Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ယူကရိန်း ခရိုင်းမီးယားဒေသရှိ လေဆိပ်တခု ရုပ်ဖျက်ထားသည့် လက်နက်ကိုင်များ စီးနင်း

$
0
0

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
M-Media
Ukraine-Simferopol_2836927b
- ရုရှားထောက်ခံသည့် ယူကရိန်း သမ္မတ ယာနူကိုဗစ်ခ်ျ ဖြုတ်ချခံရပြီးနောက် ရုရှားထောက်ခံသူနှင့် ဆန့်ကျင်သူများအကြား တင်းမာမှုများဖြစ်ပွားနေသော ယူကရိန်း နိုင်ငံအရှေ့ပိုင်း  ခရိုင်းမီးယားဒေသ ဆင်ဖီရိုပိုလ်မြို့ရှိ အဓိကလေဆိပ်အား လက်နက်ကိုင်များက စီးနင်း သိမ်းပိုက်လိုက်သည် သိရသည်။

အစိမ်းရောက်ဝတ်စုံများဖြင့် ရုပ်ဖျက် ၀တ်စားထားပြီး အင်အား ၄၀ ခန့်ရှိသည့် ရုရှားထောက်ခံသူ အဆိုပါ လက်နက်ကိုင်များမှာ ယမန်နေ့က  အစိုးရအဆောက်အအုံများကို သိမ်းပိုက်ခဲ့ပြီး ယနေ့တွင် လက်နက်ကိုင် ၁၂ ယောက်ခန့်က လေဆိပ်အား စောင့်ကြပ်နေခြင်းဖြစ်သည်။ သို့သော်လည်း လေဆိပ်မှာ ပုံမှန်လည်ပတ်လျက်ရှိနေသည်။

ခရိုင်းမီးယားပါလီမန်၏ ရှေ့တွင်လည်း ရုရှား၏ သုံးရောင်ချယ်အလံများ ဝှေ့ယမ်းလျက်ရှိပြီး ရုရှားထောက်ခံသူ လူအုပ်စုကြီးမှာ ကိုယ်ပိုင်ကားများ၊ ဘတ်စ်ကားများဖြင့် မြို့တော်တစ်ဝှမ်း လှည့်လည်သွားလာလျက်ရှိနေသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆိုပါခရိုင်းမီးယားဒေသ၏ ၀န်ကြီးချုပ် Anatoliy Mohilyov က မူ လက်နက်များကိုင်ဆောင်ထားသည့် လူ ၅၀ ခန့်မှာ အစိုးရအဆောက်အအုံများကို သိမ်းပိုက်ထားပြီး အစိုးရ၀န်ထမ်းများအား ၀င်ရောက်ခွင့်မပေးဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့သော်လည်း ယခင်ဝန်ကြီးချုပ်ဟောင်း Sergiy Kunitsyn က အဆိုပါ လက်နက်ကိုများမှာ ကောင်းစွာလေ့ကျင့်ထားကြပြီး စနိုက်ပါ သေနတ်များ ကိုင်ဆောင်ထားပြီး အင်အား ၁၂၀ ခန့်ရှိကြောင်း၊ တစ်လခန့် အသုံးပြုနိုင်သည့် လက်နက်ခဲယမ်းများကို သယ်ဆောင်ကာ သွားလာကြကြောင်း ကိဗ်မြို့ရှိ ဥပဒေပြုအမတ်များအား ပြောကြားခဲ့သည်။

ရာထူးမှ ဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း ပျောက်ကွယ်နေသည့် ယူကရိန်းသမ္မတဟောင်း ယာနူကိုဗစ်ခ်ျမှာ မော်စကိုအနီးရှိ ကျန်းမာရေး အပန်းဖြေစခန်းတွင်ပုံးအောင်နေသည်ဟု ရုရှား ရုပ်သံမှ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ ယာနူကိုဗစ်ခ်ျမှာ ယမန်နေ့က ထွက်ပေါ်လာခဲ့ပြီး ယနေ့တွင် ရုရှား၌ သတင်းစာရှင်းလင်းပွဲ လုပ်ရန်ရှိနေသည်။

ခရိုင်းမီးယားတွင် ဖြစ်ပွားနေသည့် မငြိမ်သက်မှုများကြောင့် ရုရှားက ယူကရိန်းနယ်စပ်ရှိ ၎င်း၏ စစ်တပ်အား တပ်လှန့်ထားပြီး၊ ယူကရိန်း၏ ကြားဖြတ် သမ္မတ တာချီနော့ဗ်ကမူ ခရိုင်းမီးယားအခြေစိုက် ပင်လယ်နက်ရှိ ရုရှားစစ်တပ်များ၏ လှုပ်ရှားမှုကို စစ်ရေးအရ ကျူးကျော်မှုဟု ယူဆကြောင်း ပြောကြားခဲ့သည်။
AFP/nd


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...