Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

လာမည့်နှစ်အပြောင်းအရွှေ့တွင် ပေါင် သန်း ၁၂၀ အထိ ဘာကာ သုံးစွဲနိုင်သည်ဟု အသင်းဥက္ကဌဆို

$
0
0

မတ် ၂၆၊ ၂၀၁၄
M-Media

- လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် ကစားသမားများ ၀ယ်ယူရန်အတွက် အသင်းမှာ ယူရိုသန်း ၁၂၀ အထိ သုံးနိုင်သည်ဟု ဘာစီလိုနာအသင်း၏ ဥက္ကဌ ဘာတိုမြူက ပြောကြားလိုက်သည်။
159023_heroa
ပြီးခဲ့သည့်နွေရာသီက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဘရာဇီးလ်တိုက်စစ်မှူး နေးမာအား ခေါ်ယူခဲ့သည့် ဘာစီလိုနာမှာ ရာသီကုန်လျှင် အသင်းမှထွက်ခွာတော့မည့် ဂိုးသမား ဗစ်တာ ဗားလ်ဒက်စ်နှင့် နောက်ခံလူ ပူးလ်ယိုးလ်တို့နေရာအား ဖြည့်တင်းရန် ပြင်ဆင်နေသည်။

“ဘောလုံးရာသီတစ်ခုချင်းစီမှာ ကျွန်တော်တို့ရဲ့ အသားတင်သုံးနိုင်တဲ့ငွေက ယူရိုသန်း ၁၂၀ လောက်ရှိပါတယ်။ များသောအားဖြင့်တော့ အပြောင်းအရွှေ့ဈေးကွက်မှာ တစ်ဝက်လောက်သုံးပြီး၊ ကျန်တဲ့တစ်ဝက်ကိုတော့ အကြွေးဆပ်ပါတယ်။ ဒါပေမယ့် အဲဒီငွေ အကုန်လုံးသုံးတဲ့ နှစ်တစ်နှစ်တော့ ရှိနိုင်ပါတယ်” ဟု ဘာတိုမြူက El Periodico သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းမှာ ဂိုးသမားနေရာအတွက် ဂျာမန်ကလပ်မိုချန်ဂလလ်ဘက်ခ်ျအသင်းမှ ဂိုးသမား စတီဂျန်အား ခေါ်ယူရန် သေချာသလောက်ရှိနေပြီး နောက်ခံလူနေရာအတွက် ဒေးဗစ်လူးဝစ်၊ ဂျန် ဗာတွန်ဟန်နှင့် အဲလီယာကွင်း မန်ဂလာတို့အား ခေါ်ယူနိုင်ရေး ဆက်သွယ်လျက်ရှိနေသည်။


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...