Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မက်ဆီဟာ ဘာစီလိုနာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်မည်ဟု ဝေဖန်နေသူများကို ဖာရီဂတ် ပြော

$
0
0

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
M-Media

368937_heroa
- အာဂျင်တိုင်းကစားသမား မက်ဆီ၏ ယခုလက်တလော အသင်းအပေါ် အထောက်အကူမပြုနိုင်သည့်အတွက် အသင်းဖော်များက စိတ်ပျက်နေသည် ဆိုသည့်သတင်းအား စပိန်ကွင်းလယ်လူ ဖာဘရီဂတ်စ်က ငြင်းဆိုလိုက်ပြီး မက်ဆီမှာ ဘာစီလိုနာအား ရလဒ်ကောင်းအောင် ဦးဆောင်နိုင်မည်ဟု ပြောဆိုလိုက်သည်။

စနေနေ့က ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းမှာ ဆိုစီဒက်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းအပေါ် ၀န်ဖန်မှုများရှိလာခဲ့ပြီး၊ ထိုဝေဖန်မှုများမှာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ခြေစွမ်းမပြနိုင်သည့် မက်ဆီကိုလည်း ရိုက်ခတ်ခဲ့သည်။

သို့သော်လည်း ဖာဘရီဂက်စ်ကမူ မက်ဆီ၏ ပြင်းထန်သော ကြိုစားမှုများအတွက် အသင်းသားတိုင်းက ကျေနပ်ကြပြီး၊ ထိုအရှုံးအား ပြန်လည်ချေဖျက်နိုင်ရန် တစ်သင်းလုံးက မျှော်လင့်နေကြသည်ဟု ဆိုသည်။

“တစ်သင်းလုံးရဲ့အင်အားကို ပခုံးပေါ်မှာတင်ထားတဲ့ ကစားသမားမျိုးရှိခဲ့မယ်ဆိုရင် အဲဒါ မက်ဆီပါပဲ။ သူ့နဲ့ ပတ်သက်ပြီး အပြစ်ပြောစရာရှိမယ်ဆိုရင်၊ ကျွန်တော်တို့က သူ့သုံးဆလောက် အပြောခံရမှာပါ” ဟု AS သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့ပြင် မက်ဆီနှင့်ပတ်သက်သည့် သတင်းထွက်လာမှုများမှာ မှားယွင်းကြောင်း ၎င်းအတွက် မက်ဆီမှာ အလွန်ကောင်းမွန်သော ကစားသမားဖြစ်ပြီး၊ ကမ္ဘာ့ဘောလုံးလောကတွင် ပြိုင်ဘက်ကင်း ကစားသမားဖြစ်ကြောင်း ဖာဘရီဂက်စ်က ထပ်လောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာမှာ ဆိုစီဒက်ပွဲအရှုံးကြောင့် ထိပ်ဆုံးမှ ရီးယဲလ်နှင့် ၃ မှတ်ကွာဟကာ ဒုတိယနေရာတွင်ရှိနေသည်။ မက်ဆီမှာ ယခုနှစ်တွင် ပါဝင်ကစားရသည့် လာလီဂါပွဲစဉ် ၁၈ ပွဲ၌ ၁၄ ဂိုးသွင်းယူပေးထားနိုင်သည်။

Goal


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...