မတ် ၁၄၊ ၂၀၁၄
M-Media
- စင်ကာပူရှိ ရထားတစ်စင်းပေါ်တွင် အ၀တ်အစားများချွတ်လျက် စီးနင်းလိုက်ပါသူ တစ်ဦးအား ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
![Police_arrest_man_who_stripped_naked_on_MRT_train_-_Channel_NewsAsia_]()
ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၀တ်လစ်စလစ်ဖြင့် ရထားပေါ်တွင် အိပ်၍ လိုက်ပါလာသော အဆိုပါခရီးသည်၏ ပုံမှာ အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။ စင်ကာပူ SMRT ရထားလိုင်းမှ တာဝန်ရှိသူကလည်း ထိုဖြစ်ရပ်မှာ မှန်ကန်ကြောင်း ပြောကြားခဲ့ပြီး ရဲ တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။
ထိုအဖြစ်အပျက်အား တွေ့ရှိပြီးနောက် အခြားခရီးသည်များက ညနေ ၆ နာရီ ၅၄ မိနစ်ခန့် တွင် အရေးပေါ် ခလုပ်အား နှိပ်ခဲ့ပြီး ဌာနသို့ သတင်း ပို့ခဲ့ကြောင်း၊ ၂ မိနစ်ခန့်အကြာ Khatib ဘူတာသို့ ရထားဆိုက်ရောက်ချိန်တွင် ၀န်ထမ်းများက ၎င်းအား သွားရောက် ခေါ်ဆောင်သွားခဲ့သည်ဟု SMRT ဌာနမှ ထပ်လောင်း ပြောကြားခဲ့သည်။
ထို့နောက် အသက် ၃၂ နှစ်အရွယ်ရှိ အဆိုပါ ခရီးသည်အား ရဲလက်သို့ လွှဲအပ်ခဲ့ပြီး မဖွယ်ရာသောလုပ်ရပ်ကျူးလွန်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု သိရသည်။
CNA/de
Related Posts
- အိန္ဒိယ အမျိုးသား အလုပ်သမား ကားတိုက်ခံရပြီး သေဆုံးရာမှ အစပြုပြီး စင်္ကာပူ Little India တွင် ရုန်းရင်းဆန်ခတ်မှုဖြစ် တောင်အာရှသား၂၇ ဦးအား ဖမ်းဆီးထား (Dec 9, 2013)
- သောက်စားမူးယစ်ပြီး လူအများ အပေါ် အနှောင့်အယှက်ဖြစ်စေခြင်းကို ချုပ်ကိုင်တော့မည့် စင်ကာပူ အစိုးရ၏ ပေါ်လစီ (Dec 4, 2013)
- NTU ဘွဲ့ကြိုနည်းပညာ ကျောင်းသားများ တည်ဆောက်ခဲ့သော ဂြိုဟ်တုလွှတ်တင် (Dec 4, 2013)
- ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စင်္ကာပူရောက် မြန်မာများလည်း ပါဝင် လက်မှတ်ရေးထိုး (Nov 19, 2013)
- ဒေါ်အောင်ဆန်းစုကြည်၏ စင်္ကာပူ ခရီးစဉ် (Sep 1, 2013)
- လော်လီဖောက်ပြားမှုဖြင့် အစွပ်စွဲခံ ချာ့ခ်ျကျောင်းမှ အလုပ်သမကို နစ်နာကြေးပေးရန် စင်ကာပူ အစိုးရ အမိန့်ချမှတ် (Aug 20, 2013)
- စင်ကာပူ Suria Channel ထုတ်လွှင့်ပြသ သွားခဲ့သော စင်ကာပူရောက် မြန်မာ မွတ်စလင်မ် ကွန်မြူနတီ အကြောင်း (Jul 30, 2013)
- မည်သည့်ဘာသာဝင်မဆို လွတ်လပ်စွာ လက်ထပ် ထိမ်းမြားနိုင်သော စင်ကာပူနိုင်ငံ (Jul 28, 2013)
- စင်္ကာပူရေပိုင်နက်အတွင်း လှေနစ်မြုပ်မှုဖြစ်ပြီး လူ ၉ ဦးပျောက်ဆုံးနေ (Jul 25, 2013)
- ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူတွင် မွတ်စလင်မ် များအား ထိန်းချုပ် ကွပ်မျက်ပုံ (Jul 21, 2013)