Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မွတ်စလင်များ ဝတ်ပြုနည်း သင်ပေးသည့် စက်ရုပ်ငယ် အီရန် လူငယ်ကျောင်းဆရာတီထွင်

$
0
0

ဖေဖော်ဝါရီ ၂၇၊ ၂၀၁၄
M-Media
Robot-Teaches-Muslim-Prayers_
- အစ္စလာမ်ဘာသာဝင်များ နေ့စဉ်ဝတ်ပြုရသည့် ၅ ကြိမ် ဆွလာသ်အား သင်ပေးရန်နှင့်ကလေးငယ်များ ၀တ်ပြုမှုများဆောင်ရွက်ရန် အားပေးသည့် အနေဖြင့် ဆွလာသ်ဝတ်ပြုမှုကို သရုပ်ပြသည့် စက်ရုပ်ငယ်တစ်ခုကို ကုရ်အာန်ကျမ်းစာ သင်ကြားသည့် အီရန်ဆရာတစ်ဦးမှ တီထွင်လိုက်သည်ဟု သိရသည်။

အဆိုပါ စက်ရုပ်ငယ်အား အီရန်နိုင်ငံ တီဟီရန်မြို့အနီး Varamin မူလတန်းကျောင်းတွင် ကုရ်အာန်ကျမ်းတော်မြတ် သင်ကြားပို့ချနေသည့် အသက် ၂၇ နှစ်အရွယ် ဆရာဖြစ်သူ အက္ကဘာ ရှီဇိုင်အီက တီထွင်ခဲ့ခြင်းဖြစ်သည်။

ကိုယ်ပိုင် စိတ်ဝင်စားမှုနှင့် လေ့လာနေသည့် ပညာရပ်နယ်ပယ်မှ မဟုတ်သော်လည်း  အက္ကဘာမှာ ဒေသတွင်းရှိ စက်ရုပ်တီထွင်မှု သင်တန်းတစ်ခုကို တက်ရောက်ခဲ့ပြီး၊ လူသားကဲ့သို့ စက်ရုပ်များ တီထွင်ပြုလုပ်ခြင်း ပညာရပ်များကို ရရှိခဲ့သည်။ ထို့နောက် ၎င်း၏အိမ်တွင် စက်ရုပ်တစ်ခုပြုလုပ်ခဲ့ပြီး Veldan ဟု အမည်ပေးခဲ့သည်။ ထိုအမည်မှာ ကုရ်အာန် ကျမ်းတော်မြတ်ထဲမှ စကားလုံးဖြစ်ပြီး Youth of Heaven (ကောင်းကင်ဘုံ၏ လူငယ်) ဟု အဓိပ္ပါယ်ရသည်။

ထိုစက်ရုပ်အား အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီးနောက် ၀တ်ပြုရာတွင် ဆောင်ရွက်ရသည့် ဦးချခြင်း စသည့်လှုပ်ရှားမှုများကို လုပ်နိုင်စေခဲ့သည်။ အစ္စလာမ်ဘာသာဝင်များမှာ တစ်နေ့လျှင် ဆွလာသ်ငါးကြိမ်ဝတ်ပြုရပြီး ၀တ်ပြုမှုတစ်ခုချင်းစီတွင် ဦးညွှတ်ခြင်း၊ ဦးချခြင်း စသည့် ကိုနေဟန်ထား လှုပ်ရှားမှုများပါဝင်ကာ ထိုလှုပ်ရှားမှု အတွဲတစ်ခုချင်းစီကို “ရကအသ်” ဟု ခေါ်သည်။

အဆိုပါ ဆွလာသ်ငါးကြိမ်ဝတ်ပြုမှုကို အချိန်အပိုင်းအခြားအလိုက် ဆောင်ရွက်ရခြင်းဖြစ်ပြီး နံနက်အာရုဏ်တက်အချိန် ၀တ်ပြုမှု “ဖဂျရ်”ဖြင့် တစ်နေ့တာ ၀တ်ပြုမှုများကို စတင်သည်။

Ref: OnIslam & News Agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...