Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်စဉ် မြောက်ကိုရီးယားမှ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်

$
0
0

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၁၄
M-Media
2014227134429151621_20
- တောင်ကိုရီးယားနိုင်ငံမှ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန်အတွင်း မြောက်ကိုရီးယားမှ တာတိုပစ် ဒုံးကျည် ၄ ခုအား နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတမ်းရှိ ပင်လယ်ပြင်သို့ စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ မီဒီယာ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယမန်နေ့ ညနေ ဒေသစံတော်ချိန် ၅ နာရီ ၄၂ မိနစ်တွင် နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတမ်းရှိ တောင်တန်းပေါ်မှ တောင်ကိုရီးယားမြောက်ပိုင်း နယ်စပ်ဘက်သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ပစ်လွှတ်သည့် ရည်ရွယ်ချက်အား သိရှိရခြင်း မရှိပေ။

စစ်ရေးလေ့ကျင့်မှုအစိတ်အပိုင်း အဖြစ် မြောက်ကိုရီးယားနိုင်ငံမှ ယခင်ကလည်း တာတိုပစ်ဒုံးကျည်များ ပစ်လွှတ်လေ့ရှိခဲ့ပြီး၊ ယခုနောက်ဆုံး ပစ်လွှတ်လိုက်သည့် ဒုံးကျည်တန်းမှာ မည်သည့်နေရာသို့ ကျရောက်သည်ကို ဖော်ပြခြင်းမရှိပေ။

ယခုကဲ့သို့ပစ်ခတ်မှုမှာ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင်မှု စတင်ခဲ့ပြီး ရက်နည်းငယ် အကြာတွင်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ ထိုစစ်ရေးလေ့ကျင့်မှုအား စစ်ပွဲအတွက် ပြင်ဆင်ခြင်းဟု မြောက်ကိုရီးယားမှ စောစောပိုင်းတွင် ရှုတ်ချပြောဆိုထားသည်။

ယခုလအစောပိုင်းက အမေရိကန်မှ နျူကလီးယားဗုံး တင်ဆောင်နိုင်သည့် B-52 ဗုံးကြဲလေယာဉ်မှာ တောင်ကိုရီးယားတွင် ပျံသန်းခဲ့ပြီး ထိုပျံသန်းခြင်းက စစ်ရေးအရ မည်သည့် တင်းမာမှုမှ မရှိခဲ့သော်လည်း မြောက်ကိုရီးယားကမူ ထိုပျံသန်းခြင်းအတွက် ဒေါသဖြစ်ခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့ကလည်း မြောက်ကိုရီးယားမှ ကင်းလှည့်သင်္ဘော တစ်စင်းမှာ ကိုရီးယားနှစ်နိုင်ငံ အငြင်းပွားနေသည့် ရေပိုင်နက်ထဲသို့ ကျူးကျော် ၀င်ရောက်ခဲ့သည်။ ထို့ကြောင့် မြောက်ကိုရီးယားနိုင်ငံမှ ပြုလုပ်နိုင်သည့် ရန်စမှုများ အတွက် တောင်ကိုရီးယားဘက်ကလည်း ၎င်း၏ စစ်တပ်အား တပ်လှန့်ထားသည်။

မြောက်ကိုရီးယားမှ ယမန်နေ့က ပစ်လွှတ်ခဲ့သော အဆိုပါဒုံးကျည်များမှာ စကဒ်ဒုံးကျည် မူကွဲတစ်မျိုးဖြစ်ပြီး ကီလိုမီတာ ၂၀၀ ကျော် အထိရောက် ရှိနိုင်သည်ဟု တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
Ref: Reuters & ဆင်ဟွာ


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...