Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရုရှားထောက်ခံသူများနှင့် ဆန့်ကျင်သူများ ယူကရိန်းပြည်သူချင်း အချင်းများ၊ နယ်စပ်တွင် ရုရှားစစ်တပ် တပ်လှန့်ထားရန် ပူတင်အမိန့်ပေး

$
0
0

ဖေဖော်ဝါရီ ၂၇ ၂၀၁၄
M-Media
27russia_2-articleLarge
- ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသတွင် ပါလီမန်မှ သမ္မတကို ဖြုတ်ချခဲ့မှုနှင့်ပတ်သက်၍ ဆွေးနွေးရန်စီစဉ်ရာမှ ရုရှားထောက်ခံသူများနှင့် ဆန့်ကျင်သူများ အကြား လုံးထွေး သတ်ပုတ်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျအား သမ္မတရာထူးမှ ထုတ်ပယ်ခြင်းခဲ့ခြင်းအတွက် ဆွေးနွေးမှုများပြုလုပ်ရန် ခရိုင်းမီးယားဒေသရှိ နိုင်ငံရေး သမားများက ပြင်ဆင်နေချိန်တွင် ရုရှားအား ထောက်ခံသူများနှင့် ယူကရိန်း အစိုးရသစ်ကို ထောက်ခံသူ ထောင်ပေါင်း များစွာတို့မှာ ခရိုင်းမီးယားဒေသ ပါလီမန်အဆောက်အဦးရှေ့တွင် ယမန်နေ့က လုံးထွေးသတ်ပုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လုံးထွေးသတ်ပုတ်မှုတွင် ငရုကောင်း စပရေးများဖြင့်ဖြန်းခြင်း ပုလင်းများဖြင့် ပစ်ပေါက်ခြင်းတို့ပြုလုပ်ခဲ့ကြပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကာ၊ နှလုံးရောဂါကြောင့် လူတစ်ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေး ၀န်ထမ်းများက ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဖြစ်ပွားပြီးနောက် ယူကရိန်း၊ ဘီလာရုဇ်၊ ဘော်လ်တစ်နိုင်ငံများ၊ ဖင်လန်၊ အာတိတ်ဒေသ စသည်တို့နှင့် ထိစပ်လျက်ရှိသည့် ရုရှားအနောက်ဘက်စစ်တိုင်းမှ ကြည်း၊ ရေ၊ လေတပ်များအား တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် သမ္မတပူတင်က အမိန့်ပေးခဲ့သည်။

ရုရှားကာကွယ်ရေး ၀န်ကြီးဌာနကမူ ထိုစစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်းအခြေစိုက် ပင်လယ်နက် ရေယာဉ်အုပ်စု၏ လက်နက်များ၊ ထောက်ပံ့ရေး ပစ္စည်းကိရိယာများ လုံခြုံရေးကို သေချာစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

အနောက်အုပ်စုကို ထောက်ခံသော ကတ်ဘိနတ်အဖွဲ့ကို ယူကရိန်းနိုင်ငံက ယမန်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမေရိကန်ကလည်း ယူကရိန်းနိုင်ငံအား စီးပွားရေးအကူအညီများပေးရန် ကမ်းလှမ်းခဲ့ကာ ရုရှားအနေဖြင့် ယူကရိန်းအား စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ပါက ကြီးမားသော အမှားဖြစ်မည်ဟု သတိပေးခဲ့သည်။
Ref: CNA & Al Jazeera


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...