Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရက်ပိုင်း အနည်းငယ် အနားယူခဲ့ပြီးနောက် အိုဇေးလ်မှာ ပုံစံကောင်းဖြင့် ပြန်လာမည်ဟု ၀င်းဂါးဆို

$
0
0

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
M-Media
371446_heroa
- ပုံစံမှန်ပျောက်ဆုံးနေသည့် ကွင်းလယ်လူ အိုဇေးလ်အား အနားယူရန် အချိန်ပေးခဲ့ပြီးနောက် အိုဇေးလ်မှာ ပြန်လည်လန်းဆန်းလာမည်ဟု ယုံကြည်နေပြီး ၎င်းအပေါ်ရှိနေသည့် ဖိအားများအား ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။

ပြီးခဲ့သည်တစ်ပတ်က ဘိုင်ယန်မြူးနစ်အား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပယ်နယ်တီမ၀င်ခဲ့ဘဲ စိတ်ပျက်ဖွယ်ရာ ကစားပုံများနှင့် ကြုံတွေ့နေရသည့် အိုဇေးလ်အား ၀င်းဂါးက အနားပေးထားသောကြောင့် စနေနေ့တွင် ကစားခဲ့သည့် ဆန်းဒါးလန်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်ခြင်းမရှိခဲ့ပေ။

ကလပ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ထိုက်တန်သည့် ခြေစွမ်းမျိုးပြရမည်ဟု မည်သည့်အခါမှ အိုဇေးလ်အား ဖိအားပေးခဲ့ခြင်း မရှိဟု ပြောကြားခဲ့သည့် ၀င်းဂါးက

“မင်းအနေနဲ့ ငါတို့ကို နိုင်အောင်လုပ်ပေးရမယ်လို့ မီဆု(အိုဇေးလ်)ကို ကျွန်တော် ဘယ်တော့မှ မပြောပါဘူး။ သူအနေနဲ့ လုပ်လည်းမလုပ်သင့်ပါဘူး။ ဒါဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျစေပါတယ်။ ပြီးတော့ အဲလိုပြောလိုက်ခြင်းဟာ ကျွန်တော်လိုချင်တာထက် သူ့ကို အခြားသောပုံစံ ခံစားရစေနိုင်ပါတယ်။ ကျွန်တော်က သူ့ကို ပျော်ရွှင်စေချင်ပြီး ကောင်းကောင်းကစားစေချင်တာပါ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက အာဆင်နယ်အသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်မှ ပြောင်းလာသည့် အိုဇေးလ်မှာ ရာသီ အစတွင် ခြေစွမ်းများ ပြနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ခြေစွမ်းကျလာခဲ့ကာ ၂၀၁၄ ခုနှစ်အတွင်းကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်များ၌ ၁ ကြိမ်သာ ဖန်တီးပေးနိုင်ခဲ့သည်။ ၎င်း၏ ခြေစွမ်းကျဆင်းမှုများကြောင့် အိုဇေးလ်မှာ လူအများ၏ ဝေဖန်မှုကိုလည်း ခံနေရသည်။
Goal


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...