Quantcast
Channel: News @ M-Media
Viewing all articles
Browse latest Browse all 15231

ဘရာဇီးလ်ရှိ ကမ္ဘာ့ဖလားကွင်းဆောက်လုပ်ရေးတွင် အလုပ်သမားတစ်ဦး ထပ်မံသေဆုံး

$
0
0

ဧပြီ ၂ ၊ ၂၀၁၄
M-Media

Workers look at the Arena Sao Paulo stadium, known as "Arena Corinthians" and "Itaquerao", in Sao Paulo
- ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲကျင်းပမည့် ဆောက်လုပ်စဲ ဘောလုံးကွင်းတစ်ခုတွင် အလုပ်သမားတစ်ဦး ထပ်မံသေဆုံး ခဲ့သည်ဟု ဆေရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ်လ ၂၉ ရက် စနေနေ့က ပြောကြားခဲ့သည်။

ဆော်ပေါ်လိုမြို့ ဆင်ခြေဖုံးရှိ Arena Corinthians တွင် အလုပ်လုပ်နေသာ ဖာဘီယို ဟာလ်မီတန်ဆိုသူမှာ စနေနေ့နံနက်တွင် အဆိုပါကွင်းရှိ ယာယီခုံတန်း တည်ဆောက်မှု အတွက် အခင်းများခင်းနေစဉ် ၂၅ ပေအမြင့်မှ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်ဟု ကွင်းတာဝန်ရှိသူများက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါသေဆုံးမှုမှာ ထိုကွင်း အတွင်း တတိယမြောက် သေဆုံးမှုလည်းဖြစ်ပြီး ဘရာဇီးလ် ဘောလုံးကွင်းဆောက်လုပ်မှု အတွင်း ၇ ယောက်မြောက်သေဆုံးသည့် အလုပ်သမားလည်းဖြစ်သည်။

ဘရာဇီးလ် အားကစားဝန်ကြီးကလည်း ထိုသေဆုံးမှုကို အတည်ပြုခဲ့ပြီး အသေးစိတ် သတင်းပေးပို့မှုကို စောင့်နေကြောင်း၊ သေဆုံးသူ၏ မိသားစု၊ သူငယ်ချင်းများနှင့် အတူတကွရှိနေကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ အထွေထွေ အတွင်းရေးမှူး ကလည်း အဆိုပါသေဆုံးမှု အတွက် မိသားစုနှင့်အတူ ၀မ်းနည်းပါကြောင်း ပြောကြားခဲ့သည်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၅၀ ခုနှစ်နောက်ပိုင်း ဘရာဇီးနိုင်ငံတွင် ပထမဆုံးကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ကစားကွင်း တည်ဆောက်ရေးတွင် နှောင့်နှေးမှုများ ရှိနေသည်။ ပြိုင်ပွဲကျင်းပမည့် ဘောလုံးကွင်း အားလုံး အပြီးသတ်ရမည့်နောက်ဆုံး ရက်မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အကုန်ဖြစ်သော်လည်း လတ်စ မသတ်နိုင်မှုကြောင့် ယခုနှစ် ဧပြီလတွင် အပြီးသတ်ရန် ဖီဖာမှ သက်တမ်းတိုးပေးခဲ့သည်။

ထို့ပြင် ကစားကွင်းဆောက်လုပ်မှုများတွင် ကစားကွင်းပြိုကျခြင်း၊ အလုပ်သမားများ သေဆုံးခြင်းတို့ ရှိနေပြီး၊ ဘရာဇီးလ်ပြည်သူများ ကလည်း ငွေကုန်ကြေးကျ များသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခြင်းအား ကန့်ကွက်နေသောကြောင့် ပြိုင်ပွဲ လုံခြုံရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

ရိုက်တာ


Viewing all articles
Browse latest Browse all 15231

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...