိုရီးယားနိုင်ငံသား ခိုလှုံလာသူများကို ပြန်ပို့
တောင်ကိုရီးယားနိုင်ငံက ပြန်မပို့ရင် တောင်းဆိုခဲ့သော်လည်း လာအိုနိုင်ငံသည် တရုတ်နိုင်ငံမှတဆင့် မြောင်ကိုရီးယား ခိုလှုံလာသူ ကိုးဦးအား အင်္ဂါနေ့ကပြန်ပို့လိုက်သည့်အတွက်
http://www.bbc.co.uk/news/
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ် တရုတ်နှင့် ဆိုက်ဘာ ခြိမ်းခြောက်မှုကို ဆွေးနွေးမည်
အမေရိကန်သည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအား ဆိုက်ဘာခြိမ်းခြောက်မှုများ သက်သာစေရန် လမ်းကြောင်းဥပဒေများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ ချတ်ခ် ဟက်ဂယ်က ကြာသပတေးနေ့တွင် ပြောကြားသည်။
Myanma Age Media
Samsung မှ Galaxy S4 “Mini” ထုတ်မည်
တောင်ကိုရီးယားနိုင်ငံ၏ ဆမ်ဆောင်း ကုမ္ပဏီ မှ အလယ်လတ်တန်း လူတန်းစားများ အတွက် ထုတ်လုပ်ဖြန့်ဖြူးမည့် သူတို့၏ နောက်ဆုံးထုတ် Galaxy S4 smartphone ၏ ဗာရှင်း အသေးစား ကို ထုတ်လုပ်မည်ဖြစ်ကြောင်း ကြာသာပတေးနေ့က ကြေညာခဲ့သည်။
http://www.m-mediagroup.com/
အစ္စရေး နိုင်ငံ၏ မည်သည့် ကျူးကျော် ရန်စမှုမျိုးကို မဆို ချက်ချင်း တုံ့ပြန်သွားမည်ဟု ဆီးရီးယား ပြောကြား
အနာဂတ် ကာလတွင် အစ္စရေး အစိုးရဘက်မှ ပြုလုပ်လာမည့် မည်သည့် တိုက်ခိုက်မှုကို မဆို မိမိတို့ အနေဖြင့် ချက်ချင်းတုံ့ပြန် သွားမည်ဖြစ်သည်ဟု မေ ၂၉ ရက်တွင် လက်ဘနွန် ရုပ်သံဌာန တစ်ခုနှင့် ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်း တစ်ခု၌ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါလစ် အယ်လ်မူအလမ်က ပြောကြားသည်။
(မြဝတီ)
ဗိုဒါဖုန်း နှင့် ချိုင်းနားမိုဘိုင်း ကုမ္ပဏီ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ရန် ဆုံးဖြတ်
မေ-၃၁၊၂၀၁၃
M-Media
ဗိုဒါဖုန်း(Vodafone) နှင့် ချိုင်းနားမိုဘိုင်း(China Mobile) ကုမ္ပဏီ မြန်မာပြည်တွင် မိုဘိုင်းအော်ပရေတာ အဖြစ် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ရန် ဆုံးဖြတ်
ဗြိတိန်အခြေစိုက် ဗိုဒါဖုန်း(Vodafone) မိုဘိုင်းဖုန်း ကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် ချိုင်းနားမိုဘိုင်း(China Mobile) မိုဘိုင်းဖုန်းကုမ္ပဏီနှစ်ခုတို့သည် မြန်မာအစိုးရမှ သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းများမှာ ၎င်းတို့နှင့် ကိုက်ညီမှုမရှိခြင်းကြောင့် မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့် လိုင်စင်ရရန် လျှောက်ထားမှုမှ နှုတ်ထွက်တော့မည်ဟု ကြေညာ လိုက်သည်။
မြန်မာအစိုးရမှ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများကို နှစ်ခုမှ လေးခုအထိတိုးမြှင့်ရန် စီစဉ်ခဲ့ခြင်းကြောင့် ကမ္ဘာပေါ်တွင် ပထမနှင့် ဒုတိယအကြီးဆုံး မိုဘိုင်ဖုန်းဝန်ဆောင်မှုပေးသည့် အဆိုပါ ကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင် လုပ်ပိုင်ခွင့်လိုင်စင်ရရန်အတွက် အစိုးရအား လျှောက်ထားခဲ့သည်ဟု ဧပြီလက ထုတ်ဖော်ပြောကြားခဲ့သည်။
“မေလ ၂၀ ရက်နေ့က ကြေညာတဲ့ လိုင်စင်နဲ့ပက်သက်တဲ့ နောက်ဆုံး ထုတ်ပြန်ချက်ပြီးတဲ့နောက် ဗိုဒါဖုန်းနဲ့ ချိုင်းနားမိုဘိုင်းတို့က သတ်မှတ်ကျင့်သုံးတဲ့ ရင်းနှီးမြှုပ်နှံမှု စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဒီရင်းနှီးမြှုပ်နှံမှုကို မလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။” ဟု ဗိုဒါဖုန်း ကုမ္ပဏီက ဆိုသည်။
Ref: ရိုက်တာ
ဘာသာရေးကို အစွဲပြုပြီး အကြမ်းဖက်မှုဖြစ်စေရန် မြင်းမူမြို့တွင် ဖန်တီးလှုံ့ဆော်
ဇွန်လ-၁၊ ၂၀၁၃
M-Media
ထွန်းတောက်
မြင်းမူမြို့။ ။ ဘာသာရေးကို အစွဲပြုပြီး အကြမ်းဖက်မှုများပြုလုပ်ရန်အတွက် မြင်းမူမြို့ မင်းရဲကျော်စွာရပ်ကွက်၌ ယမန်နေ့ မေလ ၃၁-ရက် ည (၁၀း၃၀)နာရီခန့်က အကြမ်းဖက်သမားတစ်စုက ဖန်တီးခဲ့သော်လည်း ပြဿနာကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ပဲ ပြန်လည် တည်ငြိမ်အေးဆေးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ယင်းသို့ အကြမ်းဖက်မှုဖြစ်စေရန် ဖန်တီးလှုံ့ဆော်ခဲ့မှုနှင့်ပတ်သက်၍ မြင်းမူမြို့သို့ ဆက်သွယ်စုံစမ်းခဲ့သည်။ “ဟုတ်ပါတယ်။ မြင်းမူမြို့မှာ အခြေအနေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ မနေ့ညက ၁၀-နာရီခွဲလောက်က ဖြစ်သွားတာပါ။ ဖြစ်တာက မင်းရဲကျော်စွာရပ်ကွက်ထဲက ဦးသိန်းမောင်ဆိုတဲ့ မွတ်စလင်မ်တစ်ယောက်ရောင်းတဲ့ ထတ္တရာဆိုင်အနားမှာ လူ ၁၀-ယောက်လောက်က တုတ်တွေကိုင်ပြီး လာစုနေတယ်။ ဟုတ်ပါတယ် မင်းရဲကျော်စွာဆိုတာ မွတ်စလင်မ်တွေအများစုနေတဲ့ရပ်ကွက်ပါ။ အဲဒီနားမှာက မွတ်စလင်မ်တွေပဲရှိတာ။ ဗုဒ္ဓ ဘာသာက ၂-ဦးလောက်ပဲရှိတာ။ အဲဒါကိုတွေ့တော့ ဘာဖြစ်ပြီလဲ မသိဘူး။ အခြေအနေတော့ မကောင်းဘူးလို့ သိလိုက်တယ်။ အဲဒီနားမှာ လူတွေက စုရုံးစုရုံးဖြစ်သွားတယ်။ ကျွန်တော်တို့ မြင်းမူမှာက ဘာသတင်းမှ မကြားထားဘူးဗျ။ ဗုဒ္ဓဘာသာဘက်ကလည်း သတင်းထွက်တာမရှိဘူး။ မထင်ထားတော့ ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တာ။ အဲဒီမှာ လူကြီးတွေ ကလေးတွေအတွက် စိတ်ပူပြီး တချို့လည်း ရှောင်သွားလိုက်ကြတယ်။ ဒီမှာ လူလတ်ပိုင်းတွေပဲ ကျန်ခဲ့တာပေါ့ဗျာ။
ခုနကပြောသလို လူစုနေပြီးတော့ မိနစ် ၂၀-လောက်နေတော့ Light Truck ကားတစ်စီးရောက်လာတယ်။ ကားပေါ်မှာ ဘုန်းကြီး ၇-၈ ပါးပါတယ်။ လူတွေလည်းပါတယ်။ တုတ်တွေ ဓါးတွေနဲ့ဗျ။ လူတွေကတော့ မြင်းမူမြို့ အစွန်အဖျား ဆင်းရဲသားရပ်ကွက်က လူတွေဗျ။ ပြီးတော့ မနေ့ညနေ ၆-နာရီခွဲလောက်က မြင်းမူမြို့ထဲကို ၀င်လာတဲ့ Dina ကားတစ်စီးရဲ့ ခေါင်မိုးပေါ်မှာ ဘုန်းကြီးတွေ အပြည့်နဲ့ ၀င်လာတာ တွေ့လိုက်ရတယ်။ အဲဒီ ဘုန်းကြီးတွေက မင်းကျောင်းမှာ တည်းနေတယ်လို့ သိရတယ်ဗျ။ အခုတက်လာလည်း အဲ့ဒီ အရှေ့ကပဲ တက်လာတာဗျ။
အဲဒီ Light Truck ကားရောက်လာပြီး မကြာဘူး ရဲတွေ မော်တော်ပီကယ်တွေ ရောက်လာပြီး လူစုခွဲဖို့ပြောတယ်။ ဖြစ်တဲ့ ထတ္တရာဆိုင်နားမှာနေတဲ့ ဗုဒ္ဓဘာသာအမျိုးသားကလည်း ဒီလိုအကြမ်းဖက်မှု ပြဿနာတွေ မဖြစ်စေချင်ဘူး။ သူကတည်း အတင်းကို တောင်းပန်ပြီး မွတ်စလင်မ်တွေကလည်း ပြဿနာ မရှိပါဘူး။ အေးအေးဆေးဆေးနေတာပါလို့ တောင်းပန်တယ်။ လူတွေ အဲလို စုရုံးစုရုံးဖြစ်နေတာကို လူစုခွဲဖို့ ပြောနေပေမယ့် ဘုန်းကြီးတွေက လူစုခွဲစရာမလိုဘူး၊ မခွဲနဲ့ဆိုပြီးပြောတယ်။ ဒါပေမယ့် ၂၅ မိနစ်လောက်ကြာပြီးတော့ လူစုခွဲသွားပါတယ်။
အာဏာပိုင်အနေနဲ့တော့ လာတာက ရဲနဲ့ လုံထိန်းတော့ရှိတယ်။ ဖြစ်တဲ့နေရာနားမှ နည်းနည်းပဲ စောင့်နေတော့တယ်။ လုံခြုံရေးကတော့ ပတ္တရောင်ပုံစံမျိုး ဆိုင်ကယ်တွေနဲ့ ပတ်နေတယ်။ အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ အေးဆေးသွားပြီဆိုပေမယ့် ကျွန်တော်တို့တော့ စိတ်မချနိုင်သေးပါဘူး။ လူကြီးတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် စိုးရိမ်နေရပါတယ်။ ဘာပြဿနာမှ မဖြစ်စေချင်ပါဘူး”လို့ M-Media ရဲ့ ဆက်သွယ်မေးမြန်းချက်ကို မြင်းမူမြို့ခံမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
Photo-Google
ရီးရဲလ်မက်ဒရစ် မှ UAE အခြေစိုက် အီမီရိတ်စ် လေကြောင်းလိုင်း တံဆိပ် အင်္ကျီ ဝတ်ရန် စပွန်ဆာ စာချူပ်ချုပ်
ဇွန်-၁၊၂၀၁၃
M-Media
မက်ဒရစ်: အီမီရိတ်စ်လေကြောင်းလိုင်း (Emirates airline) ၏ စပွန်ဆာ အားကစားဝတ်စုံအား ဘောလုံးရာသီ ၅ ရာသီခန့် ၀တ်ဆင်ရန် ရီးရဲလ်မဒရစ်အသင်းမှ သဘောတူညီခဲ့သည်။
“ ကမ္ဘာကျော် အမှတ်တံဆိပ်နှစ်ခုအဖို့ ကာလ အသစ်တစ်ရပ်ဖြစ်ပြီး၊ ကျွန်တော်တို့ကိုလည်း အောင်မြင်မှုအသစ်တွေကို သယ်ဆောင်ပေးပါလိမ့်မယ် ” ဟု ရီးရဲလ်မဒရစ်ကလပ် အသင်းဥက္ကဌ ဖလိုရန်တီနို ပါရဇ် (Florentino Perez) မှ ကြာသပတေးနေ့၊ ဗာနဗြူး (Bernabeu) အားကစားရုံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြိုင်ဖက်မရှိ ရွေးချယ်မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီး နောက်အပတ်အတွင်း၌ ဥက္ကဌနေရာကို ဆက်လက်တာဝန်ယူသွားမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် ပါရဇ်က “ ကလပ်၏ သမိုင်းကြောင်းတွင် ချုပ်ဆိုခဲ့သောစာချုပ်များအနက် ယခုစာချုပ်သည် အရေးအကြီးဆုံးဖြစ်သည် ” ဟုပြောကြားခဲ့သည်။
စပွန်ဆာပေးမှု၏ ပမာဏကို အတိကျထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း မီဒီယာသတင်းအရ တစ်နှစ်လျှင် ယူရိုသန်း ၃၀ ($38.90 million) အထိ ရှိမည်ဖြစ်ကြောင်း သိရသည်။
၎င်းရှပ်အင်္ကျီများရှိ အဖြူရောင် အစင်းကြောင်းတွင် ‘ Fly Emirates ’ – အီမီရိတ်စ်နှင့် အတူပျံသန်းပါ ဟူသော အီမီရိတ်စ်၏ ကြော်ငြာဆောင်ပုဒ်ကို ရိုက်နှိပ်ထားမည်ဖြစ်သည်။
လွန်ခဲ့သော ၆ နှစ်အထိ ရီးရဲလ်မဒရစ်၏ အားကစား အကျီင်္များအား Bwin အမည်ရှိ အွန်လိုင်းလောင်းကစား ကုမ္ပဏီ မှ စပွန်ဆာပေးခဲ့ပြီး ၊ ယခုအခါ ၄င်းကုမ္ပဏီအား ဒူဘိုင်းအခြေစိုက် သွင်းကုန်ထုတ်ကုန် ကုမ္ပဏီအဖြစ် အစားထိုးလိုက်ကြောင်း ဘီဝင်း၏ အတိုင်ပင်ခံကုမ္ပဏီဖြစ်သော Sport+Markt က ပြောကြားခဲ့သည်။ ၄င်း စပွန်ဆာသဘောတူညီမှုသည် တစ်နှစ်လျှင် ယူရို ၂၃ သန်း ၀န်းကျင်ရှိကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
Bwin ကုမ္ပဏီသည် ဆိုရှယ်လ်မီဒီယာ၊ ဂိမ်း နှင့် မိုးဘိုင်းဖုန်းဆိုင်ရာအွန်လိုင်းနည်း ပညာဖက်သို့ ပြောင်းလဲလုပ်ဆောင်ပြီးလျှင် ၄င်းသည် ကလပ်၏ နောက်နှစ်ပေါင်းမြောက်များစွာအတွက် ဒီဂျစ်တယ် လက်တွဲဖက် ဖြစ်လာမည်ဟု မဒရစ်ကလပ်မှ အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
လေကြောင်းလိုင်းနှင့် စာချုပ်ချုပ်ဆိုမှုသည် ရီးရဲလ်မဒရစ်အား သူ၏ ပြိုင်ဘက်များနှင့် ပို၍ပခုံးယှဉ်လာစေခဲ့ပြီး၊ အထူးသဖြင့် လာလီဂါဖလားချန်ပီယံဖြစ်သော ဘာဆီလိုနာအသင်းနှင့် ထိပ်တိုက်တွေ့ဖွယ်ရှိနေသည်။ ဘာဆီလိုနာအသင်းသည်လည်း ကာတာဖောင်ဒေးရှင်းမှ ၂၀၁၆ ခုနှစ် တိုင် ယူရိုသန်း ၃၀ နီးပါး အားကစားအင်္ကျီအား စပွန်ဆာပေးထားသည်။
ယမန်နှစ် ဘောလုံးရာသီတွင် ရီးရဲလ်သည် ယူရိုသန်း ၅၀၀ ကျော် ၀င်ငွေရရှိသော ပထမဆုံး ကလပ်အသင်းအဖြစ် စာရင်းဝင်ခဲ့သည်ဟု Deloitte’s Football Money League က ဇန်န၀ါရီလ၌ စာရင်းထုတ်ပြန်ခဲ့သည်။
ယူရိုသန်း ၅၁၃ သန်းရရှိခဲ့သဖြင့် ရီးရဲလ်အသင်းသည် ပထမနေရာတွင်လည်းကောင်း၊ ဘာကာကလပ်သည် ယူရို ၄၈၃ သန်းဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ မန်ချက်စတာယူနိုက်တက်သည် ၃၉၆ သန်းဖြင့် တတိယနေရာတွင်လည်းကောင်း ရောက်ရှိခဲ့သည်။
လွန်ခဲ့သောနှစ်က ဘောလုံးကလပ်များအတွက် ဈေးအမြင့်ဆုံးစပွန်ဆာကို ယူနိုက်တက်မှ ရရှိခဲ့ကာ၊ ၄င်းတို့၏ General Motors’s Chevrolet အမှတ်တံဆိပ်ပါ အနီရောင် အားကစားအင်္ကျီကို ၂၀၁၄ ခုနှစ်မှစတင်၍ ၇ နှစ်နှစ်တိုင် ၀တ်ဆင်ရန် စာချုပ်ချုပ်ဆိုခဲ့ပြီး ၄င်းစာချုပ်၏တန်ကြေးမှာ $ 599 သန်းဖြစ်သောကြောင့် ဘောလုံးလောက၌ ကြေးအကြီးဆုံးဖြစ်ခဲ့သည်။
ရီးရဲလ်၏ ၂၀၁၂-၁၃ ရာသီပွဲစဉ်သည် စနေနေ့တွင်ပြီးဆုံးမည် ဖြစ်သည်။ ယခုနှစ်အတွက် သူတို့သည် အဓိကဖလားအား မရယူနိုင်ခဲ့သလို၊ လာလီဂါပွဲတွင် ဒုတိယနေရာသာရရှိ၍၊ ချန်ပီယံလိဂ်တွင်လည်း စီမီးဖိုင်နယ်၌ ရှုံးနိမ့်ခဲ့သည်။ ထို့အပြင် လွန်ခဲ့သော နှစ်ပတ်က မြို့ခံပြိုင်ဖက်ဖြစ်သော အတ်လက်တီကိုမဒရစ်အသင်းအား King’s Cup ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
Ref:REUTERS
မူဆယ်မြို့တွင် ၉၆၉ လှုံ့ဆော်မှုများပြုလုပ်နေ
ဇွန်လ-၁၊ ၂၀၁၃
M-Media
ရှမ်းကိုကို(မူဆယ်)
မူဆယ် ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ၉၆၉ အဖွဲ့အား တရားဝင်သည်ဟု မြို့နယ် သာသနာရေးမှူးကိုယ်တိုင်ပြောဆိုခဲ့ပြီး မွတ်စလင်မ်များကိုလည်း လိုက်လံ စည်းရုံးပြောဆိုနေကြောင်း သတင်းရရှိသည်။
မူဆယ်မြို့တွင် ၉၆၉ လှုံ့ဆော်မှုများ လွန်စွာအားကောင်းနေပြီး စီးပွားရေးခိုင်မာတောင့်တင်းသူများမှ ယင်းလှုပ်ရှားမှုကို ဦးဆောင်မှု့ပေးနေပါတယ်။ ၉၆၉ အဖွဲ့ဝင်ပါက ဆိုင်ကယ်တစ်စီးပေးမည်ဟု မဲဆွယ်သတင်းလွှင့်မှုများ ရှိနေပြီး ၉၆၉ အဖွဲ့ဟုဆိုတာ မူဆယ်မြို့အ၀င် လွယ်တိမ်ခမ်းဘုရားကုန်းပေါ်တွင် ရုံးခန်းဖွင့်လှစ်ပြီး လှုံ့ဆော်နေကြောင်းသိရပါတယ်။ ၉၆၉ အဖွဲ့ ဥက္ကဌမှာ နောင်ရိုးကွမ်းယာပိုင်ဆိုင်ရှင်ဖြစ်ပြီး အဆိုပါကွမ်းယာ ဆိုင်ပိုင်ရှင်သည် ကွမ်းယာဆိုင်ဖွင့်ထားသော်လည်း အခြားသော စီးပွားရေးလုပ်ငန်းများဖြင့် မူဆယ်တွင် လူချမ်းသာ စာရင်းဝင်များဖြစ်ပါသည်။ ယင်း ၉၆၉ အဖွဲ့သည် တရားဝင်ဖြစ်ကြောင်းပြောဆိုပြီး မြို့နယ် သာသနာရေးမှူးမှ မွတ်စလင်မ်များအား လိုက်လံစည်းရုံးပြောဆိုနေကြောင်းလည်း သိရသည်။
“မေ ၃၀-ရက်နေ့ကစတင်၍ မူဆယ်တွင် ပြဿနာဖြစ်စေရန် ဖန်တီးနေသော်လည်း ဒေသခံရှမ်းတိုင်းရင်းသားမှ ၀င်ရောက်ကာကွယ်ပေးနေမှုကြောင် အကြမ်းဖက်မှု မအောင်မြင်ခြင်းကို ၉၆၉ အဖွဲ့များက မကျေနပ်မှုများရှိနေကြပါတယ်။
မြန်မာပြည်မမှ ရှမ်းပြည်နယ်သို့ လာရောက်စီးပွားရှာနေသော ဗမာများကို ဆူပူမူဖြစ်အောင်ဆက်လက် ဖန်တီးမည်ဆိုပါက ရှမ်းပြည်ပြင်ပသို့ မောင်းထုတ်သွားမည်ဟု ဒေသခံရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များကပြောပါတယ်။ လက်ရှိမူဆယ်မြို့မှ ဒေသခံမွတ်စလင်တို့မှာ တရုတ်ပြည် ရွှေလီ ကျယ်ခေါင်မြို့များသို့ သွားရောက်တိမ်းရှောင်ခိုလှုံနေကြရပါတယ်”လို့ ဟုလည်း မူဆယ်မြို့ခံတဦးက ဖုန်းဖြင့် M-Media ကို အသိပေးအကြောင်းကြားလာပါတယ်။
စင်ကာပူတွင် မြန်မာအင်ဂျင်နီယာ တစ်ဦးကို တစ်နိုင်ငံတည်းသား မြန်မာ လုပ်သားမှ သတ်ဖြတ်မှုဖြစ်ပွား
Google မှ အသုံးပြုသူတို့၏ အချက်အလက်များကို FBI အားပေးအပ်ရန် အမေရိကန် တရားရုံးမှ အမိန့်ချ
ဇွန်-၁၊၂၀၁၃
M-Media
Federal Bureau of Investigation (FBI) ၏ တရားဝင် ၀ရမ်းထုတ်ပြန်ထားမှု မရှိသော စစ်ဆေးမှုများအတွက် ထောက်လှမ်းရေးလုပ်ငန်းစဉ် အကူအညီအလို့ငှာ အင်တာနက်တွင် လူသုံးအများဆုံး Google သည် အသုံးပြုသူများ၏ အချက်အလက်များအား ပေးရမည်ဟု အမေရိကန်တရားရုံး မှ အမိန်ချမှတ်လိုက်ကြောင်း သိရသည်။
အစိုးရမှ ဆက်သွယ်ရေးကုမ္ပဏီများ၊ အင်တာနက်လုပ်ငန်း ၀န်ဆောင်သူများ နှင့် ဘဏ်များ စသည်တို့ထံ ထုတ်ပြန်ပေးထားသည့် အမျိုးသားလုံခြုံရေးစာများမှာ ဥပဒေအရအကျုံးမ၀င်၊ မလိုအပ်ကြောင်း Google ၏လျှောက်လဲချက်ကို တရားသူကြီး ဆူဆန် အိလ်စတွန်(Susan Illston) မှ ပယ်ချခဲ့သည်ဟု Associated Press မှ စနေနေ့သတင်းတွင်ဖော်ပြခဲ့သည်။
USA Partiot Act အပြီးတွင် တရားသူကြီးထံမှ ခွင့်ပြုမိန့်ရယူရန် မလိုအပ်သော အမိန့်စာများအား စတင်ထုတ်ပြန်မှုကို FBI မှ စတင်ဆောင်ရွက်ခဲ့သည်။
ငွေကြေးစာရင်းများ နှင့် တယ်လီဖုန်းမှတ်တမ်းများအပါအ၀င် ပုဂ္ဂိုလ်ရေးအချက်အလက်များအားရယူသိမ်းဆည်းရန် ထုတ်ပြန်သော ၄င်းအမိန့်စာများမှာ အမျိုးသားလုံခြုံမှုထိန်းသိမ်းရေးအသွင်ဖြင့် ကိုယ်ရေးကိုယ်တာထိခိုက်ခြင်းကို ဖြစ်ပွားလာစေသည်။
အိလ်စတွန်သည် Google အား FBI မှတောင်းဆိုချက်ကိုလိုက်နာရန် မေလ ၂၀ ရက်နေ့တွင် အမိန့်ချမှတ်လိုက်သည်။
သို့သော်လည်း 9th US Circuit Court of Appeals အမေရိကန် အယူခံဌာနမှ ဆုံးဖြတ်ချက်မပေးခင်အထိ သူမ၏အမိန့်အား ဆိုင်းငံထားမည် ဖြစ်ကြောင်းသိရသည်။
ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Google ကုမ္ပဏီသည် မိမိမှတင်ပြခဲ့သော အယူခံစာ ၁၉ စောင်တွင် FBI၏ သီးသန့်အချက်အလက်များတောင်းဆိုချက်မှာ လုပ်ထုံးလုပ်နည်းနှင့် မလျော်ညီသည့်တိုင် ပေးအပ်သင့်သည်ဟု သူမကပြောကြားခဲ့သည်။ ရှိသောအချက်အလက်များအရ FBI သည်လိုအပ်သော ကိုယ်ပိုင်အချက်အလက်များအား ၄င်းစာများတွင်ပါရှိသော အချက်အလက်များ အတိုင်းတောင်းခံခြင်းမရှိခဲ့သော၊ ၄င်း တောင်းခံမှုကို ပိတ်ပင်မည်ဖြစ်သည် ဟုသူမကထည့်သွင်းပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကိုပြည်နယ်မှ တရားသူကြီးက FBI ၏အထက်တန်းအရာရှိ ၂ ဦးကို ကျမ်းသစ္စာကျိန်ဆိုမှုလက်ခံပြီးမှ စာ ၁၉ စောင်၌ ၁၇ စောင်အား ထုတ်ပြန်ခြင်းဖြစ်သည်။ ကျန်စာနှစ်စောင်တွင် အချက်အလက်များ ထပ်မံလိုအပ်နေသေးသည်ဟု သူမက ထပ်မံပြောဆိုသည်။
၂၀၀၇ ခုနှစ်တွင် အမေရိကန်နိုင်ငံတရားရေးဌာန(US Justice Department) ၏ စုံစမ်းစစ်ဆေးရေး အရာရှိချုပ်မှ FBI သည် အမိန့်စာပါ အချက်အလက်များအားဖောက်ဖျက်ခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း၊ ၄င်းဖောက်ဖျက်မှုတွင် အရေးပေါ်အခြေအနေမဟုတ်၊ ဆီလျော် လျောက်ပတ်သည့် ခွင့်ပြုချက်ဘောင်လည်းမ၀င်ဘဲ အချက်အလက်များကို တောင်းခံခြင်းများ ပါဝင်ကြောင်းသိရသည်။
၂၀၁၁ ခုနှစ်အတွင်း FBI သည် လူပေါင်း ၇၂၀၁ ယောက်၏ ကိုယ်ပိုင် အချက်အလက်များအား အမျိုးသား လုံခြုံရေးအကြောင်းဖြင့် တောင်းခံစာ ၁၆၀၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း သိရသည်။
MR/NN
Ref: Press TV
ရ၀မ်ဒါမျိုးဖြုတ် သုတ်သင်မှုနှင့် ဆင်တူနေသည့် မြန်မာပြည် (ဘာသာပြန် ဆောင်းပါး)
ဇွန်-၂၊၂၀၁၃
ဘာသာပြန်-သာကီထက်ကောင်း
မျိုးဖြုတ်သုတ်သင်ခြင်း၏ရှေ့ပြေးလက္ခဏာများဖြစ်သော လူမျိုးစုသန့်စင်ဖယ်ရှားရေးနှင့် လူသားဖြစ်မှုကိုဆန့် ကျင် ကျူးလွန်သည့်ပြစ်မှုများမှာ မြန်မာနိုင်ငံတွင် ပေါ်လွင် ထင်ရှားလျက်ရှိသည်။ သို့ သော် မြန်မာအများစုက ငြင်းဆန်ပယ်ချနေဆဲ။
လူ့အခွင့်အရေး လှုပ်ရှားသူများလည်း ၄င်းတို့အထဲပါဝင်နေသည်။ Human Rights Education Institute of Burma (HREIB) ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း က လွန်ခဲ့သောလ အတွင်း ထုတ်ပြန်သည့် လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့ Human Rights Watch ၏ ရခိုင်အကြမ်းဖက်မှုအစီရင်ခံစာ၌ ပါဝင်သော လူမျိုးစုသန့်စင်ဖယ်ရှားရေး (“ethnic cleansing”) ဟူသည့် အသုံးအနှုန်းကို လက်မခံနိုင်ကြောင်း ဆိုသည်။
ထိုအသုံးအနှုန်းကို ကန့်ကွက်ငြင်းဆိုခြင်း (၀ါ) HRW အစီရင်ခံစာကို သွယ်ဝိုက်ငြင်းဆိုခြင်း သည် ရိုဟင်ဂျာများအပေါ် ကြီးမားသောချိုးဖောက်မှုများ၊ စိတ်တိုင်းကျ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေနိုင်သည့် အခြေအနေများရှိနိုင်သည်ဆိုသည့်အချက်ကို ဖုံးကွယ်ပေးလိုက်ခြင်း ဖြစ်သည်။ ဤသို့ ဖြင့် ရာဇ၀တ်သားတို့ကို ကာကွယ်ပေးရာရောက်စေသည့် အပြင် ကျူးလွန်ဖောက်ဖျက်မှုများကို စုံစမ်း စစ်ဆေးရန်နှင့် ကာကွယ်သင့် ကာကွယ်ထိုက်သည်များကို ပြင်ဆင်ရန်လိုအပ်ပြီဟူသော သတိပေးချက်ကို ကြိုတင် ပိတ်ဆို့ လိုက်ခြင်းသာဖြစ်သည်။
ကြီးမားသောချိုးဖောက်မှုများထင်ရှားနေပါလျက် ဆိတ်ဆိတ်နေခြင်းက လူမိုက်အားပေးအ ဆိပ်ပင်ရေလောင်းခြင်းဖြစ်သည်။
ဂျီနိုဆိုဒ် သည် “ဖြစ်ရပ်”ချည်းမဟုတ်၊ လှုပ်ရှားမှု “ဖြစ်စဉ်” ဖြစ်
မြန်မာပြည်သူများသည် “လူမျိုးစုသန်စင်ဖယ်ရှားရေး” နှင့် “မျိုးဖြုတ်သုတ်သင်မှု” ကို ရောထွေးကာ အတူတူဟုပင် ထင်မြင်ကြသည်။ ဤမျှမက မျိုးဖြတ်သုတ်သင်မှုသည် ရုတ်ခြည်း ပွင့်အံဖြစ်ပေါ်သော၊ လူထောင်ပေါင်းများစွာ တချိန်တည်း အသတ်ခံရသော ဖြစ်ရပ်ဟုအမြင်မှားကြသည်။
ယင်းသို့အမြင်မှားစေခြင်းကြောင့် မြန်မာလူမျိုးများစွာတို့မှာ မိမိတို့တိုင်းပြည်၌ မျိုးဖြုတ်သုတ် သင်မှု မရှိဟု ယူဆသွားစေသည်။ သို့ ရှိရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်လာအောင် လှုပ်ရှားနေသည့် “ဖြစ်စဉ်” ကို အလေးမပြုတော့ပေ။
တနည်းဆိုရသော် မျိုးဖြုတ်သုတ်သင်ရေး (genocide) ဆိုသည်မှာ ရုတ်တရက်ထဖြစ်သော၊ တချိန်တည်းထောင်ပေါင်းများစွာအသတ်ခံရသော “ဖြစ်ရပ်”(outbreak) မဟုတ်။ လူပေါင်းများစွာကို သတ်နိုင်သည့် အခြေအနေ ရရှိလာအောင် အချိန်တစုံတရာယူကာ ဖန်တီးသော လှုပ်ရှားမှု “ဖြစ်စဉ်” ဖြစ်သည်။
သို့သော် အပြည်ပြည်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်မှာတော့ သတ်ခြင်းထက် ပို၍ ကျယ်ဝန်းသည်။ လူမျိုးနွယ်တစ်ရပ် သို့မဟုတ် လူမျိုးတစ်မျိုး သို့မဟုတ် ဘာသာရေးအုပ်စုတစ်စုအား တမင်ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးလုပ်ဆောင်ခြင်းက မျိုးဖြုတ်သုတ်သင်မှု – Genocide ကျူးလွန်ခြင်း အထမြောက်သည်ဟု 1948 Genocide Convention မှ သတ်မှတ်ထားသည်။ ယင်းဖွင့်ဆိုချက်တွင် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်နစ်နာစေခြင်း၊ မွေးဖွားမှုကို တားဆီးထိန်းချုပ်ခြင်း၊ အုပ်စုတစ်စု၏တည်ရှိမှုကို ပျက်စီးစေရန် ကလေးငယ်များအား ရွှေ့ပြောင်းခြင်း စသည်တို့လည်း ပါဝင်နေ၏။
ဧပြီလ ၂၉ ရက်တွင်ထုတ်ပြန်သော အစိုးရ လက်အောက်ခံ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မရှင် အစီရင်ခံစာသည်ပင်လျှင် အထက်ပါဖွင့်ဆိုချက်များအရ မျိုးဖြုတ်သုတ်သင်မှု၏ အစိတ်အပိုင်းပုံဟန် တစ်ရပ်အဖြစ် ယူဆသုံးသပ်၍ ရနေသည်။ အစီရင်ခံစာပါ ပျက်လိုဖျက်ဆီးဖြစ်စေသည့်မှတ်ချက်များစွာအနက်တစ်ခုမှာ ရိုဟင်ဂျာ အမျိုးသမီးများ အကြား မွေးဖွားနှုန်းကို တိုးမြှင့်ကန့်သတ် ထိန်းချုပ်ထားချက်ပင် ဖြစ်သည်။ တမင်ရည်ရွယ်ကြံဆောင်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ရိုဟင်ဂျာတို့ ၏ မွေးဖွားနှုန်းများရသည့် အခြေအနေကို ဘက်ပေါင်းစုံမှမကြည့်ပဲ မွေးဖွားနှုန်းထိန်းချုပ်စေခြင်းသည် မျိုးဖြုတ်သုတ်သင်မှုစာရင်းဝင်နေပါတော့သည်။
ရ၀မ်ဒါနှင့် ဆင်တူနေသည့် မြန်မာပြည်
မြို့ကြီးမြို့ငယ်များတွင်လည်း အကြမ်းဖက်ခြင်းများ၊ လူ့မြင်ကွင်း၌သတ်ဖြတ်နေမှုများကို မယုံကြည်နိုင်အောင် တွေ့နေရသည်။ ဤသည်မှာ ၁၉၉၄ ခုနှစ်၊ ရ၀မ်ဒါနိုင်ငံ၌ ရက်ပေါင်း ၁၀၀ အတွင်း လူပေါင်း ၈ သိန်းကျော် သတ်ဖြတ်သည့် ဖြစ်ရပ် အလားသဏ္ဍာန်မျိုးဖြစ်နေသည်။ ယင်းသတ်ဖြတ်ခံရသူအများစုမှာ တွတ်စီ လူနည်းစုဝင်များ ဖြစ်ကြသည်။ ရ၀မ်ဒါ၏ မျိုးဖြုတ်သုတ်သင်မှုသည်လည်း ရုတ်ခြည်းပွင့်အံခဲ့ခြင်းမျိုးမဟုတ်။ တစ်အုံတစ်ကျင်း အပြည့်အ၀စိတ်တိုင်းကျသတ်ဖြတ်မှုအနေအထားဖြစ်ပေါ်လာစေအောင် နှစ်များစွာကတည်းက ၊ အထူးသဖြင့် ၁၉၉၄ ခုနှစ်၊ ဧပြီလမတိုင်မီ လပေါင်း ၄၀ ကတည်းက ကြိုတင်စီမံထားခဲ့ခြင်းဖြစ်သည်။
Aiding Violence စာအုပ်ရေးသားသူ ကုလသမဂ္ဂအရာရှိဟောင်း Peter Uvin မှ ဤဖြစ်ရပ်ကို ရှင်းပြထားသည်။ တုန်လှုပ်ဖွယ်ရာများမှာ အဖြစ်အပျက်များသာမဟုတ်၊ မျိုးဖြုတ် သုတ်သင်မှု၏ လက္ခဏာများအား လျစ်လျူရှုခဲ့ခြင်းသည် အကြီးအကျယ် တုန်လှုပ်ဖွယ်ကောင်းသည်။ ယင်းနိမိတ်လက္ခဏာများကို ယခုအခါ မြန်မာနိုင်ငံ၌ ရှင်းလင်းပြတ်သားစွာ တွေ့မြင်လာရသည်။ မြန်မာနိုင်ငံသည် ရ၀မ်ဒါကဲ့သို့ မလွဲမသွေဖြစ်လာလိမ့်မည်ဟု မဆိုလိုသော်လည်း ၁၉၉၄ ခုနှစ်၊ ဧပြီလမတိုင်မှီ ရ၀မ်ဒါရှိ နိမိတ်လက္ခဏာများကို ယနေ့မြန်မာနိုင်ငံတွင် စစ်ဆေးတွေ့ရှိနေရသည်။
ရ၀မ်ဒါနှင့်မြန်မာ – နိုင်ငံတကာဆက်ဆံရေး
၁၉၉၄ ခုနှစ်၊ ဧပြီလ မတိုင်မီက ဟူတူးလူမျိုးစုကြီးစိုးသော ရ၀မ်ဒါအစိုးရကို နိုင်ငံတော်တိုးတက်စေရေး အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ငွေကြေး အထောက်အပံ့များစွာဖြင့် ဂုဏ်ပြုအားပေးခဲ့သည်။ မည်သည့် အတွက်ကြောင့် ချီးမြှင့်ကူညီကြပါသနည်း ? စီးပွားရေးပြုပြင်ပြောင်းလဲမှု ဟူသောအကြောင်းရပ်ကြောင့် ဖြစ်သည်။ သန်းနှင့်ချီသော ဒေါ်လာ လှိုင်းလုံးတို့သည် နိုင်ငံတွင်းသို့ အတောမသတ် စီးဝင်လာကြသည်။ ရ၀မ်ဒါအစိုးရက ယင်းဖွံ့ဖြိုးရေး အထောက် အကူပြု နိုင်ငံခြား ကူညီထောက်ပံ့ငွေများ အပေါ် အပြည့်အ၀ ချုပ်ကိုင်ထားခဲ့ကြသည်။ ၈၀ % နှုန်းအထက်မှာ အစိုးရပိုင်းသို့ ရောက်ရှိသွားပြီး ကျန်ငွေများ သုံးစွဲရန် အစိုးရ ထောက်ခံချက်ပါရသည်။ ဥပမာအားဖြင့် ယင်းသို့အသားတင်အမြတ်ထုတ်နေခြင်းအပေါ် အမေရိကန်က ပြစ်တင်ရှုတ်ချမှု မပြုသည့်အပြင် စစ်တပ်ဆက်ဆံရေး၊ စစ်ရေးကူညီရေးတို့ ကိုပင် မလျော့ချခဲ့။
လက်ရှိတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပတ်သက်မှုလက်ရှိအနေအထား၊ ထောက်ပံ့ငွေများ စီးဝင်နေမှု၊ International Crisis Group မှ သမ္မတဦးသိန်းစိန်အား ဆုချီးမြှင့်မှု၊ အမေရိကန်၏စစ်ရေးအရပါဝင်လာမှုတို့ မှာ ရ၀မ်ဒါ နှင့် မြန်မာနိုင်ငံ ထပ်တူနီးပါး ဖြစ်နေသည်။
ရ၀မ်ဒါ၌ US ၊ EU ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံအတွင်းအပြင်အလှူရှင်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအားလုံးသည် လူထုနှင့်ပူးပေါင်းဆောင်ရွက်မှုကိုဖယ်ခွာ၍ အစိုးရနှင့်သာ တိုက်ရိုက်ပတ်သက်ဆောင်ရွက်ခဲ့ကြသည်။ အစီအမံပရိုဂရမ်များမှာ အစိုးရ၏အားကောင်းရေးအတွက်သာ ဆင်ယင်ခံရသည်။ အစိုးရပိုင်းကလည်း မျိုးဖြုတ်သုတ်သင်ရေးကိစ္စကို ဌာနဆိုင်ရာအစည်းအဝေးများတွင် ပြောင်ပြောင်တင်းတင်း ဆွေးနွေးစီစဉ်ခဲ့ကြသည်။ သို့ သော် ဒလဟောတိုးဝင်လာသော နိုင်ငံတကာလှူဒါန်းပံ့ပိုးငွေများမှာမူ အစိုးရကို ပိုမိုခိုင်မာအားကောင်းအောင် အဆုံးစွန်ထိ ကူညီရာရောက်သွားခဲ့သည်။ အစိုးရပိုင်းကလည်း သစ်ခုတ်ဓားကဲ့သို့လူသတ်လက်နက်ပေါင်း ၅၈၁,၀၀၀ ကို တရုတ်ပြည်မှ ၀ယ်ယူတင်သွင်းသည်။ ဗြိတိသျှ ဂျာနယ်လစ် Linda Melvern ၏အဆိုအရ ၁၉၉၀ ခုနှစ်တွင် ဒေါ်လာ ၂၆ သန်း တန်ကြေးရှိလက်နက်အရောင်းအ၀ယ်တစ် ရပ်ကို အီဂျစ်၌ လက်မှတ်ရေးထိုးခဲ့သည်။
၎င်းနောက် တူစီလူမျိုးတို့အပေါ်မုန်းတီးဆန့်ကျင်ရေးကို နိုင်ငံပိုင်ရေဒီယိုများမှ ထင်သာမြင်သာစွာ ကြေငြာထုတ်လွှင့်ကြသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက တုန့်ပြန်ရန်ပျက်ကွက်ခဲ့သည်သာမက အစိုးရ၏ပြုပြင်ပြောင်းလဲရေးပုံရိပ်ကိုပင်လျှင် အကောင်းမြင်ပုံစံဖြင့် ဆက်လက်ရုပ်လုံးဖော်ပေးနေခဲ့ကြသည်။ လက်ရှိ မြန်မာပြည်အနေအထားကဲ့သို့ ဖြစ်သည်။ ထိုအချိန်တွင်း ထောင်နှင့်ချီသော တူစီလူမျိုးများ ရက်စက်စွာ လက်စတုန်းခံလိုက်ရပြီဖြစ်၏။
ရ၀မ်ဒါနှင့်မြန်မာ – လူ့ အခွင့်အရေးအစီရင်ခံစာများ
ရ၀မ်ဒါ၌ ဖြစ်ပျက်နေမှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းအကြား သြဇာထွားသူများ မည်ရွေ့မည်မျှ သိမသိကို အတိအကျမသိနိုင်သော်လည်း ၁၉၉၃ ခုနှစ်တွင် NGO အဖွဲ့ကြီးလေးဖွဲ့မှလည်း ကောင်း၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထံမှ လည်းကောင်း အစီရင်ခံစာတစ်စောင်စီ ထွက်ပေါ်ခဲ့သည်။ ၄င်းတို့၌ တအုံတကျင်းလက်နက်ဖြန့်ဝေနေမှု၊ တူစီဆန့်ကျင်ရေး အစွန်းရောက်နေမှု၊ အစိုးရမှကျောထောက်နောက်ခံပြု၍ တူစီတို့အား အဓိကဦးတည်သတ်ဖြတ်နေမှု များကို အသေးစိပ် ဖော်ပြထားသည်။ သို့သော် မည်သူတစ်ဦးမျှ မတုန့်ပြန် အရေးမယူခဲ့ကြချေ။
မြန်မာနိုင်ငံနှင့်ဆင်တူသည်မှာ ကုလသမဂ္ဂသံတမန်များဖြစ်သော မစ္စတာ သောမတ်စ် ကင်တားနား နှင့် မစ္စတာ ဗီဂျေးနမ်ဘီးယား တို့၏ ထုတ်ပြန်ပြောဆိုချက်အပြင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှု အဖွဲ့ HRW ၏ အစီရင်ခံစာလည်း မကြာသေးမီက ထွက်ရှိလာသည်။ ၄င်းတို့၌ ရိုဟင်ဂျာ လူမျိုးစုအား ဆန့်ကျင်အကြမ်းဖက်မှုများ ကျယ်ပြန့်ကြီးထွားလာသည့်အကြောင်း၊ အစီအစဉ်ရှိရှိအကွက်ချ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအကြောင်းကို အနုစိပ် ဖော်ပြထား၏။ မြန်မာနိုင်ငံအလယ်ပိုင်းတစ်ခွင် မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုကြီး၌ နိုင်ငံတော်၏ပါဝင်ပတ်သက်နေမှုအထောက်အထား အခိုင်အလုံရရှိထားကြောင်း မစ္စတာကင်တားနားမှ ဖော်ပြခဲ့သလို၊ မစ္စတာ နမ်ဘီးယားမှလည်း အကြမ်းဖက်မှုမှာ လူမဆန်အောင် ရက်စက်ကြမ်းကြုတ်လှကြောင်း ထုတ်ဖော်ပြောကြားခဲ့၏။
ဆက်၍ဆိုရပါလျှင် UN ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအကြီးအကဲ ဗိုလ်ချုပ် Romeo Dallaire က ရ၀မ်ဒါတွင် ပြင်းထန်သော မျိုးဖြုတ်သုတ်သင်မှုအကြောင်းကို အထူးအစီရင်ခံခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည်။
CIA သုတေသနဌာနမှ သန်းတစ်ဝက်ခန့် လူအသေအပျောက် ရှိနိုင်သည်ဟု ၁၉၉၄ ခုနှစ် ဇန္န၀ါရီလ၌ ခန့်မှန်းသုံးသပ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်ဟု ဘယ်လ်ဂျီယံမှ သုံးသပ်ကြောင်း၊ ပြင်သစ်သည်လည်း အလားတူသိရှိခဲ့ကြောင်း၊ သို့ရာတွင် ဧပြီလနှောင်းပိုင်းအထိ ၄င်းတို့သည် မည်သည့် တုန့်ပြန်ဆောင်ရွက်မှု မရှိခဲ့ကြောင်း HRW ၏ အစီရင်ခံစာတစ်စောင်က ထောက်ပြထား၏။
နှုတ်ဆိတ်နေမှုများ
ရ၀မ်ဒါရှိ နိုင်ငံတကာ ဖွံ့ဖြိုးရေး ကူညီမှုအဖွဲ့ များမှ နိုင်ငံခြားသား ၀န်ထမ်းတို့သည်လည်း နှိပ်စက်စော်ကားခြင်းများ၊ သတ်ဖြတ်ခြင်းများကို ကောင်းစွာ သိရှိနေခဲ့၏။ သို့သော် ၄င်းတို့သည် အမျိုးမျိုးသော ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်း အကျိုးကြောင့် တစ်ခွန်းတစ်ပါဒမျှ မပြောဆိုခဲ့ကြ။ ဧရာမအကြမ်းဖက်မှုအဆင့်သို့ မရောက်သည့် အလား ရေငုံနှုတ်ပိတ်နေခဲ့ကြသည်။ ၄င်းတို့၏ ငြင်းဆို ပယ်ချနေခဲ့မှုများမှာ ယနေ့မြန်မာလူမျိုးတို့၏အနေအထားအတိုင်းပင် ဖြစ်သည်။ ထိုသူတို့  နှုတ်ဆိတ်နေချိန်အတွင်း လူသတ်ကောင်များကို တဖြည်းဖြည်းမွေးထုတ်ပေး နေပြီဖြစ်သည်။
ဂျီနိုဆိုဒ် ကမ်ပိန်း
သို့ သော် သာမန်လူမှ လူသတ်သမားများ၊ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်သူများအ ဖြစ် အလိုအလျောက်မဖြစ်သွားပါ။ ထိုလူများကို လူသတ်အမားများဖြစ်အောင် သိမ်းသွင်းရ သည်။ လူ့အခွင့်အရေးအစီရင်ခံစာတစ်စောင်၌ Alison Desforges က Genocide ကို အဓိပါယ်ဖွင့်ဆိုရာတွင် လူသတ်သမားများဖြစ်လာရန် အချိန်နှင့်အမျှ သိမ်းသွင်းနေသော လှုပ်ရှားမှုဟု ဖွင့်ဆိုသည်။ သို့ ရှိရာ ဂျီနိုဆိုဒ်ဆိုသည်မှာ အချိန်ကာလတခုအတွင်း လူသတ်ကောင်များစည်းရုံးသည့်၊ လူများစွာကို သတ်နိုင်သည့်အခြေအနေဖြစ်အောင် လှုပ်ရှားသည့် ကမ်ပိန်းဖြစ်သည်။
လူထုသည် သာမန်အားဖြင့် လူသတ်သမားများ ဖြစ်မသွားနိုင်။ လိမ်ညာမုသားများ၊ ပုံဖျက်သတင်း/အမြင်မှားစေမှုတို့ဖြင့် ၄င်းတို့၏စိတ်ဓာတ်များကို မှိုင်းတိုက်သည့် စံနစ်တကျအကွက်ချလှုံ့ဆော်မှုအစီအစဉ်ကြောင့် လူသတ်သမားများဘ၀သို့ တအုံတကျင်း ကူးပြောင်းသွားရခြင်း ဖြစ်သည်။ အစီရင်ခံစာမှ Alison Desforges ထောက်ပြခဲ့သည့် ပင်မအချက်အချို့အား အထူးသတိပြုအပ်သည်။ အလားတူ နိမိတ်လက္ခဏာများကို မြန်မာနိုင်ငံ၌ တွေ့မြင်နေရသောကြောင့် ဖြစ်သည်။
ရ၀မ်ဒါနှင့် မြန်မာ မီဒီယာ
ရ၀မ်ဒါတွင် “ လူထုနိုးကြားရေး ” ကင်ပွန်းတပ် သတင်းစာသည် အမုန်းတရားသွတ်သွင်းရာ၌ အကျယ်လောင်ဆုံး ဖြစ်ခဲ့သည်။ များမကြာမီ ဒေသဆိုင်ရာ ခရိုနီ လုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများနှင့်ချိတ်ဆက်ထားသော အခြားဂျာနယ်နှင့် ခရိုနီ သတင်းစာများမှ ပူးပေါင်းပါဝင်လာခဲ့သည်။ ရေဒီယိုသတင်းဌာနများကိုလည်း ထူထောင်လာသည်။ လူထုကို မမှန်သတင်းမက်မောသူများ၊ သွေးဆာသူများဖြစ်လာအောင် လုပ်ကြံသတင်းလွှင့်ခြင်း၊ လူမျိုးကြီးဝါဒသွတ်သွင်းပေးခြင်း လုပ်ငန်းစဉ်တို့ကို ဦးတည်ဖော်ဆောင်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းမီဒီယာများက ရိုဟင်ဂျာ နှင့် မြန်မာမွတ်စ်လင်မ်တို့အား ဆန့်ကျင်ရန် မွှေနှောက်လှုံ့ဆော်လျက် ရှိနေသည်။
ရ၀မ်ဒါနှင့် မြန်မာနိုင်ငံပညာရှင်
အမုန်းတရားသွတ်သွင်းမှုလုပ်ငန်းစဉ်၌ ပညာရှင်များ၊ ပရော်ဖက်ဆာများ၏ ရေးသားချက်တို့ကို မှီငြမ်း၍ တရားဝင်ဆောင်ရွက်နိုင်မှုများ၊ မှိုင်းတိုက် ၀ါဒဖြန့်သူများ လိုအပ်သည်။ ပညာရှင်များ၏ အား၊ ပရောဖက်ဆာများ၏ အသံများလိုအပ်သည်။ ရ၀မ်ဒါတွင် ပါမောက္ခနှစ်ဦးဖြစ်သော Nahimana နှင့် Leon Mugesera တို့က ယင်းအခန်းကဏ္ဍ၏အဓိကဇာတ်ကောင်များ ဖြစ်သည်။ ၄င်းတို့နှစ်ဦးစလုံး အနောက်တိုင်းမှ ပညာသင်ယူခဲ့သည်။ အမာခံဝါဒဖြန့်သူများ မဖြစ်မီက ရ၀မ်ဒါတက္ကသိုလ်များတွင် သင်ကြားရေးပြုလုပ်ခဲ့ကြသည်။ ထိုသို့သောလူစားများ ပညာရင်ဆိုသူများကို မြန်မာနိုင်ငံတွင် ခက်ခက်ခဲခဲ ရှာယူရန် မလိုအပ်ချေ။
အမုန်းဝါဒဖြန့် ချိရေး
အမုန်းဝါဒဖြန့် သူများသည် ရ၀မ်ဒါတွင် ဟူတူးများသည် အိမ်ရှင်များဖြစ်ပြီး၊ တွတ်စီများသည် နယ်မြေသူခိုး တိုင်းတစ်ပါးဧည့်သည်များဖြစ်သည်ဟု ရုပ်လုံးဖော်ကြသည်။ တွတ်စီတို့၏စည်းလုံးမှု (Tutsi Unity) ဆိုသည့် အတွေးအခေါ်သည် တွတ်စီတို့က ရ၀မ်ဒါကို လွှမ်းမိုးရန်သိမ်းသွင်းဖြစ်သည်ဟု အမုန်းပွားစေရန် ထင်ယောင်ထင်မှားဖြစ်စေရန် လှုံ့ဆော် စွပ်စွဲသမုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးစုကိုသာမက ယခုအခါ မြန်မာမွတ်စ်လင်မ်တို့အား နိုင်ငံခြားသားဧည့်သည်များအဖြစ် ကျယ်ပြန့်စွာပုံဖော်နေကြသည်။ ၄င်းတို့သည် နိုင်ငံ၊ လူမျိုး နှင့် ဗုဒ္ဓဘာသာအား လက်ဝါးကြီးအုပ်ရန်ကြံစည်နေသည်ဟု သမုတ်ခံနေရသည်။ (Tutsi Unity) ကဲ့သို့ ပင် “၇၈၆” ဟူသော နံပါတ်အား အသုံးပြုသည်ဟုစွပ်စွဲသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေးဟောပြောလှုံ့ဆော်သူတို့က ၇၈၆ ဟူသည် ၂၁ ရာစုတွင် မြန်မာနိုင်ငံနှင့်ကမ္ဘာကို မွတ်စ်လင်မ်တို့မှ သိမ်းယူမည့် ကိုယ်စားပြုချက်ဟု ဆိုကြသည်။ မွတ်စ်လင်မ်တို့၏အဆိုအရမူ ကုရ်အာန်ကျမ်းဂန်၏ပါဒတော်တစ်ရပ်ဖြစ်သည့် “ အလွန်တရာသနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင် အလ္လာဟ်၏ နာမံတော်ဖြင့်(အစပြုပါ၏)” ဟူသည်ကို ကိုယ်စားပြုထားချက်ဖြစ်ကြောင်း သိရ၏။
ရ၀မ်ဒါရှိ တွတ်စီတို့ကို ပိုးဟပ်များဟု တံဆိပ်တပ်ခံရပြီး၊ မြန်မာနိုင်ငံရှိ ၀ါဒဖြန့်သူများနှင့်၎င်းတို့၏ဘက်တော်သားများက ရိုဟင်ဂျာတို့ကို ဗိုင်းရပ်စ်များ၊ ခွေးများဟု ခေါ်ဆိုကြသည်။
ဟူတူးတို့ဦးဆောင်သည့် အစိုးရအဖွဲ့မှာ အလွန်ပင် ကောက်ကျစ်ရက်စက်ကြောင်း ရ၀မ်ဒါဖြစ်အင်က ပြသနေသည်။ ၀ါဒဖြန့်သူများက ပြည်သူတို့ကို လွဲမှားသောအချက်အလက်များတိုက်ကျွေးလျက် အသိမဲ့ပါးကွက်သားများအဖြစ်သို့ ဘ၀ပြောင်းအောင် ကြံဆောင်မပျက် ရှိခဲ့ကြသည်။ နေ့စဉ်နှင့်အမျှ လူပေါင်းများစွာ သတ်ဖြတ်ခံနေရသော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းသည် စီးပွားရေးပြုပြင်ပြောင်းလဲမှုခေါင်းစဉ်အောက်မှ ထောက်ပံ့မှု မပြတ်ခဲ့။ အနောက်တိုင်းမှ အာဏာပိုင်တို့သည် မျိုးဖြုတ်သုတ်သင်ရေးဖြစ်လာတော့မည်ကို သိပါသော်လည်း အခါလွန်သည့်တိုင်အောင် မည်သည့် အရေးယူမှုများကို မလုပ်နိုင်ခဲ့။ ရ၀မ်ဒါ၌နေထိုင်နေကြသည့် အနောက်တိုင်းသားတို့ကလည်း တအုံတကျင်း သတ်ဖြတ်မှု မဖြစ်နိုင်ဟု မျှော်လင့်ခဲ့သည်။ သို့ရာတွင် ဖြစ်ပွားလာခဲ့ရသည်။
ကြိုတင်ကာကွယ်ဖို့  မြန်မာပြည်သူများတာဝန်ဖြစ်
မြန်မာနိုင်ငံမှ လူအများစုတို့သည် တိုင်းပြည်ချစ်သယောင် “မျိုးဖြုတ်သုတ်သင်မှု” ဟူသော အသုံးအနှုန်းအား ကန့်ကွက်ကြ၏။ ၄င်းတို့၏ ငြင်းဆိုမှုက တအုံတကျင်း သတ်ဖြတ်နေမှုများကို အားပေးရာရောက်ကြောင်း မစဉ်းစားမိကြ။ ယင်းနိမိတ်လက္ခဏာတို့ကို ငြင်းဆန်ကန့်ကွက်ခြင်းမှာ ၄င်းတို့၏ အဓိကရည်ရွယ်ချက်မဟုတ်ချေ။ စင်စစ်မှာကား ကြိုတင်ကာကွယ်တားဆီးမှုများကို ပိတ်ဆို့လိုက်ခြင်းသာဖြစ်၏။ သို့မှသာ မတွေးဝံ့စရာ ကြမ်းကြုတ်ရက်စက်မှုများ အတားအဆီးမဲ့ ပွင့်ထွက်လာနိုင်မည်ဖြစ်ပေသည်။
ရ၀မ်ဒါနှင့်ကွာခြားသည်ကား မြန်မာနိုင်ငံ၌ ရှေ့ပြေးလမ်းခင်းစကားများ ကြိုတင်ထွက်ရှိနေ၏။ ကာကွယ်တားဆီးမှု အစီအမံများကို ပြင်းပြင်းထန်ထန်ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်လှသည်။ ယင်းသို့သော လူမဆန်စွာသတ်ဖြတ်အကြမ်းဖက်နေမှုများ မြန်မာနိုင်ငံအနှံ့ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးနှင့်စုံစမ်းဖော်ထုတ်ရေးအပေါ် ပိတ်ဆို့ထားသူအပေါင်းတို့ထံ တစ်ပြေးညီ တာဝန်ရှိသွားပေမည်။ ချုပ်၍ဆိုရပါလျှင် နိုင်ငံ၏ကံဆိုးမိုးမှောင်ကျမှုများကို ဖယ်ရှားနိုင်စွမ်းရှိသူတို့မှာ လူများစုမြန်မာလူမျိုးများပင် ဖြစ်ပါသည်။
The Irrawaddy မှ Signs of Coming Genocide in Burma? ဆောင်းပါးကို သာကီ ထက်ကောင်း မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။
ဇွန်-၂၊၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
ဇွန်-၂၊၂၀၁၃
M-Media
ပြင်းအား ၆.၅ ရှိသော င လျင် တစ်ခု ထိုင်ဝမ်တွင်လှုတ်ခတ် TAIPEI (Reuters)
ယနေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အပျက်အစီး အနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်။ တစ်ဦးသေဆုံးခဲ့သည်
http://www.guardian.co.uk/world/feedarticle/10820062
—————————
ဝါရှင်တန်ပြည်နယ် ညူကလီးယား စွန့်ပစ်ပစ္စည်းများ RICHLAND, Wash. (AP)
ဘတ်စကတ်ဘောကွင်းတစ်ခုစာ စတီးကန်တစ်ခုတွင် ထည့်၍ မြုတ်ထားသော ညူကလီးယား စွန့်ပစ်ပစ္စည်းများသည် ယခုအခါ သက်တမ်း ၄၂နှစ် ကြာမြင့်လာပြီး ယိုစိမ့်မှု ရှိ လာသဖြင့် သဘာဝပတ်ဝန်ကျင်ကို ခြိမ်းခြောက်လျက်ရှိသည်။
http://news.yahoo.com/storied-nuke-plant-becomes-environmental-wasteland-144014091.html
—————————
ဆီးရီးယားကိစ္စ UN လုံခြုံရေးကောင်စီ ကြေငြာချက် မထုတ်ရန် ရုရှတားမြစ် UNITED NATIONS (Reuters)
ဆီးရီးယားအစိုးရတပ်များ နှင့် ဟစ်ဘိုလာမျာက အယ်လ်ဟာစေးင်္ရမြိုကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သည့်ကိစ္စ လုံခြုံရေးကောင်စီ ကြေငြာချက် မထုတ်ရန် ရုရှတားမြစ်
http://news.yahoo.com/russia-blocks-u-n-security-council-declaration-syrias-002052643.html
————————–
Pussy Riot အစာငတ်ခံ ဆန္ဒပြမှု အဆုံးသတ်
ဖမ်းဆီးခံထားရသော ရုရှ တက်ကြွလှုတ်ရှားသူ ပန့်ခ် ဂီတအဖွဲ့ဝင်သည် ထောင်အာဏာပိုင်များမှ တောင်းဆိုချက်များကို လိုက်လျောခဲ့၍ ၁၁ရက်ကြာ အစာငတ်ခံမှုကို အဆုံးသတ်လိုက်သည်။
————————–
နယူမက္ကစီကိုပြည်နယ်တောမီးကြောင့် ရွှေ့ပြောင်းရန် ညွှန်ကြား
အမေရိကန် နယူမက္ကစီကိုပြည်နယ်တောမီးကြောင့် အိမ်ခြေ ၁၀၀၀၀ခန့်ကို ရွှေ့ပြောင်းရန် ညွှန်ကြားထားသည်။ လက်ရှိအခြေအနေတွင် အိမ်ခြေ ၅အိမ်ခန့် ပျက်စီးခဲ့သည်။
http://www.usatoday.com/story/news/nation/2013/06/02/wildfires-california-mexico-evacuation/2381805/
အစ္စလာမ် သာသနာရေးရာ ကောင်စီမှ လူမျိုး/ဘာသာသာမရွေး ကျောင်းအပ်နှံရေး ပညာသင်ထောက်ပံ့.
ဇွန်လ ၂၊ ၂၀၁၃
M-Media
သတင်း- ဆူးထက်
ပုဇွန်တောင် မြို့နယ် အစ္စလာမ် သာသနာရေးရာ ကောင်စီမှ ကြီးမှူးကျင်းပသော ပဉ္စမကြိမ်မြောက် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် လူမျိုး ဘာသာမရွေး ကျောင်းအပ်နှံရေး အစီအစဉ် အခမ်းအနား
ရန်ကုန် ။ ။ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် အစ္စလာမ်သာသနာရေးရာကောင်စီမှ ကြီးမှူးကျင်းပသော ပဉ္စမကြိမ်မြောက် ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် လူမျိုး ဘာသာမရွေး ကျောင်းအပ်နှံရေး အခမ်းအနား အစီအစဉ်ကို ဇွန်လ ၂-ရက်နေ့က ရုံးခန်းတည်ရှိရာ အမှတ်(၅၈)၊ ၅၄လမ်း၊(၂)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားသို့ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဌ ဦးညွန့်မောင်သျှိန်၊ မဟာ ၀ိဇိတာရာမတိုက်၊ ကျွဲဆည်ကန်(၁)လမ်း၊ ပြည်ကြီး တံခွန် မြို့နယ်၊ မန္တလေး မလိခ ၀ါဆိုကျောင်းမှ ဆရာတော် ဦးဇိန၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဘာသာပေါင်းစုံမှ ကျောင်းသားမိဘများ၊ မီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပုဇွန်တောင် မြို့နယ် ပညာရေး တာဝန်ခံ ကိုရဲထွန်းဟန်မှလည်း ကျောင်းအပ်နှံရေးအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပြခဲ့ပါတယ်။ “ကျွန်တော်တို့ ဒီလိုအစီအစဉ်မျိုးကို ၂၀၀၈-ခုနှစ်ကတည်းကက စတင်ခဲ့တာဆိုတော့ အခုအကြိမ်နဲ့ ဆိုရင် ၅-ကြိမ်မြောက်ပါပြီ၊ ကျွန်တော်တို့မြို့နယ် အတွင်းမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး မြင့်မားရေး နဲ့ အခြေခံ ပညာရေး အားလုံး အလုံးစုံ တတ်မြောက်ရေးအတွက် ရည်ရွယ်ချက် ဖြစ်ပါတယ်၊ ပုဇွန်တောင်မြို့နယ် အတွင်းမှာရှိတဲ့ လိုအပ်ချက်ရှိနေတဲ့ ဘာသာပေါင်းစုံက ကလေးတွေကို ပေးတာပါ။ ပုဇွန်တောင် မြို့နယ် အတွင်းမှာကို ကျွန်တော်တို တကယ်တမ်း လေ့လာတဲ့ အခါမှာ လိုအပ်နေတဲ့ ကလေးတွေကို ၀မ်းနည်းစွာ တွေ့ရတဲ့ အတွက် ဒီလိုစီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု M-Media သို့ ပြောပြခဲ့ပါတယ်။
ဘာသာပေါင်းစုံမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း (၂၁၉) ယောက်အား ပညာသင် ထောက်ပံ့ကြေးငွေ နှင့် ကျောင်းသုံးပစ္စည်း (ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ဘောပင်၊ ကော်ပါဗူး၊ ကျောင်းဝတ်စုံ (၃)စုံ၊ ကျောပိုးလွယ်အိတ်)တို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ စုစုပေါင်း လှူဒါန်းကုန်ကျငွေ သိန်း(၄၂) ကုန်ကျ ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားကို နံနက် (၉)နာရီမှ စတင်ကျင်းပ၍ ညနေ (၅)နာရီတွင် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။
More Photo on FB
ဟင်္သာတမြို့နယ် ၉၆၉ အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်
ဇွန် ၂၊ ၂၀၁၃
M-Media
ဇာဇာလှိုင်
ဟင်္သာတ ။ ။ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် ၉၆၉ အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ယနေ့ နေ့လည် ၂-နာရီမှ ၅-နာရီအထိ ဟင်္သာတမြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဟင်္သာတမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (၉၆၉) သံယာ့ကွန်ရက် နှင့် လူပုဂ္ဂိုလ်များ တွေ့ဆုံပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ တာကလေးရပ်၊ မဟာဗန္ဓုလလမ်း ဦးအောင်မြတ်ကျော် တန်ဆောင်းတော်ကြီးမှာ ၂.၆.၂၀၁၃ နေ့ နေ့လည် (၂)နာရီ မှ ညနေ (၅)နာရီ ထိ အစီအစဉ် (၁၀)ခုဖြင့် ကျင်းပခဲ့ပြီး ဟင်္သာတမြို့ပေါ် သံယာတော်များ နှင့် လူ(၁၀၀၀)ခန့် တက်ရောက်ခဲ့ကြောင်း လည်းသိရသည်။
ယင်းတွေ့ဆုံပွဲတွင် မွတ်စလင်မ်များအား လုံးဝ မျက်နှာသာ မပေးရေး၊ မွတ်စလင်မ်များ မြေယာမပိုင်ဆိုင်ရရေး၊ မွတ်စလင်မ်ပိုင်ဆိုင်များတွင် အားမပေးရ၊ မရောင်းစေရေး တို့ကို ၉၆၉ ဘုန်းကြီးများက အဓိက အလေးပေးဟောကြားခဲ့တာကြောင့် ၉၆၉ မှ အကြမ်းဖက်မှုများ ပြုလုပ် လာမည်ကို မွတ်စလင်မ်များ အနေနှင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဟင်္သာတမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
မြန်မာလူမျိုးတစ်ဦး မလေးရှားရဲစခန်းတစ်ခုသို့ဝင်ရောက် ပြဿနာရှာ
မေ ၃၁၊ ၂၀၀၃
မလေးရှား
ပီနန်၊ Bukit Mertajam အရပ်ရှိ ရဲစခန်းတစ်ခု အတွင်းသို့ ပြီးခဲ့သော တနင်္လာနေ့နံနက်က အသက် ၃၃ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးရောက်လာပြီး အုပ်စုတစ်စု၏ တိုက်ခိုက်မှု အကြောင်း ပြောပြခဲ့သည်။ ၄င်းသူက မိမိအား တစ်ဦး တစ်ဦးက ခြိမ်းခြောက်ခဲ့သည်ဟုဆိုကာ ယင်း တိုင်ကြားချက်အား မှတ်တမ်းပြုစေ လိုခဲ့ကြောင်း The Straits Times သတင်းစာမှ ဖော်ပြသည်။
၎င်း၏ သတင်းပေးချက် အရ ယင်းနေရာသို့ ရဲပတ္တရောင်ဆိုင်ကယ်တပ်ဖွဲ့အား စေလွှတ်ခဲ့ကြောင်း၊ မိမိအားခြိမ်းချောက်မှုပြုခဲ့သည်ဟု ဆိုသော နေရာတွင် မည်သည့်အမှုမျှ မဖြစ်ပွားခဲ့ကြောင်း ပတ္တရောင်အဖွဲ့မှ ပြန်လည် အစီရင်ခံရာတွင် ၄င်းတိုင်ကြားသူသည် ရုတ်တရက်စားပွဲပေါ်ခုန်တက်၍ တာဝန်ကျရဲတပ်သား၏ ပစ္စတိုသေနတ်အား လုယူခဲ့ကြောင်း၊ ရဲစခန်းနယ်မြေ အတွင်း ရောက်တတ်ရာရာ သေနတ်သုံးချက်ပစ်ဖောက်ခဲ့ကြောင်း ရာဇ၀တ်မှုစုံစမ်းရေးဌာနအုပ် အကြီးတန်းလက်ထောက်ကော်မရှင်နာ (SAC) Mazlan Kesah မှ ပြောကြားသည်။
မိနစ်ပိုင်းမျှကြာပြီးနောက် ၄င်းသူသည် ရဲစခန်းပြင်ပသို့ထွက်လာပြီး မိမိကိုယ်ကို အဆုံးစီရင်ရန် ဦးခေါင်းကို သေနတ်ဖြင့် ချိန်ခဲ့သည်။ မောင်းဖြုတ်သော်လည်း ကံကောင်းထောက်မစွာ သေနတ်မှာ ကျည်မထွက်ဘဲ ချွတ်ယွင်းသွားသဖြင့် ရဲတပ်ဖွဲ့မှ သူ့အား လက်ရဖမ်း၍ သေနတ်ကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။
ထိုသူ့အား ဆေးစစ်ကြည့်ရန် Seberang Jaya ဆေးရုံသို့ပို့ဆောင်လိုက်သည်ဟု SAC Mazlan မှ ပြောကြားသည်။
ယင်းမြန်မာလူမျိုးသည် မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ မည်မျှကြာမြင့်ပြီဖြစ်ကြောင်းကိုမူ မသိရှိရသေးချေ။
http://news.asiaone.com/News/
မလေးသတင်းနှင့် စပ်လျဉ်း၍ သမ္မတပြောခွင့်ရ ဦးရဲထွဋ်၏ ဖေ့ဘွတ်ရှင်း လင်းချက်အား ပြည်တွင်းနေ မြန်မာပြည်သူများ မယုံကြည်
M-Media
ဇွန်လ ၂ ရက်၊ ၂၀၁၃
မလေးရှားတွင် မြန်မာနိုင်ငံသားများ အတိုက်ခိုက်ခံရသည့် သတင်းနှင့် စပ်လျဉ်း၍ သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘွတ် ရှင်းလင်းချက်အား ပြည်တွင်းနေ မြန်မာပြည်သူအများစုက ယုံကြည်လက်ခံခြင်း မရှိကြောင်း သိရသည်။ သို့သော် ထိုပြည်တွင်းနေ မြန်မာပြည်သူများမှာ မိတ္ထီလာ၊ ဥက္ကံနှင့် လာရှိုးတို့တွင် ဖြစ်ပျက်ခဲ့သော မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်အဓိကရုဏ်းများနှင့် စပ်လျဉ်း၍မူ ဦးရဲထွဋ်တင်ပြသည့် သတင်းဖြစ်စဉ်များအား ယုံကြည်လက်ခံ ခဲ့ကြသူ အများစု ဖြစ်နေသည်။
မလေးဖြစ်စဉ်တွင် အသတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ၂ ဦးကိစ္စကို မလေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ဘာသာရေးကြောင့်မဟုတ်ဘဲ အခြားကိစ္စရပ်ကြောင့်ဖြစ်ကြောင်း
ဦးရဲထွဋ်မှာ ၄င်း၏ဖေ့စ်ဘွတ်တွင် ပြည်တွင်းအကြမ်းဖက်မှုများကို ရှုံ့ချသည့် သတင်းများနှင့်မွတ်စလင်မ် အပျက်အစီးများကို သတင်းအဖြစ်တင်လေ့မ ရှိကြောင်း၊ ဥရောပမှ အစွန်းရောက် မွတ်စလင်မ်အချို့၏ အပြုအမူများ ကိုသာ တကူးတက တင်လေ့ရှိကြောင်း ၊ မကြာသေးမီက အလဲဗင်းမီဒီယာ မှ ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြခဲ့ သည့် မောင်ကာဠုကဲ့သို့ မတရား ဝါဒဖြန့်စာမျက်နာမှ သတင်းများကို တင်လေ့ရှိသည့်အကြောင်း၊ ပြည်တွင်းမှ အစွန်းရောက်၊ မုန်းတီးရေးတရားဟော ဗုဒ္ဓဘာသာ ဘုန်းကြီး များကို ဝေဖန်လေ့မရှိဘဲ၊ လန်ဒန်မှ ဗလီဆရာများ ကို ဗြိတိန်အစိုး ရက စစ်ဆေးမည့်အကြောင်း တကူးတက မှတ်ချက်ပေးပြီး ကူးတင်ခဲ့ကြောင်း စသဖြင့် လေ့လာသူများက ဝေဖန်သည်။ ထို့အတူ ဦးရဲထွဋ် တင်ပြခဲ့သည့် အခြားနိုင်ငံများ၏ ဖြစ်စဉ်များမှာ ၄င်းတို့နိုင်ငံ ပြည် တွင်းရေးများ လည်း ဖြစ်နေပေရာ လက်ရှိ ဦးသိန်းစိန်အစိုးရ မှ နိုင်ငံ တကာအား အမြဲတစေတင်ပြလေ့ရှိသည့် “မြန်မာ့ပြည်တွင်းရေးကို အခြားနိုင်ငံများမှ သြဇာပေး၍ ဝေဖန်ခြင်းမပြုရန်” ဆိုသည့် အချက်နှင့် ဖီလာ ဆန့်ကျင်နေပေသည်။
ဦးရဲထွဋ်မှာ စာနယ်ဇင်းကျင့်ဝတ်များနှင့် ပတ်သက်ပြီး အများ ဆုံး ထောက်ပြပြောဆိုပြီး ၄င်းညွှန့်ကြားရေးမှူး အဖြစ်တာဝန်ထမ်းစဉ် ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလက်ထက် တောင်ကုတ်၌ မွတ်စလင်မ် ၁၀ ဦးအသတ်ခံရသည့် သတင်းကို အစိုးရမီဒီိယာများက မွတ်စလင်မ်ကုလားဟု အသုံးပြုဖော်ပြခဲ့သည်ကို ဝေဖန်ခဲ့သူဖြစ်သော်လဲ ယခုသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ် လာသည့်အခါတွင်မူ ကုလားဟု သုံးနှုန်းထားသည့် မြန်မာသံတော်ဆင့် အယ်ဒီတာ အာဘော်ကို ဖတ်သင့်သည့် ဆောင်းပါးဟု ညွန်းကာ ၄င်း၏ FB စာမျက်နှာ၌ တင်ပြခဲ့ကြောင်း လေ့လာသူများက ဆိုသည်။
ပယ်ဖျက်သင့်သည့် မြန်မာနိုင်ငံ၏ ကလေးမယူရ စည်းမျဉ်း (ဘန်ကောက်ပို့စ် အယ်ဒီတာ့ အာဘော်)
ဇွန်-၂၊၂၀၁၃
M-Media
ဘန်ကောက်ပို့စ်သတင်းစာမှ အယ်ဒီတာ့အာဘော်
မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်ပတ်သက်ဆက်ဆံနေသည့်ကြားမှ နှစ်ပေါင်း ၅၀ ကြာ အာဏာရှင်စံနစ် တစ်ခုကို ထပ်မံထုတ်ပြလိုက်ပြန်သည်။ လွန်ခဲ့သော ရက်သတ္တပတ်က လက်မခံနိုင်စရာ ရုပ်ပျက်ဆင်းပျက် ကိစ္စ တစ်ရပ်ကို အစိုးရမှ ပြုလုပ်ခဲ့သည်။ ရိုဟင်ဂျာ အမျိုးသမီးတို့၏ ဘ၀တာ၌ ကလေး ၂ ဦးထက် ပိုမယူရ ဟူ၍ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယင်းသို့သော မူဝါဒမျိုးကို မည်သည့်တိုင်းနိုင်ငံမှ ပြဋ္ဌာန်းဖူးခြင်း မရှိခဲ့သဖြင့် ၄င်းကို မြန်မာနိုင်ငံမှ အလျင်အမြန် ပယ်ဖျက်လိုက်ရန် လိုအပ်နေသည်။
ရှုတ်ချဖွယ်ကောင်းသည့်မူဝါဒကို မြန်မာအာဏာပိုင်များမှ လူသိရှင်ကြား အသိဥာဏ်ကင်းမဲ့စွာ ကာကွယ်ခဲ့ကြသည်။
ရခိုင်ပြည်နယ် အနောက်ပိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြည်နယ်တွင်း ရာဂဏန်း လူအသေအပျောက်ဖြစ်ရသော လူမျိုးရေးအကြမ်းဖက်မှုများ၊ ဗုဒ္ဓဘာသာဝင်တို့မှ တိုက်ခိုက်နေမှုများ၏ အဓိက အကြောင်းရင်းမှာ “ ရိုဟင်ဂျာတို့၏ လူဦးရေ လျင်မြန်စွာ တိုးပွားလာမှု ” ကြောင့်ဖြစ်သည်ဟု ပြောဆိုလိုက်သည်။ ရိုဟင်ဂျာတို့၏မွေးဖွားမှုက ဗုဒ္ဓဘာသာဝင်များအား လူသတ်သမားဖြစ်စေခြင်း ဟူသည်မှာ မှန်ကန်ပါ၏လော။ ၄င်းဦးဝင်းမြိုင်က မွေးဖွားမှုကန့်သတ်သည့် မူဝါဒမှာ ဗုဒ္ဓဘာသာဝင်များနှင့် မသက်ဆိုင် ဟူ၍လည်း ပြောခဲ့သည်။
ရိုဟင်ဂျာတို့ရှိရာဒေသများမှကျော်လွန်ပြီး မွတ်စလင် ဆန့်ကျင်ရေးကျယ်ပြန့်လာခြင်းနှင့်အတူ အစိုးရပိုင်းကလည်း ယင်းပေါ်လစီအား မတားမြစ်နိုင်ခဲ့ချေ။ ဘာသာရေးကို အခြေပြုပြီး မွေးဖွားနှုန်းကန့်သတ်သည့် ဥပဒေမျိုးသည် ကမ္ဘာပေါ်၌ မည်သည့် တိုင်းနိုင်ငံမှာမှ မရှိပါ။ တရုတ်ပြည်၏ “ကလေး တစ်ဦးတည်းသာယူရမည်” ဆိုသည့် တင်းကြပ်သော မူဝါဒသည်ပင်လျှင် လူနည်းစုများ အတွက် ခြွင်းချက်ပေး ထားခဲ့သည်။ မြန်မာနိုင်ငံသည်ကား အန္တရာယ် အပေးခံရဆုံးသော လူနည်းစုဝင်တို့အပေါ် အပြင်းစား ဒုက္ခတစ်ရပ် ထပ်မံပစ် သွင်းလိုက်လေပြီ။
ဘာသာတရားကြောင့် မွေးဖွားမှုပိတ်ပင်ခြင်းကိစ္စသည် အဆုံးသတ်တွင် ဒေါ်အောင်ဆန်းစုကြည်အား လှုပ်နိုးခဲ့၏။ ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်သည် လူ့အခွင့်အရေးအဖွဲ့များ၊ မြန်မာ မွတ်စလင်ခေါင်းဆောင်များနှင့် အတူ ဤအရေးကို ရှုတ်ချခဲ့ကြသည်။ ယင်းအမိန့်သည် ခွဲခြားနှိမ့်ချဆက်ဆံမှုဖြစ်ပြီး လူ့အခွင့်အရေးကိုရိုက်ချိုးသည် သာမက နိုင်ငံတော်ဖွဲ့စည်းပုံစည်းမျဉ်းအရ တရားမ၀င်ပါ ဟု ဒေါ်စုကြည်မှ ပြောဆိုလိုက်သည်။ လက်ကမ်းကြိုဆိုအပ်သော စကား ဖြစ်သည်။ ပါလီမန်အမတ်ဖြစ်ပြီး ၁၄ လတာအတွင်း သူမသည် လူ့အခွင့်အရေးကိစ္စ အားလုံးနီးပါးမှ လက်ရှောင်နေခဲ့သည်။ ယခုသော် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များနှင့်အစိုးရတို့မှ လက်မခံကြသည့် လူ့အခွင့်အရေး အကြောင်းအား ပြန်လည်၍ ရဲရဲဝံ့ဝံ့ ပြောထုတ်လာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် သူမ မပါဘဲနှင့် အရေးပါအရာရောက်သည့်နိုင်ငံ တစ်ခုဖြစ်မလာနိုင်၊ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်၌လည်း အောင်မြင်ခြင်းအသံ ထွက်နိုင်မည် မဟုတ်ပါ။
အကယ်၍ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် လူ့အခွင့်အရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်မှု၌ မြန်မာခေါင်းဆောင် ဦးသိန်းစိန်၏ ဥပေက္ခာပြုမှုကို လက်ခံလိုက်ပါလျှင် ဖြစ်ပေါ်လာမည့် အန္တရာယ်အား သတိထားရပေတော့မည်။
ရိုဟင်ဂျာတို့ အပေါ်ဦးတည်သော အကြမ်းဖက်မှုကို ရပ်တန့်ရန်လိုအပ်ကြောင်း မစ္စတာအိုဘားမား မှ ထုတ်ဖော်ပြောဆိုလိုက်သော်လည်း အိမ်ဖြူတော်သို့အလည်အပတ်ရောက်ရှိလာသော ဦးသိန်းစိန်အား ဒီမိုကရက်တစ် ပြုပြင်ရေးသမား တစ်ဦးအဖြစ် ချီးမွှမ်းခန်း ဖွင့်နေခဲ့သည်။ ရိုဟင်ဂျာများအပေါ် အလေးထားစေချင်သော အသိပေးချက်သည် အကျိုးသက်ရောက်မှု မရှိခဲ့သည်မှာ ထင်ရှားနေ၏။
ယင်းသို့သော ဆိုးဝါးပြင်းထန်သည့်ပြဿနာများအပေါ် မစ္စတာအိုဘားမားမှ မှားယွင်းစွာ သုံးသပ်မိလင့်ကစား မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများမှာ ဦးစွာ ဖြေရှင်းဆောင်ရွက်ရန် အရေးကြီးသည်။
ဦးသိန်းစိန်နှင့်သူ၏အစိုးရအပေါ် ထိုင်း၊ အိန္ဒိယ နှင့် တရုတ်တို့မှ အတော်အတန် သြဇာလွှမ်းမိုးနေ၏။ အာဆီယံနိုင်ငံများလည်း အလားတူပင်ဖြစ်၏။ အာဆီယံနိုင်ငံများ အတွင်း မြန်မာသည် ဤနှစ်တွင် ကဏ္ဍအချို့၌ ဦးဆောင်ရန် လျာထားခံရသည်။ ကလေး ၂ ဦးသာမွေးဖွားရမည်ဟူသော ပေါ်လစီအား ထိထိရောက်ရောက် ပြန်လည် မရုပ်သိမ်းပါက မြန်မာနိုင်ငံသည် ထိုနေရာများနှင့် ထိုက်တန်တော့မည် မဟုတ်ပါ။
သို့သော် ချက်ခြင်းစတင်ဆောင်ရွက်ပါမှ အလျင်မီပေမည်။
မြန်မာနိုင်ငံသည် နိုင်ငံအ၀ှန်း မွတ်စလင်ဆန့်ကျင်ရေးအကြမ်းဖက်မှု၊ နိုင်ငံတွင်းကြိုးကိုင်သူတို့၏ ပွင့်လင်းစွာ မူးယစ်ဆေးဝါး ရောင်းဝယ်နေခြင်းအား အဆုံးသတ်ရေး တာဝန် – နှစ်မျိုးစလုံးကို လျစ်လျူရှုလျက်ရှိသည်။ ဦးသိန်းစိန်၏ ဤပျက်ကွက်မှုများက နိုင်ငံတော်အား အမည်းစက်စွန်းထင်းသွားစေသည်။ အိမ်နီးချင်းနိုင်ငံများမှလည်း ၀ိုင်းဝန်းတည့်မတ်ပေးခြင်း မပြုပါက ပို၍ဆိုးဝါးဖွယ်ရှိ၏။ မြန်မာ၏သဟာယနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအစိုးရအား ပြုပြင်ရမလွယ်တော့လောက်အောင် မိမိနိုင်ငံ၊ နိုင်ငံသား လူနည်းစုဝင် နှင့် ဒီမိုကရက်တစ်နိုင်ငံဖြစ်ရေး အခွင့်အလမ်း တို့အား မိမိဖာသာပြန်ဖျက်နေမှုကို တားမြစ်ရမည် ဖြစ်ပေသည်။
ဘန်ကောက်ပို့စ်သတင်းစာ၏ မေလ-၂၉ ရက်နေ့ ခေါင်းကြီးပိုင်း အယ်ဒီတာ့အာဘော် ကို သာကီထက်ကောင်းမှ ဆီလျောင်အောင် ဘာသာပြန်ဆိုပါသည်။
သည်မိုး သည်လေ သည်လူတွေ (ဆောင်းပါး)
ဇွန်လ-၃၊၂၀၁၃
ဆောင်းပါးရှင်-အောင်တင်
ဇွန်လ(၂)ရက် ၂၀၁၃ခု မနက်ပိုင်း RFAမှာ ရိုဟင်ဂျာလူဦးရေ ထိန်းချုပ်ရေးကိစ္စကို ကနေဒါက ဒေါက်တာခင်စောဝင်းနဲ့ အမေရိကက ကိုအောင်မိုးဝင်းတို့ ထောက်ခံ ဆွေးနွေးသွားတာကို စိတ်မသက်မသာ နားထောင်ရတယ်။ အဲဒီမတိုင်ခင်ကလည်း ဒေါက်တာခင်စောဝင်းရဲ့ ထောက်ခံဆွေးနွေးချက်ကို RFAက အကြိမ်ကြိမ် ထုတ်လွှင့်ခဲ့ပါတယ်။
ဒေါ်ခင်စောဝင်းက အများရဲ့အခွင့်အရေးကို ကာကွယ်ဖို့ အနည်းရဲ့ အခွင့်အရေးကို ချိုးဖောက်နိုင်တယ်ဆိုပြီး အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်တားမြစ်ခြင်းကို ဥပမာပေး ထောက်ပြသွားခဲ့တယ်။ ဆေးလိပ်သောက်ခြင်းဆိုတာ ဗိုလ်ချုပ်အောင်ဆန်း လွန်ခဲ့သောနှစ်(၆၀)ကျော်က ထောက်ပြခဲ့တဲ့ လမ်းပေါ်မှာ ဆေးရိုးလှမ်းတဲ့ လူ့အခွင့်အရေးမျိုးဖြစ်ပြီး လူသားတွေရဲ့ မူလဘူတ အခြေခံအခွင့်အရေးဖြစ်တဲ့ လူသားမျိုးဆက်ပြန့်ပွါးပိုင်ခွင့်နဲ့ မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်ကောင်းတဲ့အရာ ဖြစ်တယ်ဆိုတာကို လူ့အခွင့်အရေးနဲ့ ကျန်းမာရေးနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ဆရာမကြီးက မေ့လျော့သွားဟန်တူပါတယ်။ ရှိစေတော့။
ကိုအောင်မိုးဝင်းက သူဟာ အရှေ့အလယ်ပိုင်း၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒတွေကို အထူးပြုလေ့လာသူဖြစ်တဲ့အတွက် ရုရှားအကြောင်းကို မရှိမဖြစ် လေ့လာရပါတယ်တဲ့။ ဆိုဗီယက်အင်ပါယာပြိုကွဲရတာ ချက်ချနီးယား(မွတ်စလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ)က လူဦးရေ များပြားလာခြင်းကလည်း တစ်ကြောင်းပါတယ်တဲ့။ ရင်သတ်ရှုမော အံ့သြဘွယ်ရာ သုံးသပ်ချက်ဖြစ်ပါတယ်။ ဆင်ဖြတ်လို့ တံတားကြီး တုန်သွားတဲ့အခါ ဆင်နားရွက်ထဲက မွှားကောင်ရဲ့ အလေးချိန်ကလည်း သက်ရောက်မှုရှိပါတယ်ဆိုတဲ့ ပြင်ညာရှိကြီးပေဘဲ။ မြန်မာတစ်နိုင်ငံလုံး မွတ်စလင် မုန်းတီးရေး လှုံ့ဆော်မှုတွေ၊ မွတ်စလင်တွေကို တိုက်ခိုက်မှုတွေ ပြင်းထန်နေချိန်မှာ ဆိုင်ဆိုင် မဆိုင်ဆိုင် ရတဲ့အပေါက်က မွတ်စလင်မုန်းတီးရေး တုတ်ထဲ့လိုက်မဟေ့ဆိုတဲ့ စိတ်စေတနာဆိုးက တံတားပေါ် ဆင်သွားသလို ထင်ရှားလှတယ်။ ရှိစေတော့။
နိုင်ငံတကာ အတွေ့အကြုံတွေ များပြားလှပါတယ်ဆိုတဲ့ ဒေါက်တာယဉ်ယဉ်နွယ်ကလည်း (သူ့ရဲ့ ကြည်ညိုစရာကောင်းတဲ့ မျက်နှာဟန်ပေးတွေနဲ့) ခေတ်နောက်ကျနေတဲ့ တနည်းအားဖြင့်ဆိုရင် အစွန်းရောက်နေတဲ့ မွတ်စလင်ဘာသာရေး ဆရာတွေက သားသမီးကန့်သတ်ရေးကို ရခိုင်ပြည်မှာ ကန့်ကွက်ဟန့်တားနေသတဲ့။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးဖြစ်တဲ့ အပြင် ဒေါက်တာဘွဲ့ရ ပညာတတ်အကျော်အမော်တွေ ထောင်သောင်းသိန်းချီအောင် ရှိနေနိုင်တဲ့ ကက်သိုလစ် ဂိုဏ်းဝင်တွေကလည်း လူသိ၊ ကမ္ဘာသိ ယနေ့တိုင်အောင် သားသမီးတားဆီးခြင်းကို ခါးခါးသီးဆန့်ကျင်နေကြဆဲဖြစ်တာကို ကျနော်တို့ရဲ့ ဒေါက်တာမကြီးက သိဟန်မတူဘူး။ အဲဒီကက်သိုလစ်တွေကို ပညာမတတ်ဘူး။ အစွန်းရောက်နေတယ်လို့ ဆရာမကြီး ပြောရဲသလားဆိုတာကို သိချင်မိတယ်။ ကက်သိုလစ်ဘာသာကြီးစိုးတဲ့ နိုင်ငံအချို့မှာ သားသမီးကန့်သတ်ခြင်းကို လက်မခံကြပေမဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်အပါအဝင် မွတ်စလင်နိုင်ငံတွေမှာ သားသမီးကန့်သတ်ခြင်းကို ကျင့်သုံးနေကြတယ်ဆိုတာကိုလည်း ပညာရှင်ဆရာမကြီးက မေ့ချင်ယောင် ဆောင်နေပြန်တယ်။ သူ့မစ်ရှင်(Mission)က မီးငြိမ်းတဲ့ မစ်ရှင် မဟုတ်ဘူး။ ဓါတ်ဆီလောင်းတဲ့ မစ်ရှင်ဖြစ်ဟန်တူတယ်။ ရှိစေတော့။
ရှိစေတော့တွေ များလာရင်တော့ ကိစ္စရှိလာနိုင်ပါတယ်။
ဒီနေ့ ဦးသိန်းစိန်အစိုးးရရဲ့ လူဦးရေထိန်းချုပ်ခြင်းကို ဒေါ်အောင်ဆန်းစုကြည်၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနှင့် ကုသသမဂ္ဂက ကန့်ကွက်နေတာလား။ ထိန်းချုပ်တဲ့နည်းစနစ်၊ ပုံသဏ္ဍာန်ကို ကန့်ကွက်နေတာလားဆိုတဲ့ အင်မတန်အခရာကျတဲ့ မေးခွန်းကြီးကို RFAမှာ ဆွေးနွေးသူ ပညာရှင်နှစ်ယောက်ကော၊ သတင်းမေးသူ ဦးခင်မောင်ငြိမ်းတို့ သာကမ မြန်မာပြည်သူ အများအပြားက နားလည်သဘောပေါက်ဟန် မတူကြတာက ဝမ်းနည်းစရာပါ။
ကမ္ဘာကြီးမှာ လူဦးရေ ပေါက်ကွဲမှု များပြားနေပြီး အစာရေစာနဲ့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးမှုတွေ များပြားနေလို့ ကုလသမဂ္ဂကိုယ်တိုင်က ငွေကုန်ကြေးကျခံ၊ အဖွဲ့အစည်းတွေဖွဲ့၊ ပညာရှင်တွေအကူအညီနဲ့ လူဦးရေ ထိန်းချုပ်ရေး ကူညီလုပ်ဆောင်ပေးနေတာကို မမြင်ကြဘူးလား။ အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒက်နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးလောက်လိုလို (လူဦးရေတိုးနှုံး အနှုတ်ပြနေတဲ့ စီးပွားတိုးတက်သော နိုင်ငံအနည်းငယ်ကလွဲလို့)က လူဦးရေ ထိန်းချုပ်ခြင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေကြတာကို မတွေ့ကြဘူးလား။ ဆင်းရဲပြီး သားသမီးများရင် ခလေးကော၊ မိခင်သာ ထိခိုက်ရုံမက လူ့အဖွဲ့အစည်းကိုပါ ဝန်ထုပ်ဝန်ပိုးဖြစ်နေလို့ လူဦးရေ ထိန်းချုပ်ခြင်း (Family Planning)ကို လူ့အခွင့်အရေးအဖွဲ့အစည်း၊ ကျန်းမာရေးအဖွဲ့အစည်း အားလုံးလိုလို ထောက်ခံကူညီနေကြတာကို ဒီပညာရှင်ကြီးများ မသိကြဘူးလား။
ဦးသိန်းစိန်ကို ထောက်ခံချင်ဇောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် ကန့်ကွက်ရသလဲဆိုတာကို မစဉ်းစားနိုင်ကြဘူး ဆိုရင်တော့ ကျနော်တို့နိုင်ငံ ဒီမိုကရေစီ ခရီးလမ်းက ကြမ်းနေအုံးမှာပါ။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂတို့က ရိုဟင်ဂျာတွေကို ခလေးနှစ်ယောက်ထက် ပိုမယူရဆိုတဲ့အမိန့်ကို ကန့်ကွက်ရခြင်းက အမိန့်အာဏာနဲ့ လုပ်လို့ဖြစ်တယ်။ အမိန့်အာဏာနဲ့ လုပ်ရင် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု မဖြစ်အောင် စည်းရုံးခြင်း၊ ပညာပေးခြင်း၊ အထောက်အကူပေးခြင်းအားဖြင့်သာ လုပ်ကြဖို့ လိုပါတယ်။
ရိုဟင်ဂျာတွေ ဆင်းရဲတယ်။ ဆင်းရဲမှာပေါ့။ ဆင်းရဲအောင် အလုပ်ခံထားရတာကိုး။ သူတို့ထွက်ကုန်တွေ သူတို့ လွတ်လပ်စွာ ရောင်းဝယ်ခွင့် မရှိဘူး။ လွတ်လပ်စွာ ခရီးသွား ကုန်သွယ်ခွင့် မရှိဘူး။ အစိုးရကလည်း ဘာအထောက်အကူ (Infrastructures)မှ မလုပ်ပေးဘူး။ ဒီကြားထဲ သူတို့လယ်တွေ၊ ကျွဲနွားတွေကိုလည်း မကြာခဏ အဓမ္မ အသိမ်းခံကြရတယ်။ အသစ်နေရာချပေးတဲ့ နတလရွာသားတွေအတွက် သူတို့ လယ်၊ သူတို့ နွားကို ပေးရတယ်။ အလုပ်ခွင်မှာလည်း ပေါ်တာ အဆွဲခံရတယ်။
ရိုဟင်ဂျာတွေဟာ ပညာမတတ်ဘူး။ ဘာကြောင့်လဲ။ ကျောင်းအင်မတန် နည်းတယ်။ ဘာသာစကား ကျွမ်းကျင်တဲ့ ရိုဟင်ဂျာဆရာ မခန့်ဘူး။ ရခိုင်ဆရာတွေကို အများဆုံး ခန့်တယ်။ ဆရာအများစုကြီးက အိမ်မှာနေပြီး လခထိုင်ထုတ်၊ ကျောင်းမလာ။ စေတနာနည်း။
ရိုဟင်ဂျာတွေမှာ ပညာတတ်ရှားတယ်။ နည်းနည်းပါးပါး စာသင်နိုင်သူတွေ ဆယ်တန်းအောင်ရင် တက္ကသိုလ်တက်ခွင့်ရရေးက အိုင်ယာလန်ထီပေါက်တာထက် ပိုခက်ခဲတယ်။ ပညာတတ်တွေ မဖြစ်လာအောင် စနစ်တကျပိတ်ဆို့ထားတာ ၁၉၈၂ နိုင်ငံသားဥပဒေ ပြဌာန်းပြီး နောက်ပိုင်းကတည်းကဘဲ။
ရိုဟင်ဂျာတွေ လူဦးရေများတယ်ပြောတယ်။ လွန်ခဲ့သော ဘယ်နှစ်ခုနှစ်က လူဦးရေ ဘယ်လောက်ရှိခဲ့ပြီး အခုဘယ်လောက်ရှိလာလို့ လူဦးရေတိုးနှုံး ဘယ်လောက်မြင့်တက်လာပါတယ်လို့ ကိန်းဂဏန်းနဲ့ မချပြဘဲ ဘယ်လိုလုပ် လူဦးရေများတယ် ပြောနိုင်ကြတာလဲ။ ဘာအထောက်အထားနဲ့ ပြောနေတာလဲ။ ရိုဟင်ဂျာတွေကို ခွင့်ပြုချက်ရမှ လက်ထပ်ရမယ်။ ခလေးနှစ်ယောက်ထက် ပိုမယူရဘူးဆိုတာ နှစ်နှစ်ဆယ်ကျော်နေပြီ။ ဘယ်လိုလုပ်ပြီး လူဦးရေ များတယ် ပြောနိုင်ရတာလဲ။
မိသားတစ်စုမှာ ၅၀ – ၆၀ လောက်ရှိတယ်။ ဟုတ်လား။ ခင်ဗျားတို့ကို အဖိုး အဖွား၊ အမိ အဘ၊ သား သမီး၊ မြေးမြစ်အထိအောင် အိမ်ထောင်စုစာရင်း တစ်ခုဘဲ လုပ်ပေးထားရင် ခင်ဗျားတို့လည်း ၅၀ – ၆၀ မဖြစ်သွားနိုင်ဘူးလား။
အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဌာနဆိုင်ရာမှာ ရိုဟင်ဂျာကို အလုပ်မခန့်တော့ဘူး။ အနှိမ်ခံ အဖိခံလုပ်ထားတယ်။ ဒီလူမျိုးမှ မနိမ့်ကျရင် ဘယ်လူမျိုး နိမ့်ကျအုံးမှာလဲ။ ဒီလိုလူမျိုးမှ ခေတ်နောက်မကျရင် ဘယ်လူမျိုး ခေတ်နောက်ကျအုံးမှာလဲ။ သူတို့ကို လွတ်မြောက်အောက် အကူအညီပေးမှာလား။ ပိုဆိုးအောင် ပိုဖိနှိပ်မှာလား။
ဒါကြောင့် ပထမအဆင့်အနေနဲ့ ရိုဟင်ဂျာတွေမှာ တစ်ကယ်ဘဲ လူဦးရေး တိုးပွါးမှုနှုံး မြင့်နေသလား။ အခြားမြန်မာနိုင်ငံသားတွေမှာကော လူဦးရေ တိုးပွါးနှုံးမြင့်နေသလား။ လူဦးရေတိုးနှုံးများနေတာမှန်ရင်၊ မိသားစု စီမံကိန်းလုပ်ဖို့ လိုအပ်တာမှန်ရင် သက်ဆိုင်ရာ ပညာရှင်တွေ၊ လူ့အဖွဲ့အစည်းတွေရဲ့ ထင်သာမြင်သာသော ထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရယူပြီးမှ သားသမီး ဦးရေကို ထိန်းချုပ်တဲ့ မိသားစုစီမံကိန်း (Family Planning)ကို လုပ်ရမှာဖြစ်တယ်။ သို့သော် အမိန့်အာဏာနဲ့ လုပ်လို့ မရပါဘူး။ အမိန့်အာဏာနဲ့ ခိုင်းရင် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပါတယ်။ လုပ်ချင်ရင် ရိုဟင်ဂျာတွေကို စည်းရုံးပါ။ ပညာပေးပါ။ ရိုဟင်ဂျာ လူထုခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပါ။ ဒီနည်းဘဲ ရှိပါတယ်။
လက်ပံတောင်းတောင် စီမံကိန်း အစီရင်ခံစာနှင့် ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင် အစီရင်ခံစာထဲက သပြေသီးကောက်သလို ကိုယ်ကြိုက်တာရွေးပြီး အကောင်အထည်ဖေါ်နေတာတွေ၊ ကိုယ်မကြိုက်တာတွေကို မသိချင်ယောင်ဆောင်နေတာတွေက သိပ်သိသာလွန်းနေပါပြီ။ ဦးသိန်းစိန်အစိုးရအနေနဲ့ ရှက်တတ်ဖို့ လိုပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာက ရိုဟင်ဂျာတွေရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို လိုချင်တယ်ဆိုရင် သူတို့ကို လူလိုမြင်ကြပါ။ လူလိုဆက်ဆံကြပါ။ လူလို လေးစားပြပါ။ လူလို လူလို မမြင်ရင် လူသားအဖြစ်မှ တစ်ကယ်တန်း ဆုံးရှုံးသွားသူက ဘယ်သူတွေလဲဆိုတာကို သိပါ။