Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

သွေးမြေကျတဲ့အထိ တိုက်ပွဲဝင် သွားမယ်လို့ဆိုတဲ့ မိကျောင်းကန်ပြည်သူများ

$
0
0

မတ် ၂၅၊ ၂၀၁၄
M-Media
လမင်း

DSC01055

ရန်ကုန်   ။          ။        မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃၊ မှ မြေသိမ်းခံထားရသော မိကျောင်းကန်ပြည်သူများသည် ၄င်းတို့ မြေများ ပြန်မရမချင်း သွေးမြေကျတဲ့ အထိ တိုက်ပွဲဝင် သွားမှာဖြစ်ပါတယ်လို့ တတိယအကြိမ် သပိတ်စခန်းဖွင့်ထားလျက်ရှိသော မိကျောင်းကန် မြေသိမ်းခံထားရသူ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

မိကျောင်းကန်ပြည်သူများသည် တတိယအကြိမ် သပိတ်စခန်းကို ရန်ကုန်မြို့လယ်ခေါင် တစ်နေရာဖြစ်သော ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် မတ်လ ၂၄ ရက်နေ့မှစတင်ကာ သပိတ်စခန်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။

“နိုင်ငံတကာက လူတွေလည်းလာတဲ့နေရာလည်းဖြစ်တယ် မြို့လယ်ခေါင်နေရာမှာ ကျွန်တော်တို့ ဆန္ဒတွေကို အများပြည်သူသိအောင် လာရောက် ဖော်ထုတ်တာဖြစ်ပါတယ်။ ပြေလည်အောင် ညှိနှိုင်းမှုတွေ လုပ်မပေးရငတော့ ဆန္ဒဖော်ထုတ်မှုကို အရှိန်ဟုန်တိုးမြှင့်သွားမှာပါ။ ဒီနေ့ဆို နှစ်ရက်ရှိနေပြီ တာဝန်ရှိသူ တစ်စုံတစ်ယောက်ကမှ လာရောက် ညှိနှိုင်းတာမျိုး မရှိသေးပါဘူး။ ဦးအောင်သိန်းလင်းနဲ့ ဦးခိုင်မောင်ရည်ကလည်း အရေးကြီး အဆိုတင်သွင်းပေးမယ်ဆိုလို့သာ ဒုတိယအကြိမ် သပိတ်ကိုပိတ်သိမ်းခဲ့တာဖြစ်တယ်။ အခုတော့ မျှော်လင့်သလိုဖြစ် မလာပါဘူး” ဟု သပိတ်စခန်းကို ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးစိန်သန်းကပြောခဲ့သည်။

မိကျောင်းကန်ပြည်သူများသည် ဒုတိယအကြိမ် သပိတ်စခန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ၃ လ ခေတ္တရပ်နားနေခဲ့ရာ မတ်လ ၁၂ ရက်နေ့တွင် ၃ လပြည့်သော်လည်း ၁၀ တန်း စာမေးပွဲဖြေဆိုနေမှုများကြောင့် နောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်။
`
၎င်းတို့တောင်းဆိုထားသည့် မြေယာများပြန်လည် မရရှိပါက သပိတ်စခန်းကို လုံးဝပိတ်သိမ်းခြင်း မရှိဘဲ အရှိန်ဟုန်တိုးမြှင့်၍ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။ မိကျောင်းကန်ပြည်သူများသည် ဆန္ဒထုတ်ဖော်မှုကို ကိုးကြိမ် တိုင်တိုင်ပြုလုပ်ခဲ့ကြပြီး သပိတ်စခန်းကို သုံးကြိမ်တိုင်ဖွင့်လှစ်ခဲ့ရာ ယခုဖွင့်လှစ်သည့် သပိတ်စခန်းသည် တတိယအကြိမ်မြောက် သပိတ်စခန်းဖြစ်ကြောင်း သိရသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...