Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ပရဟိတနှင့် လူမှုအကျိုးပြု စွမ်စွမ်းတမံ လုပ်ဆောင်သူ ကနေဒါ မွတ်စလင် ကျောင်းသူတစ်ဦးအား အစိုးရမှ ဂုဏ်ပြု

$
0
0

မတ် ၁၄၊ ၂၀၁၄
M-Media
CanadaHonorsYoung-Muslim-Girl
- ဒေသတွင်း ပရဟိတ လုပ်ငန်းများနှင့် ဘာသာ တရားများအကြား နားလည်မှု တည်ဆောက်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသည့် ကနေဒါ မွတ်စလင် အမျိုးသမီးငယ်တစ်ဦးကို ကနေဒါအစိုးရက ဂုဏ်ပြုခဲ့သည်ဟု သိရသည်။

ကနေဒါ အရှေ့ပိုင်း  ၀ုဖ်ဗီလ်းမြို့ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် အဌမတန်းကျောင်းသူ Shakshuki မှာ ကျောင်းအတွင်း ယဉ်ကျေးမှုဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပြီး၊ ‘Free the Children’ ပရဟိတအဖွဲ့တွင်လည်း ပါဝင်ကာ အကူအညီပေးရေး လုပ်ငန်းများကိုလည်း တက်ကြွစွာလုပ်ဆောင်နေသည်။

သူမစီစဉ်ခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်မှနေ၍ အစ္စလာမ် သာသနာ အပေါ် နားလည်မှု လွဲမှားနေမှုများအား ရှင်းလင်းဖြေရှင်းနိုင်ခဲ့သည်။ ဆဌမတန်းမှ စတင်၍ ထိုလှုပ်ရှားမှုများကို ဆောင်ရွက်လာသည့် သူမအား အလုပ်ကြိုးစားသောသူ တစ်ဦးနှင့် ခေါင်းဆောင် တစ်ဦးအဖြစ် ဆရာများက အမည်စာရင်း တင်သွင်းခဲ့ပြီးနောက် ၀ုဖ်ဗီလ်းမြို့ မြို့တော်ဝန်က Respectful Citizenship Award ဆု ပေးအပ်ခဲ့သည်။

“သူမဟာ အရွယ်နဲ့မလိုက်အောင် ကြင်နာတယ်၊ တက်ကြွတယ်၊ ပြီးတော့ သူမရဲ့ဘ၀ကိုလည်း ရှင်သန်အောင် မွေးမြူပါတယ် ” ဟု ရှက်ရှူကီ၏ ဆရာဖြစ်သူ အန်ဂီရက်ရှ်တန်က ပြောကြားခဲ့သည်။

ချို့တဲ့သူများအား အကူအညီပေးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် အတွက် Shakshuki မှာ လက်မှုပညာသင်တန်းနှင့် မုန့်ဖုတ်သင်းတန်း တစ်ခုကိုလည်း သူမ၏ သူငယ်ချင်း ၂ ယောက်နှင့်အတူ တက်ရောက်နေသည်။

ဝုဖ်ဗီးလ်မြို့၏ မြိုတော်ဝန် ဂျေ ဂျေ ဂရန့်မှ ချီးမြှင့်သော ဂုဏ်ပြုဆုအား လက်ခံရယူပြီးနောက် သူမက ယခုကဲ့သို့ အခမ်းအနားမျိုးမှာ မိမိအတွက် အားအင်တစ်ခုဖြစ်စေပြီး အခြားသော ကျောင်းသားများ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကို နားထောင်နိုင်သည့် အခွင့်အရေးလည်း ရသည်ဟု ပြောကြားခဲ့သည်။ မိသားစုတွင် အငယ်ဆုံးဖြစ်သည့် သူမမှာ မိဘများနှင့် ညီအကိုမောင်နှမများ၏ စာရိတ္တကောင်းများကိုလည်း ရရှိခဲ့သည်ဟု ဆိုသည်။

အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးနောက် ကနေဒါတွင် ယုံကြည်ကိုးကွယ်မှုအများဆုံး ဘာသာတရားတစ်ခုဖြစ်ပြီး နိုင်ငံလူဦးရေ ၃၂.၈ သန်း၏ ၁.၉ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

Ref: OnIslam & Newspapers


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...