Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ဆီးရီးယား ဒုက္ခသည်များ ကူညီရာတွင် အနှောက်အယှက်ဖြစ်မှု အစိုးရနှင့် သူပုန် နှစ်ဘက်စလုံးကို ကုလပြစ်တင်

$
0
0

မတ် ၂၅၊ ၂၀၁၄
M-Media

- ဆီးရီးယားနိုင်ငံအတွင်း တိုက်ခိုက်မှုများ မြင့်တက်လာခြင်းနှင့် လူသားချင်းစာနာသည့် အကူအညီများအား ပိတ်ပင်ထားခြင်းတို့ အတွက် အစိုးရနှင့် အတိုက်အခံနှစ်ဘက် စလုံးကို ကုလသမဂ္ဂ အထွေထွေ အတွင်းရးမှူးချုပ် ဘန်ကီမွန်က ပြစ်တင်ပြောဆိုခဲ့သည်။

201432513529394734_20

ယခုနှစ်အစတွင် အကူအညီ မရရှိသေးသည့် ဒုက္ခသည့် ၁ သန်းသာရှိခဲ့ရာမှ နိုင်ငံအတွင်း တိုက်ခိုက်မှုများမြင့်တက်လာသည့် အတွက်ကြောင့် ယခုအချိန်တွင် အကူအညီ မရသေးသူ ဒုက္ခသည် ၃.၅ သန်းအထိ ရှိလာပြီး၊ စုစုပေါင်း ဒုက္ခသည့် ၉.၃ သန်းတွင် နိုင်ငံအတွင်းရှိနေသည့် ဒုက္ခသည်ဦးရေမှာ ၆.၅ သန်းခန့်ရှိနေသည်ဟု ဘန်ကီမွန်က ပြောကြားခဲ့သည်။

ဒုက္ခသည်များအားပေးအပ်မည့် အကူအညီများကို ၀င်ခွင့်ပြုရန် အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုထားခဲ့သည်။ သို့သော်လည်း အတိုက်အခံ အဖွဲ့များ အကြား တိုက်ခိုက်မှုများ မြင့်တက်လာခြင်းက အကူအညီပေးရေး အတွက် အနှောက်အယှက်များကို ဖြစ်စေပြီး နိုင်ငံမြောက်ပိုင်းရှိ လမ်းကြောင်း အချို့မှာလည်း ဖြတ်တောက်ခြင်းခံခဲ့ရသည်။

ထိုကဲ့သို့ အခြေအနေများ ဆိုးရွားနေခဲ့သော်လည်း ကုလ၏ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ ဖေဖော်ဝါရီလ အတွင်း ဒုက္ခသည် ၃.၇ သန်းသို့ အကူအညီများ ပေးပို့နိုင်ခဲ့သည်ဟု ဘန်က ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် မတ်လက စတင်ခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်မှာ ၃ နှစ်ကြော်ကြာလာပြီဖြစ်ပြီး လူ သိန်းချီသေဆုံးခဲ့ကာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဒုက္ခသည်ဦးရေမှာလည်း သန်းချီရှိနေသည်။

AP


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...