Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

မြန်မာ့ဆေးခါးကြီး

$
0
0

မတ် ၂၄၊ ၂၀၁၄
M-Media
(New York Time အယ်ဒီတာ့အာဘော်) ဘာသာပြန်

အတ္တလွန်ကဲ၍ သမာသမတ်မကျဟု ယူဆရသည့် ဆုံးဖြတ်ချက်တစ်ရပ်ထွက်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အရ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်မှ ထွက်ခွာစေ ခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၂၈ ရက်မှစပြီး လူပေါင်း ခုနှစ်သိန်းခွဲခန့် ကျန်းမာရေးစောင့်ရှောက်မှုမှ လက်မဲ့ဖြစ်သွားရသည်။ အမျိုးသမီးများ၊ မီးဖွားရန်ခက်ခဲသော ကိုယ်ဝန်ဆောင်များ အပါအ၀င် ခန့်မှန်းခြေ လူ ၁၅၀ ဦးမှာ သေလုမျောပါး အခြေအနေတွင် ရှိနေကြသည်။

cd1fc5ba-040e-4ac3-9bf0-727028cd8b7f

၂၀၁၃ အောက်တိုဘာလအတွင်း သံတွဲမြို့ သပြုချိုင်ကျေးရွာတွင် အကြမ်းဖက်သမားများ မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ်ဆုံးရှုံးသွားတဲ့ ကမန် မွတ်စလင်များ (AFP)

ရခိုင်ပြည်နယ်တွင် ၁၉၉၄ ခုနှစ်ကတည်းက ကျန်းမာရေး ကဏ္ဍတွင် ကူညီစောင့်ရှောက်ပေးနေသော အဆိုပါအဖွဲ့သည် ဇန္န၀ါရီလအတွင်း ရိုဟင်ဂျာမွတ်စ်လင်မ် ၂၂ ဦးကို သေနတ်ဒဏ်ရာများ နှင့် ဗုဒ္ဓဘာသာဝင်လူသွမ်းတစ်စု၏တိုက်ခိုက်မှုကြောင့် ရရှိသောအခြားဒဏ်ရာများအား ကုသပေးခဲ့ကြောင်း သတင်းထွက်လာပြီးနောက် မြန်မာနိုင်ငံမှ ယင်းသို့ပြုမူဆောင်ရွက် လိုက်ခြင်းဖြစ်သည်။ ရက်စက်သည့် အကြမ်းဖက်မှု၌ အမျိုးသား၊ အမျိုးသမီး နှင့် ကလေးငယ် စုစုပေါင်း ၄၀ မျှ သတ်ဖြတ်ခံရကြောင်း ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးချက်မှ ကောက်ချက်ချ  သုံးသပ်သော်လည်း မြန်မာဖက်မှ ၎င်းဖြစ်စဉ်မျိုး မရှိပါဟု ငြင်းဆိုထားသည်။

အကယ်၍ ရခိုင်ပြည်နယ်မှ နယ်စည်းမခြားဆရာဝန်တို့အား နှင်ထုတ်ခြင်း (နှင့်) ၎င်းတို့ကိုသာ တစ်ခုတည်းသော ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် အားကိုးနေရရှာသည့် လူထုထောင်ပေါင်း များစွာအား လျစ်လျူရှုခြင်း၏ ပန်းတိုင်မှာ ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် တိုင်းတစ်ပါးသား မျက်မြင်သက်သေများ မရအောင် ဆောင်ရွက်ခြင်းဖြစ်ပါလျှင် ဆိုးဆိုးဝါးဝါးမှားယွင်း တွက်ချက်လိုက်သော မဟာဗျူဟာတစ်ရပ်ဟု ဆိုရပေမည်။

မြန်မာနိုင်ငံအတွင်း မျိုးဆက်အလီလီ နေထိုင်လာကြသည့် ရိုဟင်ဂျာများမှာ ကာလကြာရှည် ညှင်းပန်းနှိပ်စက်ခံနေကြရ၏။ ၁၉၈၂ ခုနှစ်တွင် ၎င်းတို့သည် နိုင်ငံသားစာရင်းမှ ဖယ်ထုတ်ခံရပြီးနောက် ပြည်တွင်းခရီးသွားလာခွင့်နှင့်ဥစ္စာပိုင်ဆိုင်ခွင့်များအပေါ် ကန့်သတ်ချုပ်ခြယ်ခံရသည်။

အစိုးရသည် မွတ်စ်လင်မ်တို့အား သူတို့၏ရွာပြင်ထွက်၍ ဆေးဝါးကုသရေးအကူအညီတောင်းခံခြင်းကို တားမြစ်ထားကြသည်။ မီးဖွားရန်ခက်ခဲနေသော ကိုယ်ဝန်ဆောင်များအဖို့ အစိုးရဆေးရုံတင်ရောက်နိုင်ရေးအတွက် တစ်ခုတည်းသော အားထားရာ လမ်းကြောင်းမှာ နယ်စည်းမခြား ဆရာဝန်များသာဖြစ်ခဲ့သည်ဟု ထိုအဖွဲ့က ပြောဆိုသည်။

အရှင်ဝီရသူကဲ့သို့သော အစွန်းရောက်ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်များက ၂၀၁၁ ခုနှစ်မှစ၍ မွတ်စ်လင်မ်လူနည်းစုအပေါ် မုန်းတီးရေးတရားများဟောကြားခြင်း၊ ရိုဟင်ဂျာတို့အား တိုက်ခိုက်ရန် ဗုဒ္ဓဘာသာဝင်လူသွမ်းတို့အား လှုံ့ဆော်ခြင်းတို့ကြောင့် ရိုဟင်ဂျာ ၇၅၀၀၀ ထက်မနည်း နိုင်ငံစွန့်ခွာထွက်ပြေးကြရပြီး ထောင်နှင့်ချီ၍ ၎င်းတို့နေအိမ်များမှ မောင်းထုတ်ခံခဲ့ရသည်။

မြန်မာနိုင်ငံပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး စီမံပြင်ဆင်မှုများက ရိုဟင်ဂျာ ဆန့်ကျင်ရေးဝါဒီများကို ယခုလအတွင်း အုံကြွလာစေသည်။ အကယ်၍ ရိုဟင်ဂျာတို့အား လူမျိုးတစ်ရပ်အနေနှင့် အသိအမှတ်ပြုပါက ရိုဟင်ဂျာလူဦးရေပမာဏသည် လက်ရှိခန့်မှန်းချက်ဖြစ်သော ၁.၃ သန်းထက် ပိုမိုများပြားနေကြောင်း စာရင်းအင်းမှ ဖော်ပြလာမည်ကို ရခိုင်အာဏာပိုင်များက စိုးရိမ်နေကြ၏။

ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂကဲ့သို့သော အနောက်တိုင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာအစိုးရအား မနှစ်မြို့မှုကိုဖော်ထုတ်ရန် ပျက်ကွက်သဖြင့် မြန်မာနိုင်ငံ၏ ပိုမိုပွင့်လင်းမြင်သာသောလူ့အဖွဲ့အစည်းဖြစ်လာရေး လုပ်ငန်းစဉ် နှောင့်နှေးစေသည်။ သို့သော် ရိုဟင်ဂျာတို့ကို တိုက်ခိုက်နေခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် တာဝန်ခံရှင်းလင်းရတော့မည့် အနေအထားသို့ ဆိုက်ရောက်နေပြီဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ကုလသမဂ္ဂမှ မိမိတို့သည် နယ်စည်းမခြား ဆရာဝန်များ၏ လုပ်ငန်းဆောင်တာများ ပြန်လည် စတင်နိုင်ရန် မြန်မာအစိုးရနှင့် အကြိတ်အနယ် ညှိနှိုင်းနေသည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်မှအပ မြန်မာနိုင်ငံတခွင်လုံး မည်သည့်နေရာ၌မဆို ယင်းအဖွဲ့မှ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း မြန်မာအစိုးရဖက်မှ တုန့်ပြန်လိုက်သည်။ ဤသည်ကား လက်သင့်ခံနိုင်စရာ မရှိချေ။ ပြည်သူများသေဆုံးမှု ပိုမိုများပြားမလာမှီ ရခိုင်ပြည်နယ်၌ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏လုပ်ငန်း ပြန်လည် စတင်နိုင်ရန် မြန်မာနိုင်ငံအနေနှင့် မဆိုင်းမတွ ခွင့်ပြုရပါလိမ့်မည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...