Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ကင်ညာတွင် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးစနစ်နှင့် ဘဏ်လုပ်ငန်းအား မွတ်စလင် မဟုတ်သူများ စိတ်ဝင်စားလာ

$
0
0

မတ် ၂၅၊ ၂၀၁၄
M-Media

- အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ကင်ညာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်အနည်းခန့်က စတင်ခဲ့သည့် အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းများမှာ လူကြိုက်များလာခဲ့ပြီး ယခုအခါ မွတ်စလင်မဟုတ်သူများပါ စိတ်ဝင်စားလာသည်ဟု သိရသည်။

IslamicFinanceThrives-in-Kenya

“အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းဟာ ကင်ညာမှာရှိတဲ့ မွတ်စလင်တွေရော၊ မွတ်စလင်မဟုတ်သူတွေအတွက် သူတို့ရဲ့ ယုံကြည်ချက်ကို ထိခိုက်ခြင်းမရှိဘဲနဲ့ အကျိုးကျေးဇူးတွေကို ဖန်တီးပေးနေပါပြီ”  ဟု ကင်ညာ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ပရော်ဖက်ဆာ Njuguna Ndung’u က OnIslam.net သို့ ပြောကြားခဲ့သည်။

Community Bank နှင့် Gulf African Bank GAB တို့မှ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းကို ကင်ညာနိုင်ငံတွင် ၂၀၀၈ ခုနှစ်က စတင်မိတ်ဆက်ခဲ့သည်။ နောက်ပိုင်းတွင် ထိုဘဏ်လုပ်ငန်းမှာ လျင်မြန်စွာတိုးတက်ခဲ့ပြီး အစ္စလာမ့်နည်းကျ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပင်စင်လုပ်ငန်းများအထိပါ တိုးတက်လာခဲ့သည်။

ပြီးခဲ့သည့် မတ်လက ကမ္ဘာ့ဘဏ်၏ လက်ခွဲတစ်ခုဖြစ်သည့် နိုင်ငံတကာဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ ကင်ညာနိုင်ငံအတွင်း အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား ထောက်ပံ့ရန်အတွက် ကန်ဒေါ်လာ ၅ သန်းအား GAB တွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးစနစ်ကို တိုးတက်စေခဲ့သည့် အဆိုပါ ဘဏ် ၂ ခုမှာ ယနေ့အချိန်တွင် ဒေါ်လာသန်းပေါင်းများစွာအား ကိုင်တွယ် အလုပ်လုပ်လျက်ရှိနေသည်။

“ဒီရင်းနှီးမြှုပ်နှံမှုဟာ စီပွားရေးလုပ်ငန်းတွေထဲ ယုံကြည်မှုရှိခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး၊ ကင်ညာက အစ္စလာမ့်ဘဏ်လုပ်ငန်းရဲ့ အနာဂတ်လည်းဖြစ်ပါတယ်” ဟု GAB ၏ စီအီးအို အက်ဘ်ဒါလာ အဘ်ဒူခါလစ်က ပြောကြားခဲ့သည်။

အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းအား အကောင်အထည်ဖော်ခဲ့သည့် အဆိုပါ ဘဏ် ၂ ခု၏ အောင်မြင်မှုကြောင့် ကင်ညာရှိ ပုဂ္ဂိလိကဘဏ် ၄၉ အနက် ၁၀ ခုမှာ အစ္စလာမ့်နည်းကျ ငွေးကြေး ၀န်ဆောင်မှုများကိုလည်း ပြုလုပ်ပေးခဲ့သည်ဟု သိရသည်။

အစ္စလာမ်သာသနာက အတိုးစားခြင်း၊ နှစ်ရှည်ချေးငွေများအတွက် အကျိုးအမြတ်ပေးခြင်း စသည်တို့ကို တားမြစ်ထားသည်။ ထို့ပြင် အစ္စလာမ့်နည်းကျ ရောင်းဝယ်မှုစနစ်မှာလည်း တေ့တေ့ဆိုင်ဆိုင် ရောင်းဝယ်ခြင်းမျိုးဖြစ်ပြီး ပေါင်နှံသည့်သဘော လုံးဝပါ၍မရပေ။

ကင်ညာနိုင်ငံတွင် လူဦးရေ ၃၆ သန်းရှိပြီး ၁၀ သန်းခန့်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။
Ref: OnIslam Correspondent


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...