Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

သမိုင်းဖျောက်သူတွေရဲ့ သမိုင်းသာပျောက်သွားပြီး သမိုင်းကပဲ ဒဏ်ခတ်သွားမှာလို့ ခလီဖွှာဟ် ဦးသိန်းဝင်းအောင်ပြော

$
0
0

မတ် ၂၅၊ ၂၀၁၄
M-Media
လင်းလင်း

1920264_678450715530735_1299930048_n

ရန်ကုန်  ။          ။     မတ်လ ၂၃ ရက်နေ့က မန္တလေးတိုင်းအမရပူရမြို့နယ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ကျော်ကတည်ရှိခဲ့သော အစ္စလာမ်ဘာသာဝင် များ၏ သမိုင်းဝင် သင်္ချိုင်းအတွင်းရှိ အုတ်ဂူများနှင့် ဗလီတစ်လုံးအား ဖျက်သိမ်းခဲ့မှုအပေါ် K.A.F.T.G (ဃရာနာ)မှ ဆရာတော် ခလီဖွှာဟ် ဦးသိန်းဝင်းအောင်က သမိုင်းဆိုတာဖျောက်ဖျက်လို့ မကောင်းပါဘူး သမိုင်းကိုဖျောက်နေတဲ့ လူတွေဟာ သူတို့ရဲ့ သမိုင်းတွေသာပျောက်သွားပြီး သမိုင်းကပဲ ဒဏ်ခတ်သွားမှာပါလို့ ပြောကြားခဲ့ပါသည်။

မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်ပြီး မတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်မှ စတင်ကာ ညနေ ၅ နာရီထိ လင်းဇင်းကုန်း သုသာန်မြမှ အုတ်ဂူများအား ဖျက်ဆီးခဲ့ပြီး ၀တ်ပြုရာနေရာဖြစ်သည့် ဗလီတစ်လုံးကိုပါ ဘူဒိုဇာဖြင့်ထိုး၍ ဖျက်သိမ်းခဲ့ကြောင်းသိရသည်။ ဘိုးတော်မင်းတရား လက်ထက်တွင် အစ္စလာမ်ဘာသာဝင်တို့ အတွက် သာသနာပိုင်အဖြစ် ခန့်အပ်ခြင်းခံထားရသော အာဗစ်ရှားဟိုစိုင်နီသခင် ဒါရ်ဂါတော်၊ ဆရာကြီးဦးနု၊ ဦးပိန်တံတား တည်ဆောက်ခဲ့တဲ့ ဦးပိန် ၊ဆရာကြီးဦးနု နှင့် မြို့တော်ဝန်ဘိုင်ဆပ်တို့ရဲ့ဂူတွေကိုတော့ ဖျက်ဆီးခဲ့ခြင်း မပြုခဲ့ဟု သိရသည်။

“ဘာသာပေါင်းစုံက ဆရာတော်တွေနဲ့ ကျွန်တော်တို့တွေပေါင်းပြီး သမိုင်း အထောက်အထားတွေကြောင့် ဗလီနဲ့ဇရပ်တွေကို မဖျက်ပစ်ဖို့ မေတ္တာရပ်ခံ ထားသော်လည်း မရခဲ့ပါဘူး၊ ဗလီတွေကို ဖျက်လိုက်တာဟာလူတွေရဲ့ နှလုံးသားကိုဖြတ်လိုက်သလိုပါပဲ၊ သမိုင်းတွေကိုဖျောက်ပစ်တော့ နောင်လာ နောင်သားတွေ အတွက် မကောင်းပါဘူး ကျွန်တော်တို့ကလည်း နောင်လာနောင်သားတွေ သိအောင်လို့ ဒီသင်္ချိုင်းဟာ သမိုင်းဝင်ဆိုတာ သိအောင်လို့ တစ်ခုခု လုပ်ရပါ့မယ်” ဟု ခလီဖွှာဟ်ဦးသိန်းဝင်းအောင်ကပြောကြားခဲ့သည်။

သင်္ချိုင်းမြေ မဖျက်ရရေးအတွက် ဘာသာပေါင်းစုံမှ ဆရာတော်များက သမ္မတထံမေတ္တာရပ်ခံ စာတင်ထားသော်လည်း ယဉ်ကျေးမှုဌာနနှင့် ဆိုင်သည်ဟူ၍ ပြောခဲ့ရာ ယဉ်ကျေးမှုဌာနမှ မန္တလေးတိုင်း သာသနာရေးဝန်ကြီးထံသို့ လွဲပြောင်းခဲ့သည်ဖြစ်ကြောင်း သိရသည်။

၎င်းဖျက်သိမ်းခံရသော မြေနေရာကိုပြန်လည်ရရှိရေး အတွက် ခလီဖွာဦးသိန်းဝင်းအောင်နှင့် အတူ မန္တလေးတိုင်းမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆရာတော်များမှ ၀ိုင်းဝန်း ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...