Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ချယ်ဆီးမှ ထွက်ခွာပါက အင်တာသို့ပြန်သွားမည်ဟု မော်ရင်ဟိုဆို

$
0
0

ဖေဖော်ဝါရီ ၂၇ ၂၀၁၄
M-Media
373450_heroa
- ချယ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျက ၎င်းအား အလိုမရှိတော့လျှင် အီတလီစီးရီးအေကလပ် အင်တာမီလန် အသင်းသို့ ပြန်လည်ပြောင်းရွှေ့မည်ဟု ပြောကြားလိုက်သည်။

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်သည့် မော်ရင်ဟိုမှာ အင်တာမီလန်အသင်းတွင် ၂ နှစ်ကြာ နည်းပြခဲ့ပြီး စီးရီးအေ၊ ချန်ပီယံလိဂ်နှင့် ကိုပါအီတာလီယာ ဖလားသုံးလုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ ၂၀၁၀ ခုနှစ်တွင် အင်တာမှ ထွက်ခွာခဲ့သည်။

“အခုအချိန်မှာတော့ ချယ်ဆီးမှာ ကျွန်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီက ကျွန်တော့ရဲ့ စွန့်စားခန်းပြီးသွားပြီလို့ အနာဂတ်မှာ အေဘရာမိုဗစ်ခ်ျက ဆုံးဖြတ်နိုင်ပါတယ်။ အဲဒီနေ့မှာတော့ ကျွန်တော် အီတလီကိုပြန်သွားမှာပါ။ အင်တာမီလန်အကြောင်း စဉ်းစားတာဟာ ကျွန်တော့အတွက်တော့ သာမန်ပါပဲ။ ဒါပေမယ့် အင်တာကလွဲပြီး တစ်ခြား အီတလီကလပ်တော့ မဟုတ်ပါဘူး” ဟု မော်ရင်ဟိုက အီတလီမီဒီယာ Mediaset သို့ ပြောကြားခဲ့သည်။

မော်ရင်ဟိုမှာ ၂၀၁၀ ခုနှစ် အင်တာမီလန်မှ ထွက်ခွာပြီးနောက် ရီးယဲလ်သို့သွားရောက်ခဲ့ပြီး ပြီးခဲ့သည့်နွေရာသီက ချယ်ဆီးအသင်းအား ပြန်လည်ကိုင်တွယ်ခဲ့သည်။

Ref:Goal


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...