Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15228

ရုရှားအား G8 အဖွဲ့မှ ထုတ်ပယ်၊ ခရိုင်းမီးယားရှိ ယူကရိန်း စစ်တပ်များ ရုပ်သိမ်း

$
0
0

မတ် ၂၆၊ ၂၀၁၄
M-Media

- ထိပ်သီးစက်မှုနိုင်ငံများအဖွဲ့ဖြစ်သည့် G8 အဖွဲ့မှ ရုရှားနိုင်ငံအား ထုတ်ပယ်ရန်အတွက် အမေရိကန်သမ္မတ ဘာရက် အိုဘားမားနှင့် အခြားသော ကမ္ဘာ့ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့သည်ဟု အိမ်ဖြူတော်က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Obama-at-NATO-summit-for-primary-jpg

ယခုကဲ့သို့ G8 အဖွဲ့မှ ရုရှားအား ထုတ်ပယ်လိုက်ခြင်းမှာ ခရိုင်းမီးယားဒေသသို့ ရုရှား၏ကျူးကျော်မှုအတွက် ကမ္ဘာ့နိုင်ငံများမှ တုံ့ပြန်သည့် တိုက်ရိုက် အရေးယူမှုလည်းဖြစ်သည်။

“နိုင်ငံတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဒါမှမဟုတ် အားလုံးကို ခြိမ်းခြောက်သိမ်းပိုက်တာ၊ အင်အားသုံး ကျူးကျော်တာတွေ စတဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ ဥပဒေက တားမြစ်ထားပါတယ်။ ဒီလိုလုပ်တာဟာ နိုင်ငံတကာ စနစ်ကြီးတစ်ခုလုံးကို တည်ဆောက်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တာပဲဖြစ်ပါတယ်။ ယူကရိန်းရဲ့ ဖွဲ့စည်းပုံကိုချိုးဖောက်ပြီး ခရိုင်းမီးယားမှာ လုပ်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို ကျွန်တော်တို့ ရှုတ်ချပါတယ်” ဟု အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ခရိုင်းမီးယားဒေသအား ရုရှားမှ တရားမ၀င်ကျူးကျော်ခြင်းမှာ နိုင်ငံတကာ ဥပဒအေားချိုးဖောက်ခြင်းဖြစ်ပြီး မိမိတို့ အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

G8 အဖွဲ့မှာ ပုံမှန် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုအဖွဲ့အစည်း၏ စည်းမျဉ်းအရ မည်သူ့ကိုမှ ဖယ်ရှား၍ မရကြောင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများကို G20 အစည်းအဝေးတွင်သာ ဖြေရှင်းဆောင်ရွက်ပြီး၊ G8 အဖွဲ့မှာ ရုရှားနှင့် အနောက်နိုင်ငံများ အကြား ဆွေးနွေးမှုများပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့ထားသော အဖွဲ့သာဖြစ်ကြောင်း၊ ရုရှားအား G8 မှ ထုတ်ပယ်ခြင်းမှာ ကြီးမားသော ဆောင်ရွက်ချက် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က တနင်္လာနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။

ခရိုင်းမီယားဒေသအား ရုရှားနိုင်ငံသို့ ၀င်ရောက်ရန်အတွက် မတ်လ ၁၆ ရက်နေ့က ပြည်သူ့ဆန္ဒ ခံယူခဲ့ပြီးနောက်ပိုင်း ရုရှားကလည်း ၎င်း၏ ပိုင်နက်အဖြစ် အသိအမှတ်ပြုခဲ့ကာ စစ်တပ်များကိုလည်း ထိုဒေသအတွင်း တိုးမြှင့်ချထားခဲ့သည်။ ထို့ကြောင့် ယူကရိန်းသမ္မတ တာချီနော့ဗ်က ယူကရိန်း စစ်တပ်အား ခရိုင်းမီးယားဒေသမှ ထွက်ခွာရန် ယမန်နေ့တွင် အမိန့်ပေးခဲ့သည်။
CNN


Viewing all articles
Browse latest Browse all 15228

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...