Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ခရိုင်းမီးယားအရေး ကုလတင်မည့် အမေရိကန်၏ ဆုံးဖြတ်ချက် မူကြမ်း ဗီတိုသုံး၍ ပယ်ချသွားမည်ဟု ရုရှားဆို

$
0
0

မတ် ၁၄၊ ၂၀၁၄
M-Media

- ခရိုင်းမီးယားဒေသ ရုရှားသို့ဝင်ရောက်ရန် ပြုလုပ်မည့် ပြည်သူဆန္ဒခံယူပွဲကို အသိအမှတ် မပြုရန်အတွက် ကုလ၏ ဆုံးဖြတ်မှုကြမ်းအား ဗီတိုသုံး၍ ပယ်ချသွားမည်ဟု ရုရှားက ပြောကြားလိုက်သည်။

139206081922139561070273

ခရိုင်းမီးယားအား လွတ်လပ်သော ဒေသအဖြစ်သတ်မှတ်ရန် တနင်္ဂနွေနေ့တွင် ပြည်သူ့ဆန္ဒခံယူမည်ဖြစ်ပြီး၊ ထိုပြည်သူ့ဆန္ဒခံယူပွဲအား တရားမ၀င်ဟု သတ်မှတ်မည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို အမေရိကန်က ကုလသို့ ယမန်နေ့တွင် ပေးပို့ခဲ့သည်။

စာမျက်နှာ တစ်မျက်နှာရှိသည့် အဆိုပါမူကြမ်းတွင် ခရိုင်းမီးယား ပြည်သူ့ဆန္ဒခံယူမှုရလဒ်အား အသိအမှတ်မပြုရန် ကမ္ဘာ့နိုင်ငံများကို တိုက်ထွန်းထားသည်။ ကုလသမဂ္ဂ ဆိုင်ရာအမေရိန်ကန်သံအမတ် စမန်သာပါဝါကမူ အဆိုပါ မူကြမ်းမှာ အပြစ်မဲ့အသက်များ မဆုံးရှုံးခင် ရုရှား၏ ရပ်တည်ချက်ကို ပြောင်းပစ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု လုံခြုံရေးကောင်စီ ၁၅ နိုင်ငံ အစည်းအဝေး အပြီးတွင် ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီတွင် ဗီတိုသုံးနိုင်သည့် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံတွင် အပါအ၀င်ဖြစ်သော ရုရှားကမူ ထိုဆုံးဖြတ်ချက်အား ဆန့်ကျင်သည်ဟု ပြတ်ပြတ်သားသားပင် ပြောဆိုခဲ့သည်။ ထို့ကြောင့် ထိုမူကြမ်းအား မဲခွဲဆုံးဖြတ်ရန်မှာ စနေနေ့အထိ ပြုလုပ်နိုင်မည် မဟုတ်သေးဘဲ ညှိနှိုင်းမှုများကို ထပ်မံပြုလုပ်သွားရန်ရှိနေသည်။

ယူကရိန်းနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်တစ်လျှောက်တွင် ရုရှားက စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်နေသည်ဟု ယမန်နေ့က ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထိုစစ်ရေးလေ့ကျင့်မှုမှာ ယခုလအကုအထိ ပြုလုပ်သွားမည်ဟု သိရသည်။  သမ္မတ ပူတင်ကလည်း ယူကရိန်း၏ ပြည်တွင်းရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံအား အပြစ်မတင်သင့်ဟု ပြောကြားခဲ့သည်။

ဒေသအား ယူကရိန်းမှခွဲထွက်၍ ရုရှားပိုင်နက်အတွင်းသို့ဝင်ရောက်ရန် ခရိုင်းမီးယား ပါလီမန်က ဆုံးဖြတ်ခဲ့ပြီး ပြည်သူ့ဆန္ဒခံယူပွဲကို တနင်္ဂနွေနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး၊ ဒေသ၏ အခြေအနေ မတည်ငြိမ်သောကြောင့် ဒေသခံများမှာ ဘဏ်မှ ငွေများကို ထုတ်ယူနေကြသည်။
Ref: Al Jazeera and agencies


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...