Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

မက်ဆီ ထွက်ခွာမည်ဆိုသည့် သတင်းအား ဘာကာငြင်းဆို

$
0
0

မတ် ၁၈၊ ၂၀၁၄
M-Media
379981_heroa
- အသင်း၏ တိုက်စစ်မှူး မက်ဆီ ဘာစီလိုနာမှ ထွက်ခွာမည်ဆိုသည် သတင်းအား ငြင်းဆိုလိုက်ပြီး၊ အသင်းတွင်သာ ဆက်လက်ရှိနေမည်ဟု ဘာကာ ဒုတိယဥက္ကဌ ဂျာဗီယာ ဖောက်စ်က ပြောကြားခဲ့သည်။

မက်ဆီမှာ စာချုပ်သစ်အတွက်ဆွေးနွေးရာတွင် အသင်း တာဝန်ရှိသူများနှင့် မကျေမလည်ဖြစ်နေပြီး၊ အသင်းမှ ထွက်ခွာတော့မည်ဆိုသော သီတင်းများကြောင့် ဖောက်စ်က ထိုကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။

“လီယို(မက်ဆီ) ထွက်ခွာဖို့ အန္တရာယ်မရှိပါဘူး။ (အသင်းဥက္ကဌ) ဘာတိုမြူ၊ အသင်းဒါရိုက်တာတွေနဲ့ မက်ဆီ ကိုယ်တိုင်လည်း ဒါကိုပြောပြီးပါပြီ၊ သူကော၊ ကျွန်တော်တို့ကော ဒီမှာ အတူတကွ ဆက်ရှိချင်နေပါတယ်” ဟု ဖောက်စ်က RAC1 သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းမှာ မက်ဆီးအား စံချိန်တင်လစာဖြင့် စာချုပ်ချုပ်ချင်နေပြီး ဘိုင်ယန်၊ မန်စီးတီး စသည့်အသင်းကြီးများကလည်း မက်ဆီးအား ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ဘာကာအသင်း နည်းပြဖြစ်သူ မာတီနိုမှာလည်း ရာသီကုန်လျှင် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ထိုသတင်းကိုလည်း ဖောက်စ်က ငြင်းဆိုခဲ့သည်။


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...