ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
M-Media
လမင်း
![DSC02305]()
ရန်ကုန် ။ ။ စင်ကာပူအခြေစိုက် United Overseas Bank (UOB) သည် “မြန်မာနိုင်ငံ၏အလားအလာများကိုဖွင့်လှစ်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို အာရှလုပ်ငန်းရှင်စီးပွားရေး ၂၀၀ ကျော်နှင့် ပထမတန်း လုပ်ငန်းရှင်များ၊ ပညာရှင်များမှ လာမည့် အပတ်တွင် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရပါသည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အာရှကရော ကမ္ဘာ့တလွှားက စီးပွားရေးလုပ်ငန်းရှင်တွေကို ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ် နေပါတယ်။ အာရှမှာတော့ မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံမှုတွေအတွက် အကောင်းဆုံးနေရာပဲဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ တည်နေရာ အနေ အထားနဲ့ လူဦးရေသန်း ၆၀ လောက်ဟာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့နဲ့ ဖောက်သည်တွေရနိုင်ဖို့ အခွင့်အလမ်းကောင်းပဲဖြစ်ပါတယ်” လို့ UOB ၏ အမှုဆောင်ဒါရိုက်တာနှင့် FDI အကြံပေးအဖွဲ့ခေါင်းဆောင် Mr.Cheong ကပြောကြားခဲ့သည်။
UOB ၏အာရှဒေသအတွင်း ရေရှည်လုပ်ငန်းဆောင်ရွက်လာသည်မှာ နှစ်ပေါင်း ၈၀ ခန့်နီးပါးရှိပြီဖြစ်သည်။ ၎င်းသည် အရှေ့တောင် အာရှအတွင်း များစွာသော ဘဏ်ခွဲများကိုဖွင့်လှစ်ပြီး ဖောက်သည်များကို ဒေသအသီးသီးမှဆက်သွယ်ဆောင်၇ွက်ပေးခဲ့သည်။ မြန်မာနိုင်ငံ တွင်လည်း ၁၉၄၈ မှစတင်ကာ ကိုယ်စားလှယ်ရုံးခွဲထားရှိခဲ့သည်။ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံတို့ တွင်လည်း ရုံးခွဲများဖွင့်လှစ်ထားလျက်ရှိသည်။
“ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ဥပဒေဘောင်ထဲကနေပဲပြုလုပ်သွားဖို့ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ရေးတွေကိုလည်း အဓိကထား ပြုလုပ် နေပါတယ်။ မြန်မာနိုင်ငံဟာ အာမခံချက်ပေးနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့တွေလည်း ရှိပါတယ်။ စီးပွားရေးကိုအခြေခံပြီး ဖွံ့ဖြိုးတိုးတက်အေင် ကျွန်တော်တို့နိုင်ငံကို ဆောင်ရွက်နေပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ကျွန်တော်တို့ ဖွင့်ပေးထားပါတယ်” စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတ်ယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းကပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသည် ယခုအခါတွင် အာရှ၌ အရေးပါသောဈေးကွက်များထဲမှတစ်ခုဖြစ်ပါသည်။ အာရှဒေသတွင်းမှ စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၏ အနာဂတ်အလားအလာကို များစွာယုံကြည်စိတ်ချနေလျက်ရှိကြောင်းသိရပါသည်။
Related Posts
- ဟန်လင်း-ပျူမြို့ဟောင်းအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက် (Jan 20, 2014)
- ဇန်န၀ါရီ ၁၉၊ ပြည်တွင်းသတင်း စုစည်းမှု (Jan 19, 2014)
- မပြည့်စုံတဲ့ လူတွေကို ပံ့ပိုးပေးတာဟာ ကောင်းမွန်တဲ့ အလုပ်ဖြစ်ကြောင်း နွယ်အေး ဗလီ သာရေး/နာရေး (၃) နှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ပြောကြား (Jan 19, 2014)
- တရားဥပဒေစိုးမိုးရေးကို လိုလားသည့် တောင်သူလယ်သမားများ စုပေါင်းဆန္ဒဖော်ထုတ် (Jan 18, 2014)
- လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ စည်းလုံးမှုကို အထူးလိုလား (Jan 18, 2014)
- နွယ်အေးဗလီ သာရေးနာရေးကော်မတီ ၃-နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်မည် (Jan 18, 2014)
- ဇန်န၀ါရီ ၁၇၊ ပြည်တွင်းသတင်း စုစည်းမှု (Jan 17, 2014)
- ကတ်သလစ်ဘာသာဝင်များ မြန်မာနိုင်ငံသို့ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်အခမ်းနား စည်ကားသိုက်မြိုက်စွာ ကျင်းပမည် (Jan 17, 2014)
- တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း ညီလာခံကျင်းပရန် ဖိတ်ခေါ် (Jan 16, 2014)
- ဦးအောင်သိန်းလင်းကို လုံးဝ အယုံအကြည်မရှိသည့် တောင်သူလယ်သမားများ သပိတ်စခန်းဖွင့်မည်ဟုပြော (Jan 16, 2014)