Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

Muslim Brotherhood အဖွဲ့ဝင် ငါးရာကျော်အား အာဏာသိမ်း စစ်တပ်နောက်ခံ အီဂျစ်တရားရုံး သေဒဏ်ပေး

$
0
0

မတ် ၂၅၊ ၂၀၁၄
M-Media

- ပြီးခဲ့သည့်နှစ် သြဂုတ်အတွင်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲစခန်းများအား တိုက်ခိုက်ခဲ့သည်ဟူသော စွဲချက်ဖြင့် Muslim Brotherhood  အဖွဲ့ဝင် (၅၂၈) ဦးအား အီဂျစ်တရားရုံးက သေဒဏ်ပေးခဲ့သည်ဟု သိရသည်။

140324102902-muslim-brotherhood-supporters-story-top

၎င်းတို့အားလုံးမှာ Muslim Brotherhood  အဖွဲ့ခေါင်းဆောင် သမ္မတမော်စီအား ပြီးခဲ့သည့်နှစ် ဇူလိုင်လက စစ်တပ်မှဖြုတ်ချ ခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်း မင်ယာပြည်နယ် မက်တိုင်းခရိုင်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ အဆောက်အဦးအား တိုက်ခိုက်မှုနှင့် ရဲအရာရှိ တစ်ဦးအား သတ်ဖြတ်မှုများဖြင့် စွဲချက်တင်ခံခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် အစိုးရအသင်းအဖွဲ့များအား ဖျက်ဆီးမှု၊ လုံခြုံရေးဝန်ထမ်းများကို ပစ်ခတ်မှု၊ ရဲတပ်ဖွဲ့၏ လက်နက်များ ခိုးယူမှု၊ ရဲစခန်းများအား မီးရှို့မှု၊ ဒေသခံများကို အကြမ်းဖက်မှု၊ ပြည်သူ့ငြိမ်းချမ်းရေး နှောက်ယှက်မှု စသည့် စွဲချက်များလည်းပါဝင်သည်။

အဆိုပါ အဖွဲ့ဝင် ၅၂၈ ဦးမှာ မင်ယာပြည်နယ်တွင် ဖမ်းဆီးထားခဲ့သည့် Muslim Brotherhood  အဖွဲ့၏ အဖွဲ့ဝင် (၁၂၀၀) ကျော်ထဲမှဖြစ်ပြီး ကျန်ရှိသည့် အဖွဲ့ဝင် ၇၀၀ ကျော်အား မနက်ဖြန်တွင် တရားရုံး၌ စစ်ဆေးမည်ဖြစ်သည်။

အီဂျစ်နိုင်ငံ၏ အာဏာရှင်ဟောင်း ဟိုစနီမိုဘာရက်အား ဖြုတ်ချကာ နိုင်ငံသမိုင်း ဒီမိုကရေစီနည်းလမ်းဖြင့် ပထမဆုံး သမ္မတဖြစ်လာသည့် Muslim Brotherhood အဖွဲ့ခေါင်းဆောင် မုဟမ္မဒ် မော်စီအား အီဂျစ်စစ်တပ်က ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ဖြုတ်ချခဲ့သည်။ ထို့နောက် အီဂျစ်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ပစ်ခတ်နှိမ်နင်းခဲ့သောကြောင့် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ကာ၊ မော်စီအပါဝင် ထောင်ပေါင်းများစွာမှာလည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ထို့ပြင် Muslim Brotherhood  အဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရက သတ်မှတ်ခဲ့သည်။

ဆင်ဟွာ


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...