Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အလှူဒါနပြုခြင်းကို အသားပေးသည့် အစ္စလာမ့် အသိပညာပေးရေး သီတင်းပတ် လန်ဒန်တွင် ကျင်းပ

$
0
0

မတ် ၁၈၊ ၂၀၁၄
M-Media
LondonHosts-Islam-Awareness-Week
- အစ္စလာမ်မှ သင်ကြားသည့် အလှူဒါနပြုရေး ရည်ရွယ်ချက်များကို သိရှိစေရန်နှင့် လူ့အဖွဲ့အစည်းတွင်း ရင်းနှီးနွေးထွေးမှုများ ရရှိလာရန် ရည်ရွယ်၍ အစ္စလာမ့် အသိ ပညာပေးရေး လှုပ်ရှားမှု သီတင်းပတ်ကို လန်ဒန်မြို့၌ မတ်လ ၁၇ နေ့တွင် စတင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

၂၁ ကြိမ်းမြောက်ဖြစ်ပြီး “အလှူဒါန အိမ်မှစ၏” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အဆိုပါ လှုပ်ရှားမှုတွင် အလှူဒါနပြုခြင်း၏ သဘောတရားနှင့် အစ္စလာမ်မှ သွန်သင်သည့် အလှူဒါနပြုလုပ်ခြင်း အကြောင်းတို့ကို လူအများသိရှိစေရန် အာရုံစိုက်လုပ်ဆောင်မည်ဖြစ်သည်။

“အလှူဒါနပြုတယ်ဆိုတာ ပိုက်ဆံပေးထာထက်ကိုပိုပါတယ်။ သင့်ရဲ့အချိန်ပေးတာ၊ အရည်အချင်းတွေပေးတာ၊ မတူညီတဲ့ နည်းလမ်းတွေနဲ့ အခြားလူတွေရဲ့ ကိစ္စတွေမှာ အသင်ကိုယ်တိုင်ပါဝင်ဆောင်ရွက်တာမျိုးပါ။ ပြီးတော့ အိမ်နီးချင်းတွေကို ဂရုစိုက်ဖို့နဲ့ သင်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့လည်း ပါဝင်ပါတယ်” ဟု ၂၀၁၄ အစ္စလာမ့်အသိပညာရေး သီတင်းပတ်အတွက် ထုတ်ဝေသော စာအုပ်ငယ်တွင် ရေးသားဖော်ပြထားသည်။

ထိုလှုပ်ရှားမှုတွင် မွတ်စလင်များ ဦးဆောင်လှုပ်ရှားသည့် ပရဟိတ လုပ်ငန်းများကို ဥပမာပေးကာ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း အကြောင်းအရာများလည်း ပါဝင်မည်ဖြစ်သည်။

“မတူညီတဲ့ ဘာသာတရားတွေ၊ အသိုင်းအ၀ိုင်းတွေက လူတွေနဲ့ အတူ လိုအပ်နေတဲ့ ဒီလို(ပရဟိတ) အလုပ်မျိုးတွေမှာ ပါဝင်လာဖို့အတွက် လူတွေကို လှုံ့ဆော်ဖို့ အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်” ဟု အဆိုပါစာအုပ်ငယ်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ လှုပ်ရှားမှုများကို ဘရက်ဖို့ဒ်၊ ရှက်ဖီး၊ လက်စတာ၊ ဟာလီဖက်စ်မြို့များနှင့် ယူကေ တစ်ဝှမ်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။ စကော့တလန်နိုင်ငံတွင်လည်း အားကစားပွဲများ၊ ဘာသာရေးပွဲများပါဝင်သည့် အစ္စလာမ့်အသိပညာပေးရေးသီတင်းပတ်ကို မတ်လ ၁၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်သည်။

အစ္စလာမ့် အသိပညာပေးရေး သီတင်းပတ် လှုပ်ရှားမှုကို ဗြိတိန်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းမှ ၁၉၉၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ လူအများ အာရုံစိုက်နေသည့် အကြောင်းအရာများကို ဦးစားပေးကာပြုလုပ်ခဲ့သည့် ထိုလှုပ်ရှားမှုများမှ အစ္စလာမ်အပေါ် အထင်အမြင် လွဲမှားမှုများကို လျော့ချနိုင်ခဲ့သည်။

အစ္စလာမ်၏ အလှူဒါန ပြုမှုတွင် “ဇကားသ်” နှင့် “ဆွဒကဟ်” ဟူ၍ အဓိက ပညတ် ၂ ခုရှိပြီး၊ “ဇကားသ်” ဟူသည် ငွေကြေးချမ်းသာသော အစ္စလာမ် ဘာသာဝင်များ ၎င်းတို့၏ ပိုင်ဆိုင်မှုများမှ ၂.၅ ရာခိုင်နှုန်းကို တစ်နှစ်တစ်ခါ ထုတ်နှုတ်၍ သူဆင်းရဲများ၊ လိုအပ်နေသူများအား မဖြစ်မနေ ပေးကမ်းလှူဒါန်းရန် သတ်မှတ်ထားခြင်းဖြစ်သည်။ “ဆွဒကဟ်” မှာမူ မိမိ၏ စိတ်ဆန္ဒ စေတနာအလျောက် လှူဒါန်းရခြင်းဖြစ်သည်။

အလှူဒါနပြုမှုများအား မှတ်တမ်းတင်သည့် JustGiving ၀ဘ်ဆိုဒ်၏ ဖော်ပြချက်အရ ဗြိတိန်တွင် အစ္စလာမ်ဘာသာဝင်များမှာ အခြား ဘာသာဝင်များနှင့် နှိုင်းယှဉ်လျှင် အလှူအတန်း ရက်ရောက်ကြသူများဖြစ်သည်ဟု ဖော်ပြထားသည်။ ဗြိတိန်တွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ ခန့်မှန်းခြေ ၂.၇ သန်းခန့်ရှိသည်

OnIslam


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...