Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

အသင်းဥက္ကဌ ထောင်ကပြန်လွတ်သည့် အထိ ဘိုင်ယန်၌ ဆက်ရှိနေမည်ဟု နည်းပြ ဂွာဒီယိုလာပြော

$
0
0

မတ် ၁၈၊ ၂၀၁၄
M-Media
379088_heroa
- အခွန်ရှောင်မှုကြောင့် ထောင်ဒဏ် ၃ နှစ်ခွဲ ကျခံရမည့် အသင်းဥက္ကဌ ဟိုနက်စ် ထောင်မှ ပြန်လွတ်လာသည်အထိ အသင်း၌ ဆက်လက်ရှိနေမည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့သည်။

ဟိုနက်စ်မှာ အခွန်ရှောင်မှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်က တရားစွဲဆိုခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ မိမိမှာ ၀မ်းနည်းမိသည်ဟု ဂွာဒီယိုလာက ဆိုသည်။

“ဟိုနက်စ်ပြန်လာတဲ့အချိန်အထိ ကျွန်တော် ဒီမှာဆက်ရှိမှာပါ။ အသင်းအတွက် အကောင်းဆုံးကို ကျွန်တော် လုပ်ပေးချင်ပါတယ်။ နောက်ထပ် ၂ နှစ် ၃ နှစ်လောက် ဒီမှာဆက်ပြီး အလုပ်လုပ်ချင်ပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်ကတော့ သူ(ဟိုနက်စ်) လာတဲ့အထိ ဒီမှာရှိဖို့ပါ” ဟု ပြောကြားခဲ့သည်။

ဟိုနက်စ်၏ အသင်းအပေါ် အရေးပါမှုကိုလည်း ဂွာဒီယိုလာက ချီးကျူးခဲ့ပြီး ဟိုနက်စ်မရှိပါက ဘိုင်ယန်အသင်း ရရှိခဲ့သည့် အောင်မြင်မှုများမှာ ဖြစ်လာ လိ့မ်မည် မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ဂွာဒီယိုလာနှင့် ဘိုင်ယန်တို့၏ စာချုပ်မှာ လာမည့် ၂၀၁၆ ခုနှစ်တွင် ပြည့်မည်ဖြစ်သည်။
Goal


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...